လမ်းလျှောက်ပါ

လမ်းလျှောက်တဲ့လူတွေ အသက်ရှည်တယ်ဆိုတာ…

အသက်【၅၀】ကျော်လျှင် လမ်းလျှောက်ပေးကြပါ…

သဘာဝကြီးက လူတွေကိုမွေးကတည်းက ပေးထားတဲ့ နှလုံးဟာ တစ်ခုတည်းမဟုတ်ပါဘူး။ အဖော်ပါ ပါလာပါတယ်။

အဲဒါဟာ ခြေသလုံးတွေက ကြွက်သားတွေပဲဖြစ်ပါတယ်။

နှလုံးခုန်ခြင်းဟာ သူ့ဟာသူခုန်နေတာဖြစ်ပေမဲ့
ခြေသလုံးက နှလုံးတွေကတော့ လူကလုပ်ပေးမှအလုပ်လုပ်တာပါ။

လူတစ်ယောက်ဟာ တစ်နေ့ကို နှလုံးခုန်တဲ့
အကြိမ်ပေါင်း တစ်သိန်းလောက် ရှိပါတယ်။

အဲဒါဟာ သွေးတွေကို သွေးလွှတ်ကြောကနေတစ်ဆင့် တစ်ကိုယ်လုံးသို့ ပို့လွှတ်ဖို့ နှလုံးက pump လုပ်နေခြင်း ဖြစ်ပါတယ်။

အဲဒီ သွေးတွေဟာ သွေးပြန်ကြောကနေ တစ်ဆင့်
နှလုံးကို ပြန်ရောက်လာပါတယ်။ သွေးလည်ပတ်တယ်ဆိုတာဟာ ဒါပါပဲ။


နှလုံးက သွေးတွေကိုညှစ်ထုတ်ပြီး တစ်ကိုယ်လုံးကိုကောင်းစွာရောက်ဖို့ဆိုတာ သူ့ရဲ့သွေးအိမ်ထဲမှာ သွေးတွေပြည့်နေဖို့လိုပါတယ်။

နှလုံးအိမ်ထဲမှာ သွေးတွေလျော့နည်းနေရင် သွေးလွှတ်ကြောကနေ သွေးပို့လွှတ်မူ့ နည်းပါးသွားပါ‌လေရော။

အဲဒီအခါကျတော့ သွေးလှည့်ပတ်မူ့မကောင်းတော့ဘူး။

သွေးလည်ပတ်မူ့ မကောင်းတော့ သွေးထဲက ကော်လက်စထရောတွေ၊ ကယ်စီယမ်တွေနဲ့ အဆိပ်တွေကအနည်ထိုင်ပြီး သွေးကြောပိတ်ဆို့မူ့ကို ဖြစ်စေပါတယ်။

နှလုံးအိမ်မှာ သွေးအားကောင်းဖို့အတွက် အထိရောက်ဆုံး လုပ်ပေးနိုင်တာကတော့ ခြေသလုံး၂ခုကကြွက်သားတွေပဲ ဖြစ်ပါတယ်။

ခြေသလုံး၂ခုက ကြွက်သားတွေညှစ်ပေးမှသွေးပြန်ကြောထဲက သွေးတွေက နှလုံးကို ကောင်းစွာ ရောက်ပါတယ်။

နှလုံးအိမ်မှာ သွေးတွေပြည့်သွားတော့မှ နှလုံးကညှစ်လိုက်ရင် သွေးတွေဟာ အားကောင်းကောင်းနဲ့သွေးလွှတ်ကြောထဲကို တစ်ရှိန်ထိုးဝင်ရောက်သွားပါတယ်။


ရေပိုက်တစ်ခုထဲမှာ ရေအားနည်းရင် ရေကကောင်းကောင်းမစီးဘဲ ရေထဲမှာပါလာတဲ့ အနည်တွေထိုင်ပါတယ်။ ကြာတော့ ရေပိုက်ပိတ်ဆို့မူ့ဖြစ်လာရော။

ရေအားကောင်းကောင်းနဲ့ ထိုးလွှတ်လိုက်တော့
ရေပိုက်ထဲက အနည်တွေပိတ်နေတာတွေလည်း ရှင်းသွားပါတယ်။ သွေးကြောကလည်း အဲဒီသဘောအတိုင်းပါပဲ။

နှလုံးမှာ သွေးအားကောင်းဖို့အတွက်ခြေသလုံးကြွက်သားတွေညှစ်မှ ရတာပါ။

ခြေသလုံးကြွက်သားတွေ ညှစ်ဖို့ဆိုတာ လမ်းလျှောက်ပေးမှရတာပါ။ အပြေးလေ့ကျင့်မှ ရတာပါ။

ခြေသလုံးကြွက်သားတွေ အကြိမ်ကြိမ်ညှစ်မှ
နှလုံးသွေးအားကောင်းပြီး သွေးကြောတွေ ရှင်းမှာဖြစ်ပါတယ်။

ယခုအခါမှာ လူတွေဟာ လမ်းတောင်မလျှောက်ကြဘဲ ဇိမ်ခံပစ္စည်းအမျိုးမျိုးနဲ့သာ အချိန်ကုန်နေကြပါတယ်။

ဒါကြောင့် နှလုံးသွေးကြောပိတ်ပြီး နှလုံးရောဂါအမျိုးမျိုးနဲ့သေနေကြတာ အများကြီးပါပဲ။

ခြေသလုံး၂ခုကို လှုပ်ရှားပြီး ကြွက်သားတွေကို ညှစ်ပေးနိုင်မှ နှလုံးအားကောင်းပြီး ကျန်းမာကြပါလိမ့်မယ်။

လမ်းလျှောက်တဲ့လူတွေ အသက်ရှည်တယ် ဆိုတာ ဒါကြောင့်ပါ။

ရောဂါကပ်ဆိုးအပေါင်းမှ ကင်းလွတ်ပြီး ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာကြပါစေ။

credit

Leave a Reply

Your email address will not be published. Required fields are marked *