DJ နဲ့ပတ်သတ်ပြီး ပါရမီပါလာတာကြောင့်မသင်ဘဲတတ်တယ်ဆိုတဲ့ သရုပ်ဆောင် မိုးအောင်ရင်

MMLobby ပရိတ်သတ်ကြီးရေ

ဒီတစ်ခါမှာတော့ ပရိတ်သတ်တို့ရဲ့အချစ်တော် သရုပ်ဆောင် မိုးအောင်ရင်ဟာ ” DJ Sai ” ဆိုတဲ့ အမည်လေးနဲ့ DJ တီးနေပြီဖြစ်ပါတယ်

သရုပ်ဆောင်မိုးအောင်ရင်ဟာ သရုပ်ဆောင်ပိုင်း အဆိုပိုင်းမှာသာ မက Dj ပိုင်းမှာပါ စိတ်ဝင်စားတာကြောင့် နိုင်ငံခြားမှာရှိတဲ့ ညီမလေးကို DJ စက်ဝယ်ခိုင်းပြီး စမ်းကြည့်ရင်းနဲ့ပါရမီပါတာကြောင့် မသင်ရဘဲ တန်း တီးတတ်သွားတယ်လို့ ပြောထားပါတယ် ။

သရုပ်ဆောင်မိုးအောင်ရင်ဟာအခု နောက်ပိုင်း ပွဲတွေလဲ လက်ခံပြီးတီးလာရတဲ့အခါ “အရမ်းကြိုက်တယ်” လို့ချီးကျူးခံရမှုများရှိသလို “လိုင်းပြောင်းတာ” ဆိုပြီး ဝေဖန်မှုတွေနဲ့လည်း ကြုံတွေ့နေရတာဖြစ်ပါတယ် ။

ဝေဖန်ကြတဲ့သူများကိုလည်း “အနုပညာသမားတစ်ယောက်ဟာ တခြားအနုပညာတစ်ခုကို လှမ်းပိုင်ခွင့်မရှိဘူးလား ” ဆိုပြီးလည်း interview တစ်ခုမှာ သရုပ်ဆောင်မိုးအောင်ရင်က မေးခွန်းထုတ်ထားပါသေးတယ် ။

သူလုပ်သမျှအနုပညာတိုင်းကို အားပေးတဲ့ ပရိတ်သတ်ကိုလဲ ကျေးဇူးတင်ကြောင်း မိုးအောင်ရင်ရဲ့ Facebook စာမျက်နှာမှာလဲ ဖော်ပြထားပါတယ် ။


သတင်းအစုံအလင်နဲ့ ဗဟုသုတများ စဉ်ဆက်မပြတ်ရယူနိုင်ဖို့ Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်

mmlobby

Photo crd

Leave a Reply

Your email address will not be published.