လိမ္မာလိုက်တဲ့ ဖေ့သားလေး

မိဖုရားသုံးပါးရှိသည့် ဘုရင်ကြီးအကြောင်း ဖတ်ပြီးသားဖြစ်သူမှ မိခင်အား ပြောသည်။

“မေမေ….သားလေးကြီးလာရင် မိန်းမသုံးယောက်
ယူမယ်
တစ်ယောက်ကို ထမင်းချက်ခိုင်းမယ်
တစ်ယောက်ကို သီချင်းဆိုခိုင်းမယ်
တစ်ယောက်ကို ရေချိုးခိုင်းမယ်”

မိခင်မှ ရယ်မောလျှက် ဤသို့ ပြန်မေးလေသည်။

“ကဲ… ဟုတ်ပါပြီ… ညအိပ်ယာဝင်တော့
သားက အဲ့ဒီသုံးယောက်ထဲက ဘယ်တစ်ယောက်နဲ့ အတူအိပ်မှာလဲကွယ့်…”

“ဟင့်အင်း… ဘယ်သူနဲ့မှမအိပ်ဘူး… မေမေနဲ့ပဲ
အိပ်မယ်…”

မိခင်မှ မျက်ရည်များဝဲလာပြီး သားအား ဖက်၍
ပြောသည်။

“အမလေး… လိမ္မာလိုက်တဲ့ သားလေးရယ်… ဒါနဲ့ အဲ့ဒီသုံးယောက်ကရော ဘယ်သူနဲ့အိပ်မှာလည်း သားရဲ့ “

သားဖြစ်သူက ပြန်ဖြေသည်။

“သူတို့ သုံးယောက်စလုံး ဖေဖေနဲ့ အိပ်ပလေ့စေ..”

ဖခင်ဖြစ်သူမှ မျက်ရည်များဝဲလာပြီး သားအား
ဖက်နမ်းလိုက်ကာ အားရပါးရ ပြောသည်။

“အမလေး…. လိမ္မာလိုက်တဲ့ သားလေးရယ်…”

ရယ်မောခြင်းဖြင့် ဘ၀အမောတွေ ပြေနိူင်ကြပါစေ။

credit

Leave a Reply

Your email address will not be published. Required fields are marked *