အမျိုးသမီးတိုင်း မဖြစ်မနေသိထားသင့်သော သားအိမ်ကျန်းမာရေး

အမျိုးသမီးများသားအိမ်အလုံးတည်ခြင်း (uterine fibroid)

ဒီနေ့မှာ prettyတို့အတွက် အမျိုးသမီးတွေမှာ အဖြစ်များစိုးရိမ်းရတဲ့ သားအိမ် အလုံးတည်ခြင်းအကြောင်းလေးပြောပြချင်ပါတယ်

အမျိုးသမီးတွေရဲ့ ၂၀% ကနေ ၅၀% လောက်က အမျိုးသမီးဟော်မုန်း
အက်စတိုဂျင် (Estrogen) နှင့် ပရိုဂျက်စတီရုန်း (Progesterone) တွေက သားအိမ်ကြွက်သားဖွံဖြိုးမှုကို လှုံ့ ဆော်တာကြောင့် သားအိမ်အလုံးဖြစ်လာတတ်ပါတယ်။
တော်တော်များများ အလုံးတွေက သူ့ဘာသာသူ ရှုံ့ သွားတာမျိုးလည်း ရှိ တတ်ပါတယ်။ရှုံ့သွားပြီးပျောက်သွားရင်တော့ကောင်းပါတယ်ဒါပေမယ့် တချို့အလုံးတွေကျတော့ မသိမသာ လက္ခဏာလောက်ပဲပြတတ်ပြီး ကြီးလာတတ်ပါတယ်။ ဒါကြောင့်
လက္ခဏာလေးတွေ ဖော်ပြချင်ပါတယ်။

-ဓမ္မတာပုံမှန်မဟုတ်ဘဲ ကြာရှည်စွာလာနေခြင်း
-ဓမ္မတာလာရာတွင် သာမန်ထက် အလွန်အမင်း များခြင်း
-ဓမ္မတာမမှန်ခြင်း
-ဓမ္မတာလာချိန်တွင်း အလွန်နာကျင်ခြင်း
-တင်ပဆုံတွင်နာခြင်း

  • နောက်ကျောနာခြင်း
    -ဗိုက်ပူလာခြင်း

ဒီသားအိမ်လုံး၊သားအိမ်အကျိတ်(ခေါ်)သားအိမ်ရေအိတ်ဟာ တစ်လုံး(သို့မဟုတ်)တစ်လုံးထက်ပိုပြီး ၃/၄ လုံးအထက် ဖြစ်တည်နေတတ်ပါတယ်။အလုံးအသေးလေးကနေပြီး အလုံးအကြီးကြီးထိ့ ဖြစ်တည်လာနိုင်သလို အရွယ်အစားအားဖြင့်လည်းမတူညီပါဘူး။
ဘယ်တော့မှသိသလဲဆိုရင် အလုံးရေများလာပြီး အလုံးတွေကြီးထွားလာမှ ရိပ်မိလာကြတယ်။ခါးနာ၊ခါးကိုက်(Backache or leg pains)ခြေထောက်နာ၊ခြေထောက်ကိုက်တဲ့ဝေဒနာတွေ ခံစားလာရလိမ့်မယ်။

ဒီအလုံးဟာ သားအိမ်ရဲ့ ဟိုးအတွင်းဆုံးအပိုင်းမှာ ဖြစ်တည်နေပါလျှင် ရာသီဆင်းတာ(Heavy menstrual bleeding)များပါလိမ့်မယ်။

ဒီအလုံးဟာ သားအိမ်ရဲ့အပြင်ဘက်အလွှာမှာ ဖြစ်တည်နေပါလျှင် ရာသီမမှန်တာဖြစ်တတ်သလို ရာသီးဆင်းပါကလည်း အရင်ထက် နည်းနေတတ်ပါတယ်။

ဒီနှစ်ချက်ရဲ့ အားနည်းချက်၊အားသာချက်က ဘာကြောင့်လဲဆိုရင် အတွင်းပိုင်းမှာဖြစ်ရင် အဝကျယ်၍ ရာသီးဆင်စရာလမ်းကြောင်း ပိုကျယ်လာတတ်သလို အပြင်ပိုင်းမှာဖြစ်ရင် ရာသီဆင်းစရာလမ်းကြောင်း ကျဉ်းမြောင်းသွားတတ်ပါတယ်။

တကယ်လို့ ဒီအလုံးဟာ ကြီးထွားပြီး ဆီးအိမ်ကို ဖိ့ထားသလိုဖြစ်နေရင် ဆီးခဏ ခဏ သွားချင်နေမယ်..တကယ်လို့ အူလမ်းကြောင်းကိုဖိ့မိနေရင် ဝမ်းချုပ်တတ်ပါတယ်။

သားအိမ်လုံးအကျိတ်၊ရေအိတ်ကြောင့် ရာသီဆင်းတာ များသူတွေဟာ သွေးအားနည်းလာတတ်သလို အားအင်ကုန်ခမ်းပြီး အသားရည်ဖြူဖတ်ဖြူရော်ဖြစ်လာမယ်၊အသက်ရှုရတာမဝဖြစ်လာမယ်၊အလိုလိုနေရင်းနဲ့မောပန်းနေတတ်ပါတယ်။ဒီလို ဖြစ်နေတဲ့အမျိုးသမီးတွေဟာ အသား၊ငါး၊လတ်ဆတ်သော အသီးအရွက်များများစားသုံးပေးသင့်ပြီး သံဓာတ်ပါဝင်တဲ့ အားဆေးကို သောက်သုံးပါ။

အလုံးကြီးရင်တော့ ဗိုက်ခွဲပြီး ဖယ်ရှားရသလို၊အလုံးသေးရင်တော့ ဆေးရုံသုံး ကိရိယာများဖြင့် မိန်းမကိုယ်အတွင်းကနေတဆင့်နှိုက်၍ ဖယ်ရှားရပါတယ်။

ဒီလို ဖယ်ရှားပြီးသူတိုင်းဟာ ကလေးယူလို့ မနိုင်တော့သလို ကံမကောင်းရင်ဖြင့် သားအိမ်ကိုဖြတ်ထုတ်ဖယ်ရှားတဲ့အထိဖြစ်နိုင်ခြေရှိပါတယ်။

မစိုးရိမ်ပါနဲ့ ဒီအလုံးဟာ ကင်ဆာဆဲလ် မဟုတ်သည့်အတွက်ကြောင့် ခွဲစိတ်ကုသရင်ဖြင့်ပျောက်ကင်းသက်သာနိုင်သလို ခွဲစိတ်ကုသပြီးပေမဲ့လည်း ပြန်လည်ဖြစ်တည်လာတတ်ပါတယ်။

ဘယ်လိုကာကွယ်ရမလဲ ????

(၁)လေ့ကျင့်ခန်းလုပ်ပါ။
လေ့ကျင့်ခန်းကို တစ်ရက်ကို တစ်နာရီလောက်လုပ်ပေးမယ်ဆိုလျှင် ရောဂါဖြစ်နှုန်း ၃၀% ကနေ၄၀% ထိချပေးနိုင်ပါတယ်။လေ့ကျင့်ခန်းကတော့ဒီရောဂါတင်မကပါဘူး၊၊
ရောဂါတော်တော်များများကိုကာကွယ်ပေးနိူင်လို့လုပ်သင့်ပါတယ်။

(၂)-ဟင်းသီးဟင်းရွက်အသီးအနှံ များများစားပါ။

အရိုးပါဝါး စားလို့ရတဲ့ငါးများများစားပါ။ထိုထဲကပါတဲ့ ဗီတာမင်ဒီ ဓာတ်ဟာ သားအိမ်အလုံး မဖြစ်ဖို့ ၃၀%လောက်ထိချပေးနိုင်တယ်လို့ယူဆထားပါတယ်။

(၄) နောက်တစ်ချက်ကတော့ ကိုယ်အလေးချိန်ချဖို့ပါပဲ။

-အဝလွန်လျှင်လည်း သားအိမ်ရောဂါ အန္တရာယ်ရှိနိုင်
သောကြောင့် ကိုယ်အလေးချိန်လျော့ချပါ။ လေ့ကျင့်ခန်းဖြင့်အဆီချခြင်းကတော့အကောင်းဆုံးဖြစ်ပါသည်။

(၅)နောက်တစ်ခုက တော့ အမျိုးသမီး ဟော်မုန်း estrogen ပါ။
ထို ဟော်မုန်းတွေဟာ အမျိုးသမီးတွေကိုလှပစေပါတယ်။ ဒါ့ကြောင့်တချို့ထိုးကြ သောက်ကြ တာတွေရှိပါတယ်။
တချို့ကလည်း မသိဘဲလှတယ်ဆိုလို့သောက်မိကြပါတယ်။ သဘာဝအရ ခန္ဓာကိုယ်က ထွက်တဲ့ အက်စတိုဂျင်ဟော်မုန်းတောင်လိုအပ်တာထက်
ထိတွေ့မှု ကြာလာမယ်ဆိုရင် သားအိမ်အလုံးဖြစ်နှုန်း အရမ်းများနိုင်တာမလို့ ဟော်မုန်းဆေးသောက်တာထိုးတာတွေမလုပ်သင့်ပါဘူး

(၆)အရေးကြီးတာက သားအိမ်အလုံးတော်တော်များများက လက္ခဏာမပြတတ်ပါဘူး။ပျောက်သွားတတ်တာလည်းရှိပါတယ်။ပျောက်သွားရင်တော့ပြသနာမရှိ့ပေမယ့်အထက်မှာဖော်ပြထားတဲ့ ရောဂါလက္ခဏာလေးတွေပြပြီဆိုလျှင်တော့ ဆရာဝန်နဲ့သေချာပြသဆွေးနွေးသင့်ပါတယ်။

ကိုယ့်မှာ သွေးဆင်းတာများတာတို့၊ တစ်လမှာ မကြာခဏဖြစ်နေတာတို့ စတဲ့ ရာသီဓမ္မတာ တစ်ခုခု ဖောက်ပြန်တာ မူမမှန်တာကို သတိပြုမိတယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသပြီး ရောဂါရှာဖွေရမှာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ပေါ့ပေါ့
လျော့လျော့ ထားခဲ့ရင် သားသမီးမရနိုင်တာတို့ သွေးတွေ သိသိသာသာဆုံးရှုံးမှုများလို့ သွေးအားနည်းရောဂါတို့ စတဲ့ နောက်ဆက်တွဲ ပြဿနာ တွေ ဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ အလုံးတည်ခဲ့မယ်ဆိုရင် လမစေ့ ကလေး မွေးဖွားခြင်း နဲ့ ဖြစ်တတ်ပါတယ်။ကိုယ်ဝန်ပျက်ကျခြင်းတို့လည်း

သားအိမ်အလုံးတည်ခြင်းက
အမျိုးသမီးတိုင်း အသက်ရွယ်မရွေးဖြစ်နိုင်တာမလို့ရာသီသွေးမမှန်ခြင်းနဲ့ တစုံတရာစိုးရိမ်ရရင်ဆရာဝန်နဲ့အမြန်ဆုံးပြပြီး ကုသကြပါ
ကျန်းမာရေးဂရုစိုက်ကြပါနော်

mmlobby

Crd to owner

Leave a Reply

Your email address will not be published.