အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်တွေ သမ္မတ နန်းတော်ကို ဝင်သိမ်း

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်တပ်ဖွဲ့ဝင်များသည် ကဘူးလ်မြို့တော်သို့ ဝင်ရောက်လာပြီး သမ္မတနန်းတော်ကို သိမ်းလိုက်လိုက်ပြီဖြစ်ကြောင်း Al-Jazeera သတင်းဌာန၏ ရုပ်သံမှတ်တမ်းအရ သိရသည်။

တာလီဘန်တပ်ဖွဲ့ဝင်များသည် အာဖဂန်နစ္စတန်နိုင်ငံရှိ ပြည်နယ် ၃၄ ခုကို ၉ ရက်အတွင်းသိမ်းပိုက်ခဲ့ပြီးနောက် ဩဂုတ်လ ၁၅ ရက် နံနက်ပိုင်းတွင် ကဘူးလ်မြို့တော်သို့ ဝင်ရောက်လာခြင်းဖြစ်သည်။

တာလီဘန်တပ်ဖွဲ့ဝင်များ မရောက်မီမှာပင် အာဖဂန်သမ္မတ Ashraf Ghani က ၎င်းနှင့် ဒုသမ္မတ အပါအဝင် တခြား ထိပ်တန်းအရာရှိကြီးတွေ အားလုံး အာဖဂန်နစ္စတန်နိုင်ငံတွင်း သွေးမြေကျမှုကို ကာကွယ်သည့်အနေနှင့် တိုင်းပြည်မှ ထွက်ခွာသွားပြီဖြစ် ကြောင်း ကြေညာသည်။
အာဖဂနစ္စတန်နိုင်ငံရှိ အမေရိကန်သံရုံးတွင်လည်း အမေရိကန်အလံ လွှင့်တင်ထားခြင်း မရှိဘဲ သံရုံး ဝန်ထမ်းများအားလုံးကို မြို့တော်ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရွှေ့ပြောင်းထားကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူတဦးက AP သတင်းဌာနသို့ ပြောသည်။

အာဖဂန်မှ အမေရိကန်နိုင်ငံသားများ ပြန်လည် ထွက်ခွာရာတွင် ကူညီရန် အမေရိကန်မရိန်းတပ်သား ၆၀၀၀ ကိုလည်း လေဆိပ်ဝန်းကျင်တွင် တပ်ဖြန့်ထားချထားကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

တာလီဘန်များက သမ္မတနန်းတော်ကို သိမ်းပိုက်ပြီးနောက်တွင် အာဖဂန်နစ္စတန်နိုင်ငံ၏ အမည်ကို အစ္စလာမ်မစ် စော်ဘွားများနိုင်ငံအဖြစ် အမည်ပြောင်းမည် ဟု ကြေညာထားသည်။အမေရိကန်က အာဖဂန်တွင် နှစ် ၂၀ ကြာ တပ်စွဲထားမှုကို အဆုံးသတ်ကြောင်း ကြေ ညာကာ ၎င်း၏ တပ်ဖွဲ့ဝင်များကို ရုတ်သိမ်းလိုက်ပြီးနောက် တာလီဘန်တပ်ဖွဲ့များက တနိုင်ငံလုံးကို စစ်ဆင်သိမ်းယူလိုက်ခြင်း ဖြစ်သည်။

16-Aug-2021

Leave a Reply

Your email address will not be published. Required fields are marked *