ကိုဗစ် ဖြစ်တဲ့အခါမှာ…

ရေမချိုးပါနဲ့။
အိပ်ရာထဲ ခွေမနေပါနဲ့ ၊ရအောင်ထပါ။
လေဝင်လေထွက် ကောင်းအောင်နေပါ။

အားရှိအောင်စားပါ။
အချိုမစားရ၊ ချွဲသလိပ်ဖြစ်စေနိူင်သော
အစာများကို မစားရပါ။
သွားတိုက်ပါ ၊အာခေါင်မှ ချွဲများကို ခြစ်ထုတ်ပါ။
လေးညှင်းပွင့်ကို ငုံပေးပါ၊ ဝါးပေးပါ၊ စားပေးပါ။

အောက်စီဂျင်မကျအောင် ရေနွေးငွေ့ကို အချိန်ရှိတိုင်း ရှုပေးပါ။
ရေနွေးထဲကို ဆားထည့်ရင်လည်း ရပါတယ်။
ဂွေးတောက်ရွက်ထည့်ရင်လည်း ရပါတယ်။
နှစ်မျိုးစလုံးထည့်လည်း ရပါတယ်။
အဓိကက ရေနွေးငွေ့ကို များများရှုပေးပါ။
အောက်စီဂျင်ပြန်တက်လာပါလိမ့်မယ်။

ပက်လက်လှန်နေခြင်းထက် ခေါင်းကို အောက်ဖက်သို့ပိုကျသောအနေအထားဖြင့် မှောက်အိပ်ပေးပါ၊


မှောက်အိပ်ရင်လည်း နာရီဝက်ကနေ နှစ်နာရီခြားတစ်ခါ အနေအထားကို ပြောင်းပေးရပါမယ်။


ဥပမာ_ ဘယ်တစောင်း ညာတစောင်း ထိုင်သလို၊
ကျောဖက်နဲ့ဦးခေါင်းတို့ကို ခေါင်းအုံးခုပြီး ခြေထောက်ခြေဆင်းလို့ ပြီးရင်လည်း ပြန်မှောက်အိပ်ပေးရပါမယ်။

နောက်တစ်ချက် မှာချင်တာတစ်ခုက
စိတ်ဓါတ်မကျအောင်နေပါ။
စိတ်ဓါတ်ကျမယ်ကြံရင် မကျအောင် စိတ်ကို ပြန်တွန်းတင်ပါ။


ပျော်စရာများကို ပြန်လည်တွေးပါ။
ကုသိုလ်ပြုခဲ့တာများကို ပြန်လည်တွေးပါ။
ကူညီခဲ့တာများကို ပြန်လည်တွေးပါ။

စိတ်ဆင်းရဲစရာများ၊ ဝမ်းနည်းစရာများကို လုံးဝမတွေးမိပါစေနဲ့။
စိတ်ကရောက်သွားရင်တောင် ဖြစ်ကျောမရှည်မိပါစေနဲ့ ။
အတင်းရအောင်ကို အာရုံပြောင်း ရုန်းထွက်ပါ။

မိမိကိုယ်ကို အားပေးမှပဲ ရပါမယ်။
ငါမကြာခင် ပြန်ကျန်းမာလာမယ်ဟု စိတ်ကို တွန်းအားပေးပါ။


မိမိတို့ ကိုးကွယ်ရာ ဘာသာတရားများရဲ့အဆိုအမိန့်အတိုင်း
မိမိကိုးကွယ်ယုံကြည်ရာ ဘုရားမှတစ်ပါး ကိုးကွယ်ယုံကြည်ရာမရှိတော့ ဟူသော ကြည်ညိုသော ဘုရားရှင်ကို ပူဇော်ယုံကြည်ပါ။


ထိုပူ‌ဇော်သောသဒ္ဒါစိတ်ကို အဖန်တလဲလဲနှလုံးသားထဲရောက်တဲ့အထိ ပွါးများအားထုတ်ပါ။

ခုနှစ်ရက်သားသမီးတို့နှင့် သတ္တဝါတို့ အပေါ်ကို
မေတ္တာများများပို့သပေးပါ။


သက်ဆိုင်သောသူများ ကူညီပေးသောသူများကို
အထူးမေတ္တာပို့သပါ။


ကိုယ်လုပ်ခဲ့သောအရာများကို သစ္စာပြုတိုင်တည်ပါ ဆုတောင်းပါ။
မကြာခင်အချိန်အတွင်းမှာ သင်ပြန်လည်ကျန်းမာလာပါလိမ့်မယ်။

အထူးမှာချင်တာ တစ်ခုကလည်း အားမရှိလို့ မှိန်းနေ အိပ်နေလိုက်တိုင်းမှာ ကိုဗစ်ပိုးဟာ ကိုလိုနီနယ်ချဲ့သလိုကို နယ်မြေချဲ့ထွင်လာပါလိမ့်မယ်။
အဲ့ဒါကြောင့် အတင်းမရ ရအောင်ကို ကုန်းရုန်းထလို့
ရေနွေးငွေ့ကို ရှူစေချင်ပါတယ်။

ဒါမှသာ ရင်ဘတ်ထဲတွင် ပိတ်ဆို့နေသော ဂျပ်ခဲကြီးဖြစ်နေသည့် ချွဲသလိပ်မဲမဲကြီးများ ပျော်ကျသွားကြပါမယ်။


အဲ့ဒီချွဲသလိပ် မဲမဲပြစ်ပြစ်ကြီးများ ပျော်ကျပြီး ပွင့်သွားမှသာ အဆုတ်လည်း ဂျပ်ခဲကြီးဘဝကနေ လွတ်မြောက်သွားလို့ အောက်စီဂျင်ကို ဝဝလင်လင် ပြန်လည်ရှုလာနိူင်မှာမို့

နူံးချိမူ့ဖြစ်တိုင်းမှာ မအိပ်ပစ် မမှိန်းပစ်လိုက်ဘဲရေနွေးငွေ့ကို ရသလောက်ရှုကြပါစို့လို့ တိုက်တွန်းလိုက်ပါရစေ။

လိုက်နာရမဲ့စည်းကမ်းများကိုလည်း ဂရုတစိုက်လေးလိုက်နာပေးပါ၊ တတ်ကျွမ်းသောဆရာဝန်များရဲ့စကားကိုလည်း နားထောင်ပါ။
သင်မကြာမှီ ပြန်လည်ကျန်းမာလာပါလိမ့်မည်။

ဤစာကိုလဲပြန်လည် ဖြန့်ဝေပေးကြပါ။
ကျေးဇူးတင်ပါတယ်…
ခုနှစ်ရက် သားသမီးများအားလုံး ကျန်းမာချမ်းသာကြပါစေ …

credit

Leave a Reply

Your email address will not be published. Required fields are marked *