လူမမာအတွက် ဆန်ပြုတ်ပြုတ်နည်း

အခုတလော COVID-19 တွေ အဖြစ်များတော့ လူနာတွေက ထမင်းလဲ မစားချင်၊ မစားနိုင်ကြတော့ စားရလွယ်တဲ့ ဆန်ပြုတ်ကိုပဲ ပိုကျွေးလာကြပါတယ်။

ဆန်ပြုတ်ဆိုရင်လဲ ဆန်ချည်းပဲ မပြုတ်ဘဲ နည်းနည်းစားရင်တောင် အာဟာရအတော်အတန်ပါအောင် ပြုတ်တတ်ဖို့လိုပါတယ်။

ပြုတ်နည်း

  1. ဆန် ထမင်းစားဇွန်း ၃ ဇွန်း/ ထမင်း ၆-၈ဇွန်း
  2. ဆီ လက်ဖက်စားဇွန်း ၂ ဇွန်း (ဆန်စပြုတ်ကတည်းက ထည့်ပြုတ်ပါ/ စားခါနီးမှ ဆီထည့်ရင် အခန့်မသင့်ရင် သီးတတ်လို့ပါ)
  3. ပဲနီလေး ထမင်းစားဇွန်း ၁ဇွန်း
  4. ကြက်သား/ ငါး ၂ တုံး (ကြက်သားဆိုရင် နူးအိနေအောင် ပြုတ်ပြီးရင် ဆယ်ပြီး အသားကို အမျှင်လိုက် ဖြစ်အောင် နွှင်ပေးပါ၊ မဟုတ်ရင် လူမမာ က မဝါးနိုင်ပါ)
  5. ကြက်ဥ အပြည့်တစ်လုံး၊ အကာတလုံး (ကြက်ဥထည့်ရာတွင် အလုံးလိုက် ဖောက်မထည့်ပါနှင့်။အခဲလိုက်ဖြစ်ပြီး လူနာ မဝါးနိုင်ပါ။ ဒါကြောင့် အပြင် ဇလုံမှာ အရင်ခလောက်ပါ။ ဆန်ပြုတ် ပွက်ပွက်ဆူမှ ကြက်ဥခေါက်ထားတာကို ထည့်ပြီး အဆင်မပြတ်မွှေပါ။ ဒါဆိုရင် အမျှင်လိုက်ဖြစ်ပြီး လူမမာလဲ သိပ်ဝါးစရာမလိုတော့ စားလို့အဆင်ပြေပါတယ်)
  6. ဆားအနည်းငယ်
  7. ငရုတ်ကောင်း အနည်းငယ်
  8. အသီးအရွက် ကတော့ ပါလေရုံသာထည့်ပါ။ မထည့်လဲ ရပါတယ်။ (ဆန်ပြုတ်မှာ အသီးအရွက် တွေချည်း အရမ်းများနေရင် တခြား အရေးကြီးတဲ့ ကာဗိုဟိုက်ဒရိတ်၊ အသား၊ အဆီ ဓါတ်တွေ ရတာ နည်းသွားနိုင်ပါတယ်)

အခု ပြုတ်နည်းကတော့ အစာသိပ်မဝင်တဲ့လူနာတွေမှာ ဝင်ရင်ဝင်သလောက် အာဟာရှိအောင် လုပ်ထားတဲ့ ဆန်ပြုတ်ပြုတ်နည်း ဖြစ်ပါတယ်။

အရေးကြီးဆုံးအချက်ကတော့ ဆန်ပြုတ်ကို ကျဲတောက်နေအောင် မကျိုဖို့လိုပါတယ်။ အရည်ကျဲလေ အာဟာရနည်းလေပါ။

နည်းနည်းပဲ စားနိုင်တဲ့လူနာမှာ နည်းနည်းစားတာနဲ့ အာဟာရ အတော်အတန်ရအောင် ပြုတ်ဖို့ လိုအပ်ပါတယ်။

ကပ်ဆိုးအပေါင်းမှ အမြန်ဆုံး သက်သာကင်းဝေးနိူင်ကြပါစေ 🙏

credit

Leave a Reply

Your email address will not be published. Required fields are marked *