အိမ်မြောင်ကျ နိမိတ်များ


မှတ်ချက်- မွန်းလွဲပိုင်း၌ မိမိအနီးဝန်းကျင်သို့ ပြုတ်ကျလာခြင်းကို နိမိတ်ယူခြင်းဖြစ်သည်။

နေမွန်းမတည့်မီအချိန်ကို အကျိုးအပြစ် မဆိုပါ။

~မိမိရှေ့သို့ကျလျှင်လာဘကြီးရအံ့။
~နောက်၌ ကျလျှင်အောင်မြင်အံ့။
~လက်ျာဘက်သို့ကျလျှင် အပုဇော်ခံရအံ့။
~လက်ဝဲဘက်သို့ကျလျှင်ငြင်းခုန်ခိုက်ရန်ပွားအံ့။
~လက်ဝဲလက်ပေါ်ကျလျှင် အနှောင်အဖွဲ့ခံရအံ့။
~လက်ျာလက်ပေါ်ကျလျှင် အစားကောင်းရအံ့။
~ပုခုံး၊လက်ရုံးထက်ကျလျှင်ကြီးသူနှင့်ကွေကွင်းအံ့။
~လက်ဝဲခြေဖမိုးပေါ်ကျလျှင် အမျက်ပွားအံ့။
~လက်ျာခြေဖမိုးပေါ်ကျလျှင် ချစ်သူရအံ့။
~ခြေသလုံးထက်ကျလျှင် မြတ်သောလာဘ်ရအံ့။
~ပေါင်ထက်ကျလျှင် သားကောင်းရအံ့။
~ခါးထက်ကျလျှင်အဝတ်ပုဆိုးရအံ့။
~ချက်ပေါ်ကျလျှင်အစာရေစာပေါများအံ့။
~ရင်ထက်ကျလျှင်ရွှေငွေရတနာရအံ့။
~သားမြတ်ထက်ကျလျှင် သမီးကညာဝင်အံ့။
~လည်ထက်ကျလျှင် အဘိုးထိုက်ရတနာဝတ်ရအံ့။
~မေး၊မုတ်ဆိတ်ထက်ကျလျှင် ဇနီး/ခင်ပွန်းရအံ့။
~ပါး၊နားပေါ်ကျလျှင်ငယ်သူနှင့်ကွေကွင်းအံ့။
~ဦးခေါင်းထက်ကျလျှင်အကြီးအကဲဖြစ်အံ့။
~ကျောထက်ကျလျှင် အနာရောဂါဖြစ်အံ့။

မကောင်းသောနိမိတ်ဖြစ်ပါက နေ့မကူးမှီ တရော်ကင်းပွန်းဖြင့်ခေါင်းလျှော်ရေချိုးပါ
ဟု ဆိုမိန့်ခဲ့ကြလေသည်။

credit

Leave a Reply

Your email address will not be published. Required fields are marked *