အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ အကြမ်းဖက်တိုက်ခိုက်မှုများအား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မှအပြင်းအထန်ရှုတ်ချ

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ ဟာမစ်ကာဇိုင်းလေဆိပ်တွင်အကြမ်းဖက်ဖေါက်ခွဲမှုများ ကြာသပတေးနေ့က ဖြစ်ပွားခဲ့ပြီးနောက်ဂျာမနီနိုင်ငံအပါအဝင် ဥရောပသမဂ္ဂနိုင်ငံအချို့သည် အာဖဂန်နစ္စတန်မှ ဒုက္ခသည်များအား ကယ်ဆယ်ခြင်းကို အဆုံးသတ်လိုက်ကြပြီဖြစ်ကြောင်းသိရသည်။

ဂွာမနီနိုငငြံလတပြေ၏ နောကဆြုံး ကယဆြယရြေးလယောဉသြညလြညြး ကဘူးလလြဆေိပမြှ ယမနနြေ့ကတညြးကပငလြွှငြ ထှကခြှာခဲ့ပှီဖှဈကှောငြး တာဝနရြှိသူတို့ကပှောသညြ။
ပှငသြဈနိုငငြံကလညြး ကယဆြယရြေးလုပငြနြးမွားကို သောကှာနေ့ မှနးလှဲပိုငြးက ရပဆြိုငြးလိုကသြလို ပိုလနြ၊ ဘယလြဂြွီယံ၊ ဒိနြးမတနြှင့ြ နယသြာလနတြို့ကလညြး ရပဆြိုငြးလိုကကြှပှီသလို ဟနဂြရေီနိုငငြံကလညြး သူ့နိုငငြံသားအားလုံးကို ကယထြုတပြှီးဖှဈကှောငြးဆိုသညြ။
ဗှိတိနကြလညြး အမရေိကနတြပမြတောြ၏ ကယဆြယရြေးလုပငြနြးအဆုံးမသတမြီတှငြ မိမိတို့၏ လုပငြနြးမွားကို အဆုံးသတရြနြ စီစဉထြားကှောငြးသိရသညြ။

အမေရိကန်တို့က မိမိတို့တပ်မတော်သားများနှင့် အရပ်ဖက်ဝန်ထမ်းများကယ်ဆယ်ရေးကို သြဂုတ် ၃၁ ရက် နောက်ဆုံးထားဆောင်ရွက်မည်ဟု ကြေညာထားသည်။အမေရိကန်တပ်ဖွဲ့များက ထိန်းချုပ်ထားသော ကဘူးလ်လေဆိပ်တွင် ပေါက်ကွဲမှုများ ကြာသပတေးနေ့က ၂ကြိမ်ခန့်ဖြစ်ပွားခဲ့ရာ အမေရိကန်တပ်ဖွဲ့ဝင်စစ်သည် ၁၃ ဦးထက်မနည်း နှင့် အာဖဂန်နိုင်ငံသား ၉၀ ကျော်အပါအဝင် စုစုပေါင်း လူ ၁၀၀ ကျော်သေဆုံးခဲ့သည်။ သေဆုံးသူများအပြင် အခြားအမေရိကန်တပ်ဖွဲ့ဝင် ၁၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က အတည်ပြုပြောကြားသည်။
“အဲဒီတိုက်ခိုက်မှုကိုလုပ်တဲ့သူတွေအနေနဲ့၊ ဘယ်သူပဲလုပ်လုပ်၊ အမေရိကန်နိုင်ငံသားတွေကို ထိခိုက်သေကြေစေလိုတဲ့ ဆန္ဒရှိတဲ့ ဘယ်သူပဲဖြစ်နေပါစေ ကျွန်တော်တို့ ခွင့်လွှတ်လိမ့်မှာမဟုတ်ဘူးဆိုတာ သိထားပါ။ မေ့လဲမေ့ပစ်မှာမဟုတ်ပါဘူး။ ဖမ်းဆီးအပြစ်ပေးမှာပါ”ဟု အမေရိကန်ပြည်ထောင်စုသမ္မတ ဂျိုးဘိုင်ဒင်ကပြောသည်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ ဟာမစ်ကာဇိုင်းလေဆိပ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများအား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က အပြင်းအထန်ရှုတ်ချကြောင်း ကုလသမဂ္ဂမှ သတင်းထုတ်ပြန်ထားသည်။

Ref: Afghanistan: Final German evacuation flight leaves Kabul airport

Leave a Reply

Your email address will not be published. Required fields are marked *