ဧပြီ (၂၀) ရက်၊ စင်ကာပူတွင် ယနေ့ COVID-19 ဗိုင်းရတ် ကူးစက်ခံရသူ ထပ်တိုးရောဂါသည် (၁၄၂၆) ဦး တွေ့ရှိကြောင်းသိရပြီး ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း (၈၀၁၄) ဦး ရှိသွားပြီဖြစ်သည်။ ကူးစက်မှုအများစုသည် နိုင်ငံခြားသား အလုပ်သမားအဆောင်များမှ ဖြစ်ပြီး စင်ကာပူနိုင်ငံသားနှင့် ပီအာ (၁၆) ဦး ပါဝင်သည်။ တိကျမှန်ကန်သော သတင်းများကို The Snoop News မှ အချိန်နှင့်တပြေးညီတင်ဆက်ပေးနေပါသည်။ Like and See First လုပ်ထားဖို့မမေ့နဲ့နော်။ သူငယ်ချင်းတွေသိအောင်လဲ Share ပေးပါဦးနော်။ စလုံး (Page)Continue Reading

အမေရိကန်သမ္မတ ထရမ့်က တရုတ်နိုင်ငံအနေဖြင့် ကိုဗစ်ရောဂါဖြစ်ပွားမှုအတွက် တာဝန်ရှိသဖြင့် အကျိုးဆက်များကို ရင်ဆိုင်ရနိုင်ဟု သတိပေးပြောဆိုလိုက်ကြောင်း နိုင်ငံတကာသတင်းများတွင် ရေးသားဖော်ပြထားသည်။ “ကမ္ဘာမှာ မပြန့်ပွားခင်မှာ ကပ်ရောဂါက တရုတ်ပြည်မှာ ရပ်တန့်သွားခဲ့ပြီ။ အခု ကမ္ဘာကြီးတစ်ခုလုံး ဒီကပ်ရောဂါကြောင့် အတိဒုက္ခရောက်ခံစားနေရပြီ” ဟု သမ္မတထရမ့်က ပြောဆိုသည်။သမ္မတထရမ့်က တရုတ်နိုင်ငံအနေဖြင့် ဝူဟန်မြို့မှ စတင်ခဲ့သော ကပ်ရောဂါအတွက် အကျိုးဆက်များအတွက် ရင်ဆိုင်ခံစားသင့်၊ မသင့် မေးခွန်းထုတ်လိုက်သည်။ “သူတို့မှာ တာဝန်ရှိတယ်ဆိုတာကို သူတို့ သေသေချာချာ သိတယ်ဆိုရင် အကျိုးဆက်တွေကို ရှိသင့်ပါတယ်” ဟု ထရမ့်က ဆိုသည်။ကမ္ဘာကြီးတစ်ခုလုံးတွင် လူပေါင်း ၂ သန်းကျော် ကူးစက်နေပြီး လူပေါင်း ၁သိန်း ၆ သောင်းသေဆုံးစေခဲ့သော ဝူဟန်မြို့မှ စတင်သည့်Continue Reading

လာအိုနိုင်ငံတွင် ၇ ရက်ဆက်တိုက် COVID-19 ဗိုင်းရပ်စ် ထပ်မံကူးစက်ခံရသူမရှိကြောင်း နှင့် အတည်ပြုလူနာ ၁၉ ဦးဖြင့် ရပ်တန့်လျက်ရှိကြောင်း သိရသည်။ လာအိုနိုင်ငံတွင် COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသည့် အတည်ပြုလူနာ ၁၉ ဦးဖြင့် ဆက်လက် ရပ်တည်နေဆဲဖြစ်ကြောင်း၊ အသစ်ထပ်မံကူးစက်ခံရသူမရှိကြောင်း လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Phouthone Meaungpak က ဧပြီ ၁၉ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ လာအိုနိုင်ငံတွင် ဧပြီ ၁၉ ရက် အထိ သံသယလူနာပေါင်း ၁,၃၃၃ ဦးအား COVID-19 ရောဂါပိုးရှိမရှိ စမ်းသပ်ခဲ့ကြောင်း၊ ၁၉ ဦးတွင်ရောဂါပိုးရှိသည်ကို တွေ့ရှိခဲ့ကြောင်း နှင့် ယင်းတို့အနက် ၂ဦးမှာ ပြန်လည်ကျန်းမာ၍Continue Reading

ကွန်တိန်နာတင်သင်္ဘော Spirit of Hamburg ရဲ့ ကပ္ပတိန် အသက် 51 နှစ်ဟာ ဧပြီ 17 ရက်နေ့မှာ အသတ်ခံရတယ်လို့ ဆိုပါတယ်။ Hamburg of Spirit သင်္ဘောကို တာဝန်ယူ စီမံခန့်ခွဲအုပ်ချုပ် တဲ့ ဂျာမဏီ နိုင်ငံ၊ ဟန်းဘတ်မြို့ အခြေစိုက် Zeaborn Ship Management ကုမ္ပဏီမှ မြန်မာကပ္ပတိန် အသတ်ခံရတာနဲ့ ပတ်သက်တဲ့ တရားဝင် ထုတ်ပြန်စာပါ။ အဲ့ဒီစာမှာ ကိုလံဘီယာ ကတာဟီနားဆိပ်ကမ်းမှာ အပြင်ကဝင်လာတဲ့ အနုကြမ်းသမားလို့ ယူဆရတယ် လို့ ဆိုထားပါတယ်။ Zeaborn ကုမ္ပဏီ မှ အဝေးမှ စိတ်ပူနေရသော ကာယကံရှင်နှင့် မိသားစုများ၊ သင်္ဘောသားညီအစ်ကိုများ၏Continue Reading

“ငပိတို့အားလုံးကိုသေခိုင်းနေသလိုဘဲနော်” တရုတ်နိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသား ၁၈၀၀၀ ခန့်ကို တရုတ်အစိုးရမှ ယနေ့ ဧပြီ ၁၆ ရက်နေ့မှ စတင်ပြီး လွယ်ဂျယ် မိုးမောက်လမ်းကနေ တရားဝင်လမ်းကြောင်းအတိုင်း ပြန်ခိုင်းမည်ဖြစ်ကြောင်း မိုးမောက်မြို့နယ် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းကဆိုသည်။ “ ၁၈၀၀၀ ကိုတစ်ရက်ထဲနဲ့တော့ မရဘူးပေါ့နော်။ဒါကြောင့် တစ်ရက်ကို တရုတ်အစိုးရနဲ့ ညှိနိုင်းတိုင်ပင်ဆောင်ရွက်ထားတာ၊ တစ်ရက်ကို ၂၀၀လက်ခံမှာပေါ့နော်။”ဟု ဦးနေဝင်းကဆိုသည်။ အဆိုပါ ပြည်တော်ပြန်မည့်သူများထဲမှ ကချင်ပြည်နယ်မှ အယောက် ၈၀၀၀ ကျော်ရှိကြောင်းသိရသည်။ကချင်ပြည်နယ်ပြန်မည့် လူဦးရေများထဲမှ အယောက် ၄၀၀၀ ကျော်သည် ဗန်းမော်ခရိုင်တွင်း ပြန်လာနေထိုင်မည့်သူများ ဖြစ်ကြောင်း ၎င်းကဆိုသည်။ ကျန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် အခြားContinue Reading

အယောက် ၆၀ နီးပါးရှိတဲ့ မြောက်ကိုရီးယားနိုင်ငံရောက်ပြည်ပ သံတမန်တွေဟာ Coronavirus အခြေအနေဆိုးရွားလာချိန်မှာ မြောက်ကိုရီးယားအစိုးရရဲ့ မြို့တော် ပြုံးယမ်းမှာ သီးသန့်ခွဲခြားထားရှိခြင်းကို ခံရပြီး ရက်ပြည့်တာနဲ့ ပြည်တော်ပြန်ဖို့ အပြင်းအထန်ကြိုးစားမှု အောင်မြင်သွားပါပြီ။ အကြောင်းကတော့ နိုင်ငံခြားကို ပျံသန်းမယ့် Flight မရှိလို့ပါ။ ယခုတော့ Air Koryo လေကြောင်းလိုင်းက တစ်လတာကာလအတွင်းပထမဆုံးအကြိမ်အဖြစ် ရုရှားနိုင်ငံ Vladivostok မြို့ကို ပျံသန်းမှာဖြစ်တဲ့အတွက် ပြည်ပသံတမန်တွေ အလုအယက်ပြန်ကြပါပြီ။ ထိုလေကြောင်းခရီးစဉ်ဟာ ယနေ့မနက်အစောပိုင်းမှာ ရုရှားနိုင်ငံ အရှေ့ပိုင်းကို ဆင်းသက်သွားပါပြီ။ ပြည်ပ သံတမန်တွေဟာ ဖေဖော်ဝါရီနဲ့ မတ်လအစပိုင်း ရက်အတော်ကြာ သီးသန့်ခွဲနေခိုင်းခြင်း ခံရတာဖြစ်ပါတယ်။ ရောဂါကူးစက်မှုထိန်းချုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်ပ သံတမန် အယောက် ရာချီပြီးContinue Reading

February 17,2020(Unicode) ဘူရွန်ဒီနိုင်ငံ ကာယူစီပြည်နယ်တွင် အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့်နေရာခြောက်ခုမှ အလောင်းခြောက်ထောင်ကျော်ကို အမှန်တရားနှင့် ပြန်လည်သင့်မြတ်ရေး ကော်မရှင်က ရှာဖွေတွေ့ရှိခဲ့ပြီး ယင်းမှာ ဇန်နဝါရီလမှစ၍ နိုင်ငံတစ်ဝန်း တူးဖော်မှုများပြုလုပ်ပြီးနောက်ပိုင်း အလောင်းအများဆုံး တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သေဆုံးသူ ၆၀၃၂ ဦး၏အလောင်းများနှင့်အတူ သေနတ်၊ ကျည်ဆန် ထောင်ပေါင်းများစွာကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ပီရာကလဲဗားအန်ဒေးအိုင်ကာရီယယ်က သတင်းထောက်များကို ပြောသည်။ သေဆုံးသူအချို့ကို မည်သူမည်ဝါ ဖော်ထုတ်.နိုင်ရန် အဝတ်အစား၊ မျက်မှန်နှင့် ပုတီးများကို တိုက်ဆိုင်စစ်ဆေးနေသည်။ ဘူရွန်ဒီနိုင်ငံသည် ကိုလိုနီခေတ်သိမ်းပိုက်ခံရမှု၊ ပြည်တွင်းစစ်နှင့် ဆယ်စုနှစ်များစွာ မကြာခဏဆိုသလို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း စသည့် အတိတ်ကာလက အကြမ်းဖက်မှုများနှင့်ပတ်သက်၍ ဖြေရှင်းရန် ကြိုးပမ်းရုန်းကန်နေရသည်။ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသည် ဟူတူမျိုးနွယ်စုမှလူများကိုContinue Reading

(Unicode) February 8,2020 တောင်အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ လီဆိုသိုနိုင်ငံရဲ့လက်ရှိသမ္မတကတော် Maesaiah Thabane ကို လူသတ်မှုနဲ့ စွဲချက်တင်ထားကြောင်း CNN သတင်းအရ သိရပါတယ်။ Maesaiah Thabane ဟာ ၄င်းရဲ့ အမျိုးသား လီဆိုသို၀န်ကြီးချုပ် Thomas Thabane ရဲ့ဇနီးဟောင်း Lipolelo Thabane ကို  သေဆုံးသူ နေအိမ်ပြင်ပမှာပဲ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ သူမ လူသတ်မှုကျူးလွန်ခဲ့တဲ့ အချိန်ကတော့ (၂၀၁၇) ခုနှစ် ဇွန်လ Thomas Thabane က ၀န်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုတဲ့ အခမ်းအနားမတိုင်ခင် နှစ်ရက်အလိုမှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ (၅) ရက်နေ့မှာတော့ အသက် (၄၂) နှစ်အရွယ်Continue Reading