ဟောင်ကောင်တွင် ဒုတိယအကြိမ် COVID ပိုးတွေ့ရှိသူပေါ်ပေါက်
ဟောင်ကောင်မှာ COVID-19 ကနေ သက်သာပျောက်ကင်းပြီးသူတစ်ဦး နောက်တစ်ကြိမ် ပြန်ကူးစက်ခံရကြောင်း ပထမဆုံးအကြိမ် တွေ့ရှိခဲ့ရပါတယ်။ ဒုတိယအကြိမ် ကူးစက်ခံခဲ့ရပြီး ရောဂါလက္ခဏာ မပြခဲ့ဘူးလို့ ဆိုပါတယ်။ ဟောင်ကောင်အမျိုးသားတစ်ဦးဟာ လွန်ခဲ့တဲ့ လေးလခွဲမှာ COVID-19 ဖြစ်ပွားခဲ့ပြီးနောက် ယခုအခါ နောက်တစ်ကြိမ် ပြန်ကူးစက်ခံရကြောင်း ဟောင်ကောင်တက္ကသိုလ် (University of Hong Kong) မှ သုတေသီတွေက ဩဂုတ် ၂၄ ရက်နေ့မှာ ပြောပါတယ်။ ယခုတွေ့ရှိမှုအရ ကမ္ဘာတစ်ဝန်း လူဦရေ ၈၀၀,၀၀၀ ကျော် သေဆုံးစေခဲ့တဲ့ COVID-19 ကပ်ရောဂါဟာ ခံနိုင်ရည်ရှိပြီးဖြစ်ပေမဲ့ ဆက်လက် ကူးစက်ပျံ့နှံ့နေလိမ့်မယ်လို့ ညွှန်ပြကြောင်း ၎င်းတို့က ဆိုပါတယ်။ အသက် ၃၃ နှစ်အရွယ် ဟောင်ကောင်အမျိုးသားဟာContinue Reading