ကိုဗစ်မျိုးစိတ်သစ် Mu (B.1.21)

WHO စစ်တမ်းများအရ ယခု လက်ရှိ အတွေ့များသော ကိုဗစ်မျိုးစိတ်မှာ
Mu (B.1.621) ဟု အမည်ရပါသည်။

Mu မျိုးကွဲစိတ်ကို ကိုလံဘီယာနိုင်ငံတွင် ယခု နှစ် ၂၀၂၁ အစောပိုင်း January လတွင် စတင်တွေ့ရှိခဲ့ရပြီး ယခုအခါ မှာတော့ ကိုဗစ် မျိုးစိတ်ကွဲ အဖြစ် WHOမှ စာရင်းသွင်းလိုက်ပြီ ဖြစ်ပါတယ်။

Mu မျိုးစိတ်မှာ ယခင်မျိုးကွဲစိတ်များထက် ပို၍ ကာကွယ်ဆေး မတိုးသည့်အပြင် ကိုဗစ် ရောဂါကူးစက်ခံရပြီးသော သူများလဲ ပြန်လည်ကူးစက်ဖြစ်ပွားနိုင်ပါသည်။

ဆိုလိုရင်းမှာ
ကာကွယ်ဆေး (၂) ကြိမ်လုံးထိုးပြီးသူများ
မကြာသေးခင်ကမှ ကိုဗစ်ကူးစက်ခံရပြီး ပြန်ကောင်းလာသော သူများအားလုံး Mu မျိုးစိတ် ကူးစက်ခံရပါက ရောဂါဝေဒနာ ပြန်လည်ခံစားရနိုင်ပါသည်။

ထို့ကြောင့် ကာကွယ်ဆေးထိုးပြီးပါကလည်း မပေါ့ဆရန်ဖြစ်ပါသည်။

ယနေ့ (2021 September 2 ) မှာတော့ Mu မျိုးစိတ်များကို Japan နိုင်ငံ တွင် စတင်တွေ့ရှိနေပြီဖြစ်ကြောင်း Japantimes မှ အတည်ပြုထားတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

ထို့ကြောင့် ပုံမှန် သတိပြုရမည့် Mask တပ်၊ လက်ဆေးတာများ ဆက်လက်လုပ်ဆောင်ပါ။

အဝလွန်သောသူများ သတိထားပါ
သတ်မှတ် ကိုယ်အလေးချိန်ထက် များနေသော သူများ၊ အဝလွန်နေသောသူများ တတ်ကျွမ်း နားလည်သူများနှင့် တိုင်ပင်၍ ကျန်းမာသော ကိုယ်အလေးချိန်ရရှိအောင် ဝိတ်ချပါ။

အဝလွန်သူများ ကိုဗစ်ကူးစက်ခံရပါက သာမန်လူများထက် ရောဂါဝေဒနာ ပိုမိုပြင်းထန်နိုင်သောကြောင့် ဖြစ်ပါသည်။


You are your own best doctor

ကပ်ရောဂါဆိုးများမှ လွတ်ကင်းပြီး ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာကြပါစေ။

credit

Leave a Reply

Your email address will not be published. Required fields are marked *