” Heart Attack ” ဖြစ်ခြင်းကို စက္ကန့်ပိုင်းအတွင်းကာကွယ်ဖို.”””””””””””””””””””””””””””””””””””””””””””””””””””””””””””””

ရုတ်တရက် နှလုံးသွေးကြောပိတ်ဆို့ခြင်းကြောင့်ဖြစ်တဲ့ သေစေနိုင်သော အခြေအနေကနေ ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်ဖို့ပါ။

နှလုံးသွေးကြောကျဉ်းရောဂါ ရှိသူတွေ အထူးသတိထားဖတ်မှတ်ထားဖို့ လိုပါတယ်။

(၁) အခုအချိန်က သင် အလုပ်မှာ အရမ်းပင်ပန်းလာပြီး အိမ်ကို တယောက်တည်း ပြန်လာတဲ့ ညဘက် ခုနစ်နာရီခွဲလောက်လို့ ဆိုကြပါစို့။

(၂) သင်ဟာ တကယ်ပဲ မောပန်းနွမ်းလျ နေမှာပေါ့။

(၃) ရုတ်တရက် သင့်ရဲ့ ဘယ်ဘက်ရင်အုံမှာ စူးပြီးနာလာမယ်။ အဲ့လို နာနေတာကနေ သင့်ရဲ့ လက်မောင်း နဲ့ မေးရိုးတွေပါ နာသလို အောင့်သလို ဖြစ်လာမယ်။

အခြေအနေက ရုတ်တရက် ပိုဆိုးလာမယ်။ သင့်အိမ်နဲ့ အနီးဆုံး ဆေးရုံကလည်း သုံးမိုင်လောက် ဝေးနေတယ်။

(၄) ကံမကောင်းစွာဘဲ သင် ဆေးရုံကို ရောက်အောင် သွားနိုင်မလားဆိုတာ မသေချာဘူး ဖြစ်နေတယ်။

(၅) သင်ဟာ အရေးပေါ်အသက်ကယ်ကုသနည်း (CPR) ကို သင်ဖူးပေမယ့် သင့်ကိုယ်သင် ဘယ်လိုပြန်ကယ်မလဲ။

(၆) တယောက်တည်းရှိနေချိန် ရုတ်တရက် နှလုံးသွေးကြောပိတ်ဆို့ခြင်း (Heart attack) ဖြစ်နေတော့ ဘယ်လိုလုပ်ရမလဲ။

နှလုံးခုန်နှုန်းကလည်း ပုံမမှန် လူကလည်း သတိလစ်ဖို့ တစ်ဆယ်စက္ကန့်လောက်ပဲ လိုတော့တယ် ဆိုကြပါစို့။

(၇) အဲ့လို ခံစားနေရရင် ပြင်းပြင်းထန်ထန် ထပ်ခါထပ်ခါ ချောင်းဆိုးခြင်းဖြင့် သင့်ကိုယ်သင် ကယ်တင်နိုင်ပါတယ်။

ချောင်းတခါ မဆိုးခင်တိုင်း အသက်ဝဝရှူပါ။ ချောင်းဆိုးရင်လည်း သလိပ်ထွက်အောင် ဆိုးနေရသလို ကြာကြာဆိုးပါ။

နှစ်စက္ကန့် တကြိမ်စီ အသက်ဝဝရှူလိုက်၊ ချောင်းဆိုးလိုက် လုပ်နေပါ။ နှလုံးခုန်တာ ပုံမှန်ပြန်ဖြစ်တဲ့အထိသို့မဟုတ် ကူညီမယ့်လူရောက်တဲ့အထိ ဆက်လက်လုပ်ဆောင်ပါ။

(၈) အသက်ဝဝရှူတာက အဆုတ်ကို အောက်ဆီဂျင်များများရစေပါတယ်။

ချောင်းဆိုးတာက နှလုံးကို ညှစ်ပေးပြီး သွေးလည်ပတ်မှုကို ဆက်ထိန်းပေးရုံသာမက နှလုံးခုန်နှုန်းပြန်မှန်အောင် လုပ်ပေးပါတယ်။

ဒီနည်းနဲ့ Heart attack ရနေသူတွေ ရုတ်တရက် မသေဆုံးဘဲ ဆေးရုံကိုရောက်အောင် ကူညီနိုင်ပါတယ်။

(၉) သင် တတ်နိုင်သလောက် လူများများကို ပြောပြပေးပါ။ သူတို့အသက်ကို ကယ်တင်ရာရောက်ပါတယ်။

ကပ်ရောဂါဆိုးကြီးမှ အမြန်ကင်းလွှတ်ပြီး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာကြပါစေ။

Credit

Leave a Reply

Your email address will not be published. Required fields are marked *