လက်တွေ့ဒူးနာပျောက်စေတဲ့လိမ္မော်သီးခွံအကျိုးကျေးဇူး

မင်္ဂလာပါ ပရိတ်သတ်တို့ရေ

ဒီကနေ့မှာတော့ စားပြီးတိုင်းလွှင့်ပစ်နေကျ လိမ္မော်သီးအခွံလေးတွေရဲ့ ဒူးနာပျောက်စေတဲ့အကျိုးကျေးဇူးကိုဖော်ပြသွားမှာ ဖြစ်ပါတယ်

အမျိုးသမီးများ အသက် လေးဆယ်ကျော်၊ ငါးဆယ် ဆိုလျှင် ဒူးနာရောဂါက ပေါ်လာတတ်ပါတယ်။

တစ်ချို့ကတော့ အသက် ခြောက်ဆယ်၊ ခုနှစ်ဆယ် ဝန်းကျင်မှာ ဖြစ်တတ်ပြီး ဝ သော အမျိုးသမီးများဖို့ ပိုဆိုးပါတယ် ။

အပေါ်ပိုင်း ဝိတ်က ကြီးသည့်အတွက် ဒူးက ခံနိုင်ရည် မရှိပါဘူး

အသက်အရွယ် ကြီးရင့်လာတဲ့အခါ ဒူးက အဆီခမ်းသည် လို့လည်း ပြောကြပါတယ်

အချို့မှာ သိပ်မဝသော်ငြားလည်း အသက် ခြောက်ဆယ်ဝန်းကျင်အရွယ်ကတည်းက ဒူး နာလာပါတယ်

အင်္ဂလိပ်ဆေးများ အမျိုးမျိုး သောက်ကြည့်သော်လည်း သက်သာလာခြင်း မရှိ

သမားတော်က ပေးသည့် ဆေးများသည်လည်း သက်သာရုံသာရှိသည်။ အရှင်းမပျောက်။

ဗမာ လိမ္မော်သီး အခွံကို ဒူးမှာ အရည် ညှစ်ချခြင်းဖြင့် လက်တွေ့ ရောဂါ ပျောက်ခဲ့ပါသည်။ လိမ္မော်သီး၏ အသားကို ဆိုလိုခြင်း မဟုတ်။ လိမ္မော်သီး အသားကိုတော့ဖြင့် စားချင်လိုသူတိုင်း စားပါစေလေ။

လိမ္မော်ခွံကို လက်ဖြင့် နာနာ ညှစ်ချလိုက်ပါက အရည်လေးတွေ ပန်းထွက်လာပါသည်။

ဒူးပေါ်ကို အမှေးလေးတွေသာ ညှစ်ချပါ။ တစ်နေ့ ၂ခါ၊ ၃ခါ ညှစ်ချလိုက်ပါ။ ၃၊ ၄ ရက်ဆို သိသာလာပါလိမ့်မည်။

စာဖတ်ပရိသတ်များ ဒီနည်းလမ်းကို လက်တွေ့ စမ်းကြည့်ကြပါ ဆိုပေမဲ့ လိမ္မော်သီးက ဗမာ လိမ္မော်သီးမှ ရတာနော်။

ပျားလိမ္မော်တို့ ဘာတို့ဆိုရင် အခွံညှစ်လည်း ဘာအရည်မှ ရမှာ မဟုတ်လို့ မပျောက်ပါဘူးနော်။ အားလုံးပဲ ကျန်းမာကြပါစေ

သတင်းအစုံအလင်နဲ့ဗဟုသုတများအတွက် Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်

mmlobby

credit

Leave a Reply

Your email address will not be published.