သေခြင်းက လူတွေဆီကို လာနေတာ မဟုတ်ဘူး။ လူတွေက သေခြင်းဆီကို သွားနေကြတာ။ ဘယ်သေမင်းကမှ လာပြီးသတ်မှာ မဟုတ်ဘူး။ကိုယ်တိုင် သွားပြီးတော့ကို အသတ်ခံကြရမှာ။ သတ်ဖို့လာနေတာ မဟုတ်ဘူး။သေဖို့ သွားနေကြတာ … ဒီခရီးမှာ သေခြင်းက ဘယ်နားကစောင့်နေလဲ ဆိုတာတော့ ဘယ်သူမှ အသေအချာမသိနိုင်ဘူး။ အသေအချာ သိနိုင်တာကတော့ ဒီခရီးကို အရပ်အနားမရှိ၊ အမြဲသွားနေရတယ် ဆိုတာရယ်၊ တစ်ချိန်ထက်တစ်ချိန် ပိုနီးနီးလာတယ် ဆိုတာရယ်။ဒီ နှစ်ချက်ပါပဲ … ( ၁ ) အချိန်တိုင်း သွားနေတယ်( ၂ ) ပို နီးနီး လာတယ် အချိန်တိုင်းသွားနေတယ်ဆိုတာကို မြတ်စွာဘုရားက တောင်ကျမြစ်တစ်စင်းနှင့် ဥပမာပေးတယ် …“ နဒီပဗ္ဗ တေယျူContinue Reading

ဂေါတမမြတ်စွာဘုရားက ” လောက၌ သက်ရှိ၊ သက်မဲ့၊ ဒြပ်ရှိ၊ ဒြပ်မဲ့ အရာအားလုံး ဟူသမျှ တို့သည် ပထဝီ (မြေဓါတ်)၊ တေဇော (မီးဓါတ်)၊ အာပေါ (ရေဓါတ်) နှင့် ဝါယော (လေဓါတ်) စတဲ့ အခြေခံဓာတ်ကြီး (၄) ပါးဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး စကြာဝဠာ အနန္တများစွာ ရှိကြသည်” ဟု လွန်ခဲ့သော နှစ်ပေါင်း (၂၅၀၀) ကျော်ကတည်းက ဟောကြားခဲ့ပါတယ်။ ယနေ့ခေတ် သိပ္ပံပညာရှင်တို့သည် ဂေါတမဗုဒ္ဓ၏ မိန့်ဆိုချက်ကို ယခုမှသာ စမ်းသပ်တွေ့ရှိမှုများအရ လက်ခံလာကြတာ ဖြစ်ပါတယ်။ ဗုဒ္ဓဟောသည့် စကြ၀ဠာ (၃) မျိုး ဂေါတမမြတ်စွာဘုရားက စကြ၀ဠာ (၃) မျိုး ရှိကြောင်းကိုContinue Reading

တစ်ခါက တိုင်းပြည်တစ်ခုတွင် ထူးဆန်းသောသစ်ပင်တစ်ပင် ပေါက်ရောက်လာသည်။ ထိုသစ်ပင်သည် ပိန္နဲပင်မျိုးဖြစ်သော်လည်း သရက်သီးကဲ့သို့ အသီးများသီးထနေလေသည်။ ထိုအသီး၏ရနံ့မှာ လွန်စွာမွှေးကြိုင်ပြီး တိုင်းပြည်တစ်ခုလုံး ပျံ့နှံ့နေသည်။ ထို့ကြောင့် တိုင်းပြည်ရှိ ပြည်သူအားလုံးက ထိုအသီး၏အရသာကို မြည်းစမ်းကြည့်ချင်နေကြသည်။ သို့သော် ထုံးစံအတိုင်း ဤအလေ့ကျ ပေါက်ရောက်နေသော သစ်ပင်သည် အများပိုင်ဖြစ်သော်လည်း ပြည်သူပိုင်အသိမ်းခံရလေသည်။ ပြည်သူပိုင်သိမ်းတော့ ဘုရင်နှင့်အပေါင်းအပါပိုင်ဖြစ်သွားသည်ပေါ့။ ထိုတိုင်းပြည်တွင် ပြည်သူပိုင် ဟု အမည်တပ်ထားသည်မှန်သမျှ ပြည်သူက ဘယ်တော့မှမပိုင်ဘဲ အုပ်ချုပ်သူ ဘုရင်နှင့် အပေါင်းအပါများ ပိုင်ကြသည်မှာ ထုံးစံပင်။ ထို့ကြောင့် ပြည်သူပိုင်အသုံးပြုရန် ခေါင်းစဉ်ဖြင့် ညအချိန်မတော် သစ်ပင်ကို အမြစ်မှတူးယူ၍ နန်း တော်ဝင်းထဲ သယ်ယူသွားကြသည်။ နန်းတော်ဝင်းထဲရောက်သောအခါ ပြဿနာတက်နေကြသည်။ ပုံသဏ္ဍာန်မမှန်ဘဲ ပေါက်ရောက်နေသောအသီးတို့Continue Reading

နေပြည်တော်ကောင်စီနယ်မြေကို လျှပ်စစ်ဘက်(စ်)ကားလမ်းများနှင့် မြေအောက်ရထားလမ်းများ တည်ဆောက်နိုင်ရေးအတွက်ပါ ကြိုတင်စီမံဆောင်ရွက်ရန်လိုကြောင်း စစ်ကောင်စီဥက္ကဋ္ဌက မှာကြားခဲ့သည်ဟု သတင်းရရှိသည်။ နေပြည်တော်ကောင်စီနယ်မြေရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၂၁၊ သြဂုတ်(၁၇)ညပိုင်း၌ ကိုဗစ်-၁၉ နေပြည်တော်မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးသို့ တက်ရောက်စဉ်အထက်ပါအတိုင်း မှာကြားခဲ့ခြင်း ဖြစ်သည်။ နေပြည်တော်ကောင်စီနယ်မြေကို လူဦးရေသန်း ၂၀ အထိနေထိုင်ရန်ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်၍ မြို့ပတ်ရထားလမ်းများ၊ ဘက်(စ်)ကားလမ်းများ၊ လျှပ်စစ်ဘက်(စ်)ကားလမ်းများနှင့် မြေအောက်လျှပ်စစ်ရထားလမ်းများတည်ဆောက်နိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်သွားရန်လိုကြောင်း ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ နေပြည်တော်ကောင်စီနယ်မြေ၌ လူဦးရေ (၁) သန်းကျော်(၁,၁၆၀,၂၄၂) ဦးရေ ရှိကြောင်း သိရသည်။Continue Reading

အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ ဩဂုတ် ၁၅ ရက်တွင် စတင်ရောင်းချသည့် “နွေဦးထီ” သည်နာရီပိုင်းအတွင်း တစ်ရက်တာ ရောင်းချရန်သတ်မှတ်သည့် ပမာဏပြည့်သွားခဲ့သည်။NUG ၏ “အောင်လံလွှင့်ချီ နွေဦးထီ” ကိုယနေ့ ညနေ ၄ နာရီမှာ စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး ညနေ ၅ နာရီခွဲခန့်တွင် ရောင်းချရန်သတ်မှတ်ထားသည့် ပမာဏပြည့်သွားခဲ့ခြင်းဖြစ်သည်။တစ်နာရီခွဲအတွင်း “ ယနေ့အဖို့ ရောင်းချရန် သတ်မှတ်ထားတဲ့ ထီအရေအတွက်ပြည့်ပါပြီ။ နောက်ရက်တွေမှာ ဝယ်ယူအားပေးနိုင်ပါတယ် “ ဆိုသည့် အကြောင်းကြားစာအား ထီရောင်းချသည့် website တွင်ဖော်ပြထားသည်။ ” ဒီကနေ့က ပိုင်းလော့ပရောဂျက်ရဲ့ အစပထမနေ့ဖြစ်တော့ ကျနော်တို့အနေနဲ့ အစောင်ရေ ငါးသောင်းပဲ ရောင်းချဖို့ သတ်မှတ်ပြင်ဆင်ထားတာပါ။ တစ်စောင် နှစ်ထောင်ဆိုတော့ သိန်းတစ်ထောင်ဖိုးပေါ့။ နောက်ရက်တွေမှာContinue Reading

မိမိလူမျိုး အမည်မှန်ပင် မသိဘဲ မိမိလူမျိုးတို့၏ အတိတ်သမိုင်းကို အမှားများ ရောထွေးမှတ်သားကာ ဂုဏ်ယူနေရသော ဘဝသည် ဆိုးဝါးလှပါဘိ။ မြန်မာလူမျိုးအမည်ကို စတင်တွေ့ရှိရသည်မှာ ပုဂံခေတ်ကျောက်စာများတွင် ဖြစ်သည်။ မွန်၊ မြန်မာ၊ ပျူ ဟူသော လူမျိုးအမည်များနှင့် ယှဉ်တွဲရေးထိုးထားသည်။ မြန်မာလူမျိုးဟု တရားဝင်သုံးစွဲသည်မှာ ရှေးမြန်မာဘုရင်များ လက်ထက်မှစ၍ အင်္ဂလိပ်အစိုးရ၊ လွတ်လပ်ပြီးခေတ် ဖဆပလအစိုးရအထိ ဖြစ်သည်။ ၁၉၄၈ နိုင်ငံသားဥပဒေ ပုဒ်မ ၃(၁) တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မြန်မာ စသည်ဖြင့် လူမျိုးတမျိုးအဖြစ် ဖော်ပြထားသည်။ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်တွင် ရေးထိုးထားသော ဝန်ကြီးချုပ် ဦးနု၏ ၁၉၄၈ ဇန်နဝါရီ ၄Continue Reading

လူတိုင်းကတော့ ဒီအချက်တွေအားလုံးနဲ့လွတ်ကင်းဖို့တော့ ခက်ခဲပါတယ်။ ဒါပေမဲ့ ဘဝမှာ အောင်မြင်ကြီးပွါးတိုးတက်ချင်တယ်ဆိုရင် ဒီအချက် (၅) ချက်ကို လိုက်နာဖို့ လိုအပ်ပါတယ်။ မိတ်ဆွေတို့ရော ဒီအချက်တွေအားလုံးနဲ့ လွတ်ကင်းနေပြီလား… ၁။ ပိုက်ဆံကို စနစ်တကျမသုံးစွဲခြင်း မအောင်မြင်ကြတဲ့လူအများစုမှာ သူတို့ရဲ့ပိုက်ဆံတွေကို အသုံးစရိတ်အစီအစဉ်တွေမှာ ကြိုတင်ချမှတ်ထားတတ်ကြပါတယ်။ အဲ့လို လူအများစုက ငွေကိုစနစ်တကျသုံးစွဲဖို့ထက် ၀င်ငွေ လက်ထဲမရောက်ခင်ကတည်းက ကြိုသုံးတတ်ကြသူတွေဖြစ်ပါတယ်။ ငွေကို စုဆောင်းရမယ့်အစား အသိမိတ်ဆွေတွေဆီကနေ ချေးငှားပြီး မလိုအပ်တာတွေ လျှောက်ဝယ် သုံးထားနှင့်တတ်ပါတယ်။ ဒါကြောင့် စာဖတ်မိတ်ဆွေတွေလည်း တတ်နိုင်သလောက် ဒီအချက်ကို ရှောင်ရပါမယ်။ ၂။ တခြားသူတွေရဲ့အကူအညီကိုမျှော်လင့်နေခြင်း မအောင်မြင်ကြတဲ့သူတွေအများစုက သူတို့ရဲ့ ရည်ရွယ်ချက်တွေ၊ အိပ်မက်တွေကို အကောင်ထည်ဖော်နိုင်ဖို့အတွက် အခြားတတ်နိုင်သူတစ်ယောက်ယောက်ဆီက အကူအညီအထောက်အပံ့ရနိုင်ဖို့ မျှော်လင့်တတ်ကြပါတယ်။ သူတို့ကContinue Reading

ဘူမိဗေဒပညာရှင်များ၏ သင်ကြားချက်အရဆိုလျှင် ရှမ်းကုန်းမြေမြင့် ဒေသသည် (Lime stone) ခေါ် ထုံးကျောက်များ ပေါကြွယ်ရာဒေသဖြစ်သည်။ မိုးများအဆက်မပြတ်ရွာသွန်းရာတွင် ထုံးကျောက်များ အရည်ပျော်ရာမှ ဖြစ်ပေါ်လာသော ပျော်၀င်ကန် (solution lake) ဖြစ်သည်ဟု ဆိုကြ၏။ တစ်ချို့သော ဘူမိဗေဒပညာရှင်များကလည်း အင်းလေးကန်သည် ထုံးကျောက်များကို ရေတိုက်စားခြင်းဖြင့် ရေတိုက်စားခံရသော နေရာများတွင် ချိုင့်ဝှမ်း ဖြစ်ပေါ်လာသောထုံးကျောက်အိုင်ဟူ၍ ဆိုကြ၏။ တဖန် တစ်ချို့သောပညာရှင်များက အင်းလေးကန်၏ တဖက်တချက်ရှိ အက်ကြောင်းကြီးနှစ်ခု၏ အလယ်ထုအောက်သို့ လျှောကျမှုကြောင့် (ထုပြတ်ရွေ့ Block Faulting) ဖြစ်ပေါ်လာသောရေအိုင်ဟူ၍လည်း ဆိုကြ၏။ မည်သို့ပင်ဆိုစေကာမူ အင်းလေးကန်ကြီးသည်လွန်ခဲ့သောနှစ် ၁၀သန်းခွဲလောက်ကပင် ရှိနေပြီဖြစ်သည်။ ထိုအချိန်ကာလ၏ ကန်ရေပြင်သည် ယခုမြေမျက်နှာပြင်ထက် ပေပေါင်း၃၀၀ ခန့်မြင့်သည်ဟု ဆိုသည်။Continue Reading

ဗုဒ္ဓဘာသာ မြန်မာအများရဲ့ လွဲနေတတ်တဲ့အလွဲတွေအကြောင်းစာတွေရေးပေးနေတာသိတော့ ဒကာတစ်ယောက်က “အရှင်ဘုရား… တပည့်တော်တို့ မြန်မာတွေမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာမှာ အဲဒီလိုပဲသတ်သေပြီး သေရတယ်ဆိုတာ ဟုတ်ပါသလား ဘုရား… ဟုတ်တယ်ဆိုရင် တပည့်တော်ဖတ်ဖူးတဲ့ စာအုပ်ထဲမှာ ရဟန်းတစ်ပါးဟာ ကိုယ့်လည်ပင်းကိုကိုယ် ဓားနဲ့လှီးပြီး သတ်သေသွားပေမယ့် အဲဒီအခိုက်မှာ ရဟန္တာ ဖြစ်သွားတယ်လို့လည်းဖတ်ဖူးပါတယ်… ရဟန္တာဖြစ်သွားရင် နောင်ဘဝမရှိတော့ဘူး မဟုတ်လားဘုရား… ဒါဆိုရင် ဒီအဖန်ငါးရာ ငါးကမ္ဘာခံရတဲ့ကိစ္စ တပည့်တော် ဘယ်လိုနားလည်ရမလဲ ဘုရား” လို့ မေးဖူးပါတယ်။ ဟုတ်ပါတယ်။ ဒီဒကာပြောမှပဲ ဘုန်းဘုန်းအတွေးထဲမှာ ဒီအဖန်ငါးရာငါးကမ္ဘာကိစ္စနဲ့ ပတ်သက်ပြီးလွဲနေတဲ့ မြန်မာတွေရဲ့အလွဲကို တင်ပြပေးဖို့ စိတ်ကူးရခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်းကိုယ့်ကိုယ်ကို သတ်သေခြင်းနဲ့ အဖန်ငါးရာငါးကမ္ဘာအကြောင်းကို လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် အခုလိုContinue Reading

●ပထမတကောင်းမင်းဆက်၊●ဒုတိယတကောင်းမင်းဆက်၊●သရေခေတ္တရာပထမမင်းဆက်၊●သရေခေတ္တရာဒုတိယမင်းဆက်၊●ပုဂံမင်းဆက်၊●ပင်းယမင်းဆက်၊●စစ်ကိုင်းမင်းဆက်၊●မဂဒူး မင်းဆက်၊●အင်း၀မင်းဆက်၊●တောင်ငူမင်းဆက်၊●မွန်မင်းဆက်၊●ရခိုင်မင်းဆက်၊●ညောင်ရမ်းမင်းဆက်၊●ကုန်းဘောင် မင်းဆက် ပထမ-တကောင်းမင်းဆက် ဂေါတမဗုဒ္ဓ မြတ်စွာဘုရားသည် အိန္ဒိယမြောက်ပိုင်း နယ်စပ် နီပေါတစ်နေရာတွင် ဖွားမြင်ခဲ့သည့် သာကီ၀င်မင်းသားတစ်ပါး ဖြစ်သည်။ ထိုမင်းသား၏ အဘိုးသည် သာကီ၀င်မျိုးတူစုအတွင်း မကျေမနပ်ခိုက်ရန်ဖြစ်ပွား၍ ဇာတိရပ်ရွာကို စွန့်ပြီး မြန်မာနိုင်ငံ၊ ဧရာဝတီမြစ်ညာအရပ် တကောင်းတွင် လာနေကြသည်။ ထိုမင်းကို အဘိရာဇာဟုခေါ်သည်။ သူကို ကြီးမြတ်သော မင်းဖြစ်သည်ဟု ခေါ်ကြသည်။ (အဘိရာဇာ၊ မဟာရာဇာ၊ မင်းကြီးစွာ၊ တ္ဒဗံ့) အားလုံးမှာ ကြီးမြတ်သော မင်းကြီးဟု အဓိပ္ပါယ်ရသည်။ အဘိရာဇာ နတ်ရွာစံသောအခါ အမွေခံ သားတော်နှစ်ပါး (ကံရာဇာကြီး၊ ကံရာဇာငယ်) က နန်းလုကြသည်။ အငယ်က အထက်အညာကို အနိုင်ရသည်။ အကြီးက တောင်ဘက်သို့ ထွက်ခွာခဲ့ပြီးContinue Reading