အမျိုးသားထုကြီးရဲ့အချစ်တော် Model နန်းမွေစံ ပတ်စ်ပို့ အသိမ်းခံရ

မင်္ဂလာပါ ချစ်ပရိတ်သတ်တို့ရေ…

တစ်တစ်ခေါက် တင်ဆက်ပေးမှာကတော့ ယောက်ျားလေးပရိတ်သတ်အခိုင်အမာရရှိထားတဲ့ Sexy Model နန်းမွေစံ ရဲ့ ပတ်စ်ပို့သိမ်းခံရခြင်းကြောင့် ဘန်ကောင်ခရီးစဉ်ဖျက်သိမ်းခဲ့ရတဲ့ အကြောင်းလေးပဲဖြစ်ပါတယ်

မော်ဒယ်နန်းမွေစံဟာဆိုရင် Facebook လူမှုကွန်ရက်မှာ Follower 270,000 ကျော် Instagram မှာ Follower 610,000 ကျော် ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ် ။

နန်းမွေစံဟာ ရန်ကုန်မြို့နိုင်ငံကူးလက်မှတ်ရုံးမှာ သက်တမ်းသွားတိုးစဉ် ပက်စ်ပို့ စာအုပ်သိမ်းဆည်း ခံခဲ့ရပါတယ် ။

ဒီ့အတွက်ကြောင့် သူ့ရဲ့ ဘန်ကောက်ခရီးစဉ်ကိုလဲဖျက်သိမ်း ခဲ့ရပါတယ် ။

နန်းမွေစံဟာ သူ့ဖခင်ကျန်းမာရေးကြောင့် ဘန်ကောက်မှာသွားရောက်ကုသရန် ပတ်စ်ပို့ သက်တမ်းတိုးစဉ်မှာ ခုလိုကြုံတွေ့ခဲ့ရတာ ဖြစ်ကြောင်း သူ့ရဲ့ Twitter အကောင့်မှာလည်း မျှဝေထားတာ တွေ့ရပါတယ် ။

နန်းမွေစံဟာ ဆရာဝန်တစ်ယောက်ဖြစ်ပြီး sexy အဖော်အချွတ် ဓာတ်ပုံများရိုက်ကူးခြင်းကြောင့် 2019 ခုနှစ်မှာ သူ့ရဲ့ဆေးကုသခွင့်လိုင်စင် ( ဆမ) အသိမ်းခံခဲ့ရတာလည်းဖြစ်ပါတယ် ။

နန်းမွေစံဟာ ဆက်လက်ပြီး Only Fans website မှာ professional Sexy Model အဖြစ်ရပ်တည်နေသူတစ်ဦးလည်းဖြစ်ပါတယ် ။

သတင်းအစုံအလင်နဲ့ ဗဟုသုတများ စဉ်ဆက်မပြတ်ရယူနိုင်ဖို့ Follow လုပ်ထားဖို့ မမေ့ပါနဲ့နော် 

mmlobby

Photo crd

Leave a Reply

Your email address will not be published.