ပိန်ပိန်လာတယ်

ဝမ်းမည်းမည်း သွားတယ်

အစာမျိုချရတာ နင်နင်နေတယ်

Danger Signs ( အန္တရာယ်ရှိသောလက္ခဏာများ )

ဗိုက်နာတယ်
ရင်ပူတယ်
လေချဥ်တက်တယ်
ရင်ခေါင်းတောင့်တယ် အစရှိတဲ့ လက္ခဏာတွေက

အပူအစပ်စားလွန်းခြင်း

စိတ်ဖိစီးမှုများခြင်း

အကိုက်အခဲပျောက်ဆေးများ မိမိသဘောနှင့် အလွန်အကျွံသောက်ခြင်း

အစာအိမ်ပိုးရှိခြင်း အစရှိတဲ့ အကြောင်းအရင်းတွေကြောင့် ဖြစ်ရတဲ့ အစာရောင်ခြင်းရဲ့ လက္ခဏာများ ဖြစ်၍ လူအများစုခံစားနေရသော လက္ခဏာများဖြစ်ပါတယ်။

စိတ်ဖိစီးမှု့/စိတ်ပူပန်မှု့တွေ များသလို အစားအသောက် သေသေချာချာ မရှောင်နိုင်ဘဲ
ဗိုက်နာတဲ့အချိန် ဆေးသောက် + ဆန်ပြုတ်စား နည်းနည်းသက်သာတာနဲ့ အစားပြန်သောင်းကြမ်း ကြတော့ ဖြစ်လိုက် ပျောက်လိုက်နဲ့ နှစ်ချီခံစား နေကြရပါတယ်။

အဲ့လို ရိုးရိုးအစာအိမ်ရောင်တာ မဟုတ်တော့တဲ့ အန္တရာယ်ရှိတဲ့လက္ခဏာတွေက

Dysphagia (အစာမျိုရခက်ခြင်း)

နင်တယ်ပေါ့ ( အစာရေမျို သို့မဟုတ် အစာအိမ်မှာ တစ်စုံတစ်ခုခံနေ၍ အစာများအောက်သို့ကောင်းကောင်းမျိုချ၍မရခြင်း ဖြစ်ပါသည်။)

အစပိုင်းတွင် ထမင်း/အစိုင်အခဲ မျိုချရခက်တယ်။ ဆန်ပြုတ် မျိုချရခက်လာတယ်။ ရေသောက်ရတာတောင် မျိုရခက်လာတယ်။

အရေးတကြီးသိထားရမှာက ရောဂါကြောင့် အစာမျိုရခက်တယ်ဆိုတာက နေ့နေ့ ညည ဘယ်အချိန်မဆိုဖြစ်နေရမှာပါ။

(တစ်နေကုန် စိတ်ကြိုက်စားသောက် လည်ပတ်နေပြီး ညအိပ်ခါနီး တစ်ယောက်ထဲရှိတဲ့ အချိန်မှ လည်ပင်းက အစ်သလိုလို၊ တစ်ခုခု နင် နေသလိုလို၊ တစ်ဆို့ဆို့ ဖြစ်နေတယ် ဆိုတာ Stress Related Disorder SRD ပါ။)

Mass In Abdomen
ဗိုက်မှာ အလုံးစမ်းမိတာကတော့ အရေးကြီးမှန်း လူတိုင်းသိကြမှာပါ။

Black Stool (ဝမ်းမည်းမည်းသွားခြင်း)

ဝမ်းထဲမှာ အမည်းစက်တွေပါခြင်း (အစာအိမ်နဲ့ အူသိမ်ပိုင်းက ထွက်တဲ့သွေးဟာ အစာခြေရည်နဲ့ ရောသွားတဲ့အတွက် အမည်းရောင်ဖြစ်ရခြင်းပါ။)


ကတ္တရာစေးလို စေးကပ်မည်းနက်နေပါက သွေးထွက်တာများနေပါပြီ။


ဝမ်းထဲ သွေးနီနီတွေပါတာက လိပ်ခေါင်းကြောင့်ဖြစ်နိုင်သလို အူမကြီးရဲ့ပြဿနာကြောင့် ဖြစ်ရတာပါ။


(အရေးကြီးတာက အစားအသောက်ကြောင့်လည်း ဝမ်းမည်းတတ်သလို သံဓာတ်အားဆေး သောက်နေတာကလည်း ဝမ်းမည်းတတ်ပါတယ်။)

Weight loss (ကိုယ်အလေးချိန်ကျခြင်း)

Diet လုပ်နေတာ၊ လေ့ကျင့်ခန်းလုပ်ပြီး ကိုယ်အလေးချိန်ချဖို့ ကြိုးစားနေတာမဟုတ်ဘဲ
ပုံမှန်စားသောက်နေရက်နဲ့ ကိုယ်အလေးချိန်ကျသွားခြင်းပါ။

(အချိန်တိုအတွင်း ရှိနေတဲ့ အလေးချိန်ရဲ့ ၁၀% ကျခြင်းက သိသာတဲ့ကိုယ်အလေးချိန် ကျဆင်းမူ့ပါ။)

Abdominal Fullness ( ရင်ပြည့်ခြင်း )

အစာနည်းနည်းစားရုံနဲ့ ရင်ခေါင်းတောင့်နေတာပါ။

(ကြေးအိုးဆီချက်ပွဲကြီး စားတယ်၊ ဖာလူဒါသောက်ပြီး ဆာတေးပါဆွဲလိုက်ပြီး ရင်ခေါင်းတောင့်လိုက်တာ အစာအိမ်ရောဂါဖြစ်နေပြီနဲ့တူတယ်တော့ မလုပ်ကြပါနဲ့။)


(ကျွန်တော်/ကျွန်မက အစားတောင်မစားရသေးဘူး မြင်တာနဲ့ကို ရင်ပြည့်ပြီး ပျို့ချင်နေပြီဆိုတာကျပြန်တော့လည်း SRD ပါပဲ။)

တရားလွန် ပျို့အန်နေတာ၊ သွေးအန်တာတွေကျတော့ သိသာတဲ့လက္ခဏာတွေဖြစ်လို့ ဆေးရုံဆေးခန်း ရောက်လာကြမှာပါ။

သိပ်မသိသာဘဲ အရေးကြီးတဲ့အချက်ကတော့
ငယ်ငယ်က အစာရောင်တာ၊ ဗိုက်နာတာ တစ်ခါမှ မဖြစ်ဖူးဘဲ

အသက် (၄၀) ကျော်မှ အစာမကြေ၊ ရင်ခေါင်းတောင့် နေတာကလည်း ဆရာဝန်ကိုချက်ချင်းပြသင့်တဲ့ လက္ခဏာပါပဲ။ (New Dyspepsia after 40)


ကျွန်တော်က အရမ်းကျန်းမာတာ ဘာမှဖြစ်တာမဟုတ်ဘူး။ တစ်နှစ်နေလို့မှ တစ်ခါမဖျားဘူး။ အခုတစ်လ နှစ်လလောက်ရှိပြီ။

အစာမကြေ၊ ရင်ခေါင်းတောင့်တောင့်နေတာက အစာအိမ်နှင့် အူလမ်းကြောင်းဆရာဝန်နှင့် ပြသပြီး လိုအပ်ပါက အစာအိမ်မှန်ပြောင်းကြည့်သင့်ပါတယ်။

ရောဂါကြီးကြီးမားမားမရှိဘဲ သွေးအားနည်းခြင်း (Anaemia)

လိပ်ခေါင်းရောဂါဖြစ်ပြီး ဝမ်းသွားတိုင်း သွေးပါနေခြင်း၊ အမျိုးသမီး ဓမ္မတာလာတာ များလွန်းခြင်း အစရှိသည်တို့ မဖြစ်ဘဲ Medical Check up လုပ်စဉ် သွေးအားနည်းရောဂါ ရှိနေခြင်းပါ။

ဗိုက်အောင့်၊ ဗိုက်နာ၊ ရင်ပူ၊ ရင်ခေါင်းတောင့်တာတွေအပြင် အထက်ပါ ” Danger Signs ” များရှိပါက တကယ်တတ်ကျွမ်းနားလည်တဲ့ဆေးပညာရှင်များနှင့် အမြန်ဆုံးပြသ ကုသမှုခံယူရပါမယ်။

အပ်နဲ့ထွင်းရမှာကို ပေါက်စိန် မသုံးရစေဖို့
ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ။

credit

Leave a Reply

Your email address will not be published. Required fields are marked *