နေပြည်တော်ကောင်စီနယ်မြေ၌ လျှပ်စစ်ဘက်(စ်)ကားလမ်းများနှင့် မြေအောက်ရထားလမ်းများတည်ဆောက်ရန်လိုကြောင်း စစ်ကောင်စီဥက္ကဋ္ဌက မှာကြား

နေပြည်တော်ကောင်စီနယ်မြေကို လျှပ်စစ်ဘက်(စ်)ကားလမ်းများနှင့် မြေအောက်ရထားလမ်းများ တည်ဆောက်နိုင်ရေးအတွက်ပါ ကြိုတင်စီမံဆောင်ရွက်ရန်လိုကြောင်း စစ်ကောင်စီဥက္ကဋ္ဌက မှာကြားခဲ့သည်ဟု သတင်းရရှိသည်။

နေပြည်တော်ကောင်စီနယ်မြေရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၂၁၊ သြဂုတ်(၁၇)ညပိုင်း၌ ကိုဗစ်-၁၉ နေပြည်တော်မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးသို့ တက်ရောက်စဉ်အထက်ပါအတိုင်း မှာကြားခဲ့ခြင်း ဖြစ်သည်။

နေပြည်တော်ကောင်စီနယ်မြေကို လူဦးရေသန်း ၂၀ အထိနေထိုင်ရန်ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်၍ မြို့ပတ်ရထားလမ်းများ၊ ဘက်(စ်)ကားလမ်းများ၊ လျှပ်စစ်ဘက်(စ်)ကားလမ်းများနှင့် မြေအောက်လျှပ်စစ်ရထားလမ်းများတည်ဆောက်နိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်သွားရန်လိုကြောင်း ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ နေပြည်တော်ကောင်စီနယ်မြေ၌ လူဦးရေ (၁) သန်းကျော်(၁,၁၆၀,၂၄၂) ဦးရေ ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *