မြန်မာရာဇဝင်ထဲက အင်း၀…

အင်းဝမြို့ သမိုင်းမှတ်စု
⚜⚜⚜⚜⚜⚜⚜⚜⚜⚜

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်မြောက်ဘက်တွင်ရှိတဲ့ အင်းဝမြို့ဟာ နှစ်ပေါင်း ၄၀၀ကျော်အောင် သက်တမ်းရှိနေပြီဖြစ်ပါတယ်။

အင်းဝမြို့ကို သက္ကရာဇ်(၇၂၆)ခုနှစ်တွင် သတိုးမင်းဖျား ကစတင်တည်ထောင်ခဲ့ပြီး ကုန်းဘောင်ဆက်ဘကြီးတော် အထိ ထီးနန်းစိုက်ခဲ့ပါတယ်။

အင်းဝဟာ ဧရာဝတီမြစ်နှင့် ဒုဌဝတီမြစ်တို့ဆုံရာတွင်တည်ရှိပြီး အရှေ့ဘက် တရုတ်ပြည်၊ယူနန်နှင့် အနောက်ဘက် အိန္ဒိယတို့မှ လာသည့်လမ်းကြောင်းများဆုံရာဖြစ်ပါသည်။

အင်းကိုးအင်းကို ဖို့ပြီးတည်ထားသဖြင့် အင်းနဝမှအင်းဝသို့ခေါ်ခဲ့ခြင်းဖြစ်သည်။ အင်းဝ၏အခြားသောအမည်ခွဲများမှာ အင်းနဝ၊ရွှေဝ၊အဝနှင့် ရတနာပူရတို့ဖြစ်ပါတယ်။ ပြီးတော့ အင်းဝဟာ မြန်မာရဲ့မင်းနေပြည်တော်များအနက်မှ သက်တမ်းအရှည်ဆုံးမြို့ဖြစ်ပြီး မင်းဆက်လေးဆက်တိုင်အောင်နန်းစိုက်ခဲ့ပါသည်။

အကယ်၍များ မန္တလေးမြို့ဘက်ရောက်ခဲ့လို့ အင်းဝဘက်ကို ရောက်ခဲ့ရင် ဘယ်ကိုသွားကြမလဲ…?

1.မြို့ရိုး(၃)ခု ၊ကျုံးနှင့် အင်းဝနန်းတော်ရာ အင်းဝမြို့ဟောင်းမှာ မြို့ရိုး(၃)ခုရှိပါသည်။ အတွင်းမြို့ရိုး၊ စည်တိုပုံမြို့ရိုးနှင့် အပြင်မြို့ရိုးတို့ ဖြစ်ပါသည်။ သမိုင်းကိုသဘောကျပြီး ရှေးခေတ် မြို့ရိုးတည်ဆောက်ပုံလေ့လာချင်သူများအတွက်သွားရောက်သင့်ပါသည်။ အင်းဝမြို့ဟောင်းရှိ နန်းတော်အပါအဝင် အခြားအဆောက်အအုံအများစုသည် စစ်ဘေးဒဏ်၊ မီးဘေးဒဏ်၊ ရာသီဥတုဒဏ်၊ လူနှင့် တိရစ္ဆာန်ဒဏ်တို့ကြောင့် ခေတ်အဆက်ဆက်တည်ဆောက်ခဲ့သော နန်းတော်ပုံစံကိုပင်အတိအကျမမြင်ရတော့ပါ။သို့ပေမယ့် ၎င်းနန်းတော်ရာကိုရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနကထိန်းသိမ်းထားပါသည်။

2.အင်းဝရဲ့ရွှေစည်းခုံစေတီ
အင်းဝမြို့ရဲ့လည်ပတ်စရာက တစ်နေရာနဲ့တစ်နေရာ နီးကပ်နေတာ အားသာချက်ပါ။အချိန်သိပ်မပေးရပဲ လေ့လာစရာတွေကို မြင်ရတာမို့ပါ။ ဒီရွှေစည်းခုံစေတီတော်က စည်တိုပံမြို့ရိုးရဲ့ အနောက်တောင်ထောင့်မှာတည်ထားတာပါ။ ပထမအင်းဝခေတ်ရဲ့မင်းကြီးစွာစော်ကဲက ဘုန်းကြီးလို၊အသက်ရှည်လိုသော်ဆုတောင်းဖြင့် အေဒီ ၁၃၇၀ခုနှစ်မှာ တည်ထားခဲ့ခြင်းဖြစ်ပါတယ်။ စေတီတော်ကြီး၏ပုံစံမှာ ညောင်ဦးရွှေစည်းခုံစေတီတော်နှင့် ပုံစံတူပင်ဖြစ်သည်။

3.နန်းမြင့်မျှော်စင်
နန်းမြင့်မျှော်စင်သည်လည်း စည်တိုပုံမြို့ရိုး၏အတွင်းဘက် နန်းတော်မေရာ၏ အရှေ့မြောက်ထောင့်တွင်တည်ရှိပါသည်။ ဘကြီးတော်မင်းလက်ထပ် အေဒီ ၁၈၂၂ ခုနှစ်တွင်တည်ဆောက်ခဲ့ပြီး အလျား(၃၀)ပေ၊ အနံ (၃၀)ပေ၊အမြင့် (၆၀) ပေရှိ၍ အင်္ဂတေနှင့် သစ်သားပေါင်းစပ်တည်ဆောက်ထားပါသည်။ ငလျင်ဒဏ်ကိုခံခဲ့ရသော်လည်း မျှော်စင်၏အဓိကကိုယ်ထည်သာမြောက်ဘက်သို့အနည်းငယ်တိမ်းစောင်းခြင်းသာရှိပြီး ယခုတိုင်အောင် ခိုင်ခန့်ကြံခိုင်နေပါသည်။

4.ဗားကရာကျောင်း
စည်တိုပုံမြို့ရိုးရဲ့ အပြင်ဘက်တတိယမြို့ရိုးအတွင်း လောကသရဖူဘုရားကြီး၏ တောင်ဘက်တွေတည်ရှိပါသည်။ အဆောက်အဦးကိုသစ်သားကျွန်းတိုင်များဖြင့် တည်ဆောက်ထားပြီး ကျွန်းတိုင်ပေါင်း ၂၆၇လုံးပါရှိပါသည်။ ဗားကရာကျောင်း၏ အကျယ်အဝန်းမှာ အလျား၁၈၈ ပေ အနံ ၁၀၃ပေတိုင်အောင်ကျယ်ဝန်းပါတယ်။ ကျောင်းတော်ကြီး၏ ဘေးပတ်လည်မှာ အုတ်လှေကား ၅စင်းတပ်ဆင်ထားပြီး ပြသာဒ်ဆောင်တွင် ကိန္နရာရုပ်များ၊ ပွတ်လုံးများ၊ နတ်ရုပ်များ တန်ဆာဆင်ထားပြီး အတွင်းလက်ရန်းများတွင် ဘီလူးရုပ်များ ဒေါင်းရုပ်များ စသည်ဖြင့် အလှဆင်ထားပါသည်။ အထဲကိုရောက်ခဲ့ရင် သေချာလေ့လာကြည့်ကြပါ။

5.ထီးလှိုင်ရှင်စေတီနှင့် လောကသရဖူဘုရားကြီး
အင်းဝမြို့ဟောင်း စည်တိုပုံမြို့ရိုးအတွင်း မယ်နုအုတ်ကျောင်း၏ အရှေ့တောင်ဘက်တွင် ထီးလှိုင်ရှင် စေတီတော် တည်ရှိပါသည်။ ကျန်စစ်သားမင်းကြီးက အောင်မြေအဖြစ်သတ်မှတ်ခဲ့သော နေရာလဲ ဖြစ်ပါသည်။ အင်းဝမြို့ဟောင်း စည်းတိုပုံမြို့ရိုး ၏ အနောက်ဘက် ဆင်ကျုံးခံတပ်၏ အရှေ့ဘက်တွင် လောကသရဖူဘုရားကြီးတည်ရှိပါသည်။

6.ညောင်ရမ်းခေတ်ရဲ့ဘုရားများ
အင်းဝမြို့ဟောင်း ဗားကရာကျောင်း၏ အနောက်ဘက်တွင် ညောင်ရမ်းခေတ်ဘုရားများဖြစ်သော ဝင်္ကပါဘုရား၊မြင်းမိုရ်တောင်ဘုရား၊ညောင်ရမ်းခေတ် လောကဒုသာမာရ်အောင်စေတီ၊ ညောင်ရမ်းခေတ်ကြောင်လိန်ဘုရား စသည့် ဘုရားတို့ကို တစ်စုတစ်စည်းထဲတွေ့နိုင်ပါသည်။

7.လေးထပ်ကြီးကျောင်း
အင်းဝမြို့ဟောင်း တတိယမြို့ရိုးအတွင်း ဟံသာဝတီကျေးရွာ စန္ဒာမုနိဘုရား၏ အနောက်ဘက်တွင်တည်ရှိပါသည်။ ညောင်ရမ်းမင်းတရားလက်ထပ်တွင် လေးထပ်ကျောင်းကြီးကို ကျောင်းရံ၄၀နှင့်တကွ တည်ဆောက်ခဲ့ပြီး မီးဒဏ်၊ငလျင်ဒဏ်တို့ခံခဲ့ရသော်လည်းယခုတိုင်းကောင်းမွန်ကြံ့ခိုင်နေပါသေးသည်။

8.အောင်မြေဘုံစံအုတ်ကျောင်း သို့မဟုတ် မယ်နုအုတ်ကျောင်း
စည်တိုပုံမြို့ရိုး၏ အရှေ့မြောက်အရပ် ထီးလှိုင်ရှင်စေတီ၏ အနောက်မြောက်ဘက်တွင်တည်ရှိပါသည်။ အေဒီ ၁၈၂၂ တွင် ဘကြီးတော်မင်းတရားကြီးနှင့် နန်းမတော်မယ်နုတို့မှ လှူဒါန်းခဲ့ကြပါသည်။ ထိုကျောင်းကြီးကိုဆောက်လုပ်ရာတွင် ၅နှစ်ကျော်ကြာမြင့်ခဲ့ပြီး ထိုခေတ်ကပင် ငွေ သုံးသောင်းကျော် ကုန်ကျခဲ့ပါသည်။ ကျောင်းကြီးကို အုတ်၊အင်္ဂတေ တို့ဖြင့် မိဖုရားခေါင်ကြီး မယ်နုက တည်ဆောက်ခဲ့သောကြောင့် မယ်နုအုတ်ကျောင်းဟု ထင်ရှားခဲ့ပါသည်။ အုတ်ကျောင်း၏အကျယ်အဝန်းမှ အလျား ၁၉၂ပေ၊ အနံ ၁၁၂ပေ အမြင့် ၉၄ပေထိအောင်ရှိပါသည်။

9.ဆင်ကျုံးခံတပ်
အင်းဝမြို့ဆင်ကျုံးကျေးရွာ၏ အနောက်ဖျား ဧရာဝတီမြစ်တောင်ဘက်တွင်တည်ရှိပါသည်။ စတုရန်းပုံဖြစ်ပြီး အုတ်တံတိုင်းသုံးထပ်ပါရှိပါသည်။ထိုခံတပ်ပုံစံအား ကင်းဝန်မင်းကြီးနှင့်အဖွဲ့က အနောက်နိုင်ငံ အင်္ဂလန်ကျွန်းအကြားရှိ ပင်လယ်အထွက်ရေလက်ကြား များတွေဆောက်လုပ်သော ပေါစမောက် မြို့ရှိခံတပ်များဆောက်လုပ်ပုံကိုနမူနာယူကာဆောက်လုပ်ထားခြင်းဖြစ်ပါသည်။

  1. အင်းဝရှေးဟောင်းသုတေသနပြတိုက်
    လေ့လာစရာတွေပေါများသော အင်းဝရှေးဟောင်းသုတေသနပြတိုက်ကိုလဲ သွားရောက်လေ့လာသင့်ပါသည်။ပြတိုက်မှာ ပြခန်း၃ခန်းရှိပြီး ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ပစ္စည်းများ၊ ဝတ်စားတန်ဆာများ၊ကျောက်စာများ၊ အင်းဝခေတ်စာဆိုများ၏စာရင်းများစသည်တို့ကို တွေ့မြင်နိုင်ပါသည်။

အကယ်၍များ အင်းဝမြို့ဟောင်းကိုရောက်ခဲ့သည်ရှိသော် လေ့လာစရာတွေကို သိထားပြီး နေရာတစ်ခုနဲ့တစ်ခုကလဲ နီးကပ်နေတော့ အချိန်ပေးရကျိုးနပ်မှာပါဗျာ။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

အင်းဝမြို့

မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီးရှိ မြို့ …အင်းဝမြို့သည် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြန်မာ့သမိုင်းတွင် အလွန်ကျော်စောသောမြို့ဖြစ်သည်။

မြို့သက်တမ်းမှာ ၁၉၁ နှစ်တိုင်ကြာမြင့်သည်။ မြန်မာ့သမိုင်းတစ်လျှောက် မင်းဆက်ပေါင်း ၃ ဆက်၏ ၄ ကြိမ်တိုင်တိုင် မင်းနေပြည်တော်အဖြစ် နန်းစိုက်ခဲ့သော မြို့ဖြစ်သည်။

ထိုမင်းဆက်များမှာ အင်းဝမင်းဆက်(၁၃၆၄-၁၅၂၇/၁၅၅၅)
ညောင်ရမ်းမင်းဆက် (၁၆၀၀-၁၇၅၂) နှင့် ကုန်းဘောင်မင်းဆက် (နှစ်ကြိမ်)

အင်းဝ
အဝ၊ ရွှေဝ

အင်းဝမြို့ တည်နေရာ
ကိုဩဒိနိတ်: 21°51′N 95°59′E
နိုင်ငံ မြန်မာနိုင်ငံ
တိုင်းဒေသကြီး မန္တလေးတိုင်းဒေသကြီး
ခရိုင် ကျောက်ဆည်ခရိုင်
တည်ထောင် ၁၆ ဖေဖော်ဝါရီ ၁၃၆၅
လူဦးရေ
• လူမျိုးစု ဗမာ
• ဘာသာ ထေရဝါဒ ဗုဒ္ဓဘာသာ
အချိန်ဇုန် မြန်မာစံတော်ချိန် (UTC+6.30)
တို့ဖြစ်ကြသည်။

တည်နေရာ နှင့် အမည်ရင်းမြစ်
အင်းဝမြို့သည် ဧရာဝတီမြစ်နှင့် မြစ်ငယ်မြစ် (ဒုဌဝတီမြစ်)တို့ ဆုံရာအရပ်တွင် တည်ရှိသည်။ တံတားဦးမြို့နှင့် သုံးမိုင်မျှသာ ဝေးသည်။ မန္တလေးမြို့မှ (၁၁)မိုင်ခန့် ဝေးသည်။

ရှေးအခါ အင်းဝမြို့တည်ရှိသော နေရာသည် မိုးကာလ ရေတက်ချိန်တွင် ရေများဖုံးလွှမ်းတတ်လေ့ရှိကာ ရေပြန်ကျချိန်တွင် မညီညာသည့် မြေမျက်နှာသွင်ပြင်ကြောင့် မြစ်ကျိုးအင်းများဖြစ်ကျန်နေတတ်သည် ဟုဆိုသည်။

မူလအစက အင်းဝနေရာတွင် မြို့တည်ရန် ကြိုးပမ်းသူမှာ ပင်းယ တစ်စီးရှင်သီဟသူဖြစ်သည်။ သုံးကြိမ်တိုင်တိုင်တည်သော်လည်း မြစ်ရေတက်ချိန်တွင် ရေပတ်လည်ဝိုင်းကာ မြို့ကိုရေတိုက်စားသဖြင့် မြို့ပျက်လေသည်။

ထို့ကြောင့် ပင်းယသို့ ပြောင်းရွှေ့နန်းတည်ခြင်းဖြစ်သည်။ ထို့ကြောင့် သတိုးမင်းဖျား(၁၃၆၄-၁၃၆၇) အင်းဝမြို့တည်စဉ်က ထိုအင်းများရှိသည့်နေရာကို ရှောင်ရှားခြင်း၊ မြေဖို့ခြင်းများကို ဦးစွာပြုလုပ်ခဲ့သည်။

အင်းများရှိရာအရပ်ဖြစ်သည်ကြောင့်၎င်း၊ မြစ်နှစ်ကြောင်းဆုံရာ မြစ်ဝတွင်ရှိသည်ကြောင့်၎င်း အင်းဝ ဟုခေါ်တွင်ခဲ့ခြင်းဖြစ်သည်။ ၁၊ဖေဖော်ဝါရီ၊ ၁၃၆၅ က သမုတ်ခဲ့သည့် နာမည်မှာ ရတနာပူရ ဖြစ်သည်။

ထို့အတူ မြို့တည်စဉ်ကအင်း၉အင်းကို ယတြာချေသည့် အနေဖြင့် မြေဖို့စေသောကြောင့် အင်းနဝဟူ၍လည်းခေါ်ကြသည်။

သို့သော် နောက်ပိုင်း ညောင်ရမ်းခေတ်အရောက်တွင် အဝ ၊ ရွှေဝ အစရှိသဖြင့် ခေါ်ဝေါ်ကြသည်။ အချို့ရှေးဟောင်းကျောက်စာများတွင် အခွဆုမ် (အခွဆုံ) ဟူသော အသုံးအနှုန်းမျိုးဖြင့်လည်း ခေါ်သည်ကိုတွေ့ရတတ်သည်။

ရှေးခေတ် အင်းဝမြင်ကွင်း
“‘တုတ်ခွန်သွင်း-အင်းဝမြို့တည်”‘ ဆိုသော ရာဇဝင်အမှတ်အသားအရ သက္ကရာဇ် (၇၂၆)ခုနှစ်တွင် သတိုးမင်းဖျားသည် ပင်းယနှင့် စစ်ကိုင်းတို့ကို ဖျက်သိမ်း၍ အဝ (အင်းဝ) နေပြည်တော်ကို တည်ထောင်သည်။

အမည်ကွဲများ

အင်းဝမြို့၏ အမည်ကွဲ၅မျိုးမှာ
အင်းဝ
အင်းနဝ
ရွှေဝ
အဝ နှင့်
ရတနာပူရ
တို့ဖြစ်ကြသည်။

အင်းဝမြို့ သမိုင်း

ပထမအင်းဝ

အင်းဝမြို့ကို စတင်တည်ထောင်သူမှာ အင်းဝမင်းဆက်ကို စတင်တည်ထောင်သူ တကောင်းမင်းဆက် သတိုးမင်းဖျား ဖြစ်သည်။ သတိုးမင်းဖျားသည် ပင်းယမြို့နှင့် စစ်ကိုင်းမြို့များကို အောင်နိုင်သိမ်းပိုက်ပြီးနောက် ပင်းယမြို့တွင် ခေတ္တစံနေတော်မူစဉ် မြန်မာသက္ကရာဇ် ၇၂၆-ခုနှစ်၊ တပေါင်းလဆန်း(၆)ရက်၊ အင်္ဂါနေ့ (အေဒီ-၁၃၆၄)တွင် အင်းဝမြို့ကို စတင်တည်ဆောက်ခဲ့သည်။ မြို့တည်သက္ကရာဇ်ကို ထုတ်ခွန်သ အင်းဝတည် ဟူ၍ အမှတ်သညာ ပြုခဲ့ကြသည်။

ကျောက်မျက်ရတနာတို့၏ မြို့တော်အဖြစ် တင်စားကာ ရတနာပူရ အင်းဝရွှေမြို့တော် ဟူ၍ ခေါ်ဝေါ်သမုတ်သည်။ ဧရာဝတီ၊ ဒုဋ္ဌဝတီ၊ စမုံ၊ ဇော်ဂျီ၊ ပန်းလောင် မြစ်ငါးခုဆုံရာအရပ်တွင် အင်းလေးခုကိုဖို့ပြီး ၁၃၆၅တွင် မြို့တော်ကို ရတနာပူရ ဟု၎င်း၊ နန်းတော်အား ရွှေဘုံသာ ဟု၎င်း သမုတ်သည်။ ထိုအချိန်မှအစပြုသည့် အင်းဝမင်းဆက် တစ်လျှောက်လုံးတွင် အင်းဝမှာ မြန်မာ မင်းနေပြည်တော်အဖြစ် အောက်ပြည်အရပ် ရာမညမှ မဂဒူး မင်းဆက်နှင့် စစ်ပြိုင်ပြုခဲ့ကြသည်။ မင်းဆက်များမှာ ရှမ်းမင်းများ (သို့) ရှမ်းသွေးနွယ်သောမင်းများဖြစ်ကြသည်။ ထို့ကြောင့်အင်းဝခေတ်ကို ပထမရှမ်းခေတ်ဟု ခေါ်ကြသည်။ အင်းဝမင်းဆက်မှ ဒုတိယမင်းဆက်ဖြစ်သူ မင်းကြီးစွာစော်ကဲမှသည် စတုတ္ထမြောက် မင်းဆက်ဖြစ်သူ ဘုရင်မင်းခေါင် လက်ထက်များအထိ ဟံသာဝတီ မွန်ဘုရင် ရာဇာဓိရာဇ် နှင့် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ် ကို တိုက်ခိုက်ခဲ့ကြသည်။ နောက်ဆုံးမင်းဖြစ်သည့် ရွှေနန်းကျော့ရှင်နရပတိ လက်ထက် အင်းဝ၏ အင်အားဩဇာ ယုတ်လျော့ ကျဆင်းချိန်တွင် အင်အားကြီးမားလာသည့် မိုးညှင်းစလုံ နှင့် ၎င်း၏သား သိုဟန်ဘွားတို့က အင်းဝကို သိမ်းပိုက်လိုက်ပြီး ရွှေနန်းကျော့ရှင်လည်း ကျဆုံးလေသည်။ ထို့နောက် သိုဟန်ဘွားမင်းပြုရာ ရက်စက်လွန်းလှသဖြင့် မြန်မာအမတ် မင်းကြီးရန်နောင်က ဦးဆောင်လုပ်ကြံလိုက်သည်။ မင်းကြီး ရန်နောင်အား မှူးမတ်တို့က နန်းအပ်သော်လည်း အခြား ရှမ်းစော်ဘွား တစ်ဦးဖြစ်သည့် အုန်းဘောင်ခုံမှိုင်းအား နန်းအပ်ရန် မှာကြားခဲ့ပြီး ရဟန်းပြုကာ တောထွက်သွားခဲ့သည်။ ဘုရင့်နောင် ဟံသာဝတီတွင် နန်းတက်ပြီးနောက်တွင် အင်းဝကို သိမ်းပိုက်ကာ ညီတော် မင်းရဲကျော်ထင်အား သတိုးမင်းစောဘွဲ့ဖြင့် အင်းဝဘုရင်ခံအဖြစ် နန်းအပ်ကာ အုပ်ချုပ်စေသည်။ ဘုရင့်နောင်နောက် နန္ဒဘုရင် လက်ထက်တွင် ဖြစ်ပေါ်လာသည့် နိုင်ငံတော်ပြိုကွဲမှု၏ အစမှာလည်း အင်းဝမှပင် ဖြစ်ရသည်။ နန္ဒဘုရင် နှင့် သတိုးမင်းစောတို့ ဆွေမျိုးများ အချင်းချင်း မသင့်မြတ်ရာမှ ဟံသာဝတီနှင့် အင်းဝတို့ စစ်ပြုရာ အင်းဝဘုရင် သတိုးမင်းစော ကျဆုံးပြီးနောက် နန္ဒဘုရင်က မင်းလက်ယာ၊ ၎င်းလွန်လျှင် သားတော် မင်းရဲကျော်စွာ တို့ကို နန်းအပ်သည်။ နောက်ပိုင်းတွင် ပြည်တွင်းရေး မငြိမ်သက်မှုများကြောင့် အင်းဝမှ မင်းရဲကျော်စွာလည်း ဟံသာဝတီသို့ ပြန်လည်ခေါ်ဆောင်ခံရကာ အင်းဝမှာ မင်းလစ်လပ်နေခဲ့ပြီး မြို့ပျက်ကြီးသဖွယ် နှစ်အတန်ကြာနေခဲ့ရသည်။

ဒုတိယအင်းဝ

ညောင်ရမ်းမင်းဆက်ကို တည်ထောင်သူရှင်သစ္စာ(ညောင်ရမ်းမင်း)၁၆၀၀-တွင်အင်းဝကို သိမ်းပိုက်မင်းပြုရာမှအင်းဝမှာမင်းနေပြည်တော်အဖြစ်ပြန်လည်သတ်မှတ်ခံခဲ့ရသည်။သို့ရာတွင်ညောင်ရမ်းမင်းဆက်မှအနောက်ဖက်လွန်မင်း(ညောင်ရမ်းမင်း၏သားတော်ကြီးသခင်လတ်)လက်ထက်တွင် အောက်ပြည်အရပ်ကို သိမ်းသွင်းရန်နန်းသက် တစ်လျှောက်လုံးနီးပါးမျှဟံသာဝတီတွင်နန်းစိုက်နေခဲ့ရသည်။သာလွန်မင်း(၁၆၂၈-၁၆၄၈)လက်ထက်ရောက်မှအင်းဝသည် မင်းနေပြည်တော်အဖြစ် ပြန်လည်ရောက်ရှိလာရသည်။ညောင်ရမ်းမင်းဆက် နောက်ဆုံးအချိန်များတွင် မင်းများညံ့ဖျင်းသည်ကြောင့်၎င်း၊ရာသီဥတု ဖောက်ပြန်သည်ကြောင့်၎င်း တိုင်းပြည်အနှံ့မငြိမ်မသက်ဖြစ်ကာမဟာဓမ္မရာဇာဓိပတိလက်ထက်တွင် ဟံသာဝတီမှမွန်တို့က သမိန်ထောဗုဒ္ဓကိတ္တိကို မင်းမြှောက်ပြီးပုန်ကန်ကြလေသည်။အင်းဝမှ မနှိမ်နင်းနိုင်ပဲရှိစဉ် သမိန်ထောဗုဒ္ဓကိတ္တိကို သူ့၏ယောက္ခမတော်သူ ဆင်ဝန်ဦးအောင်လှက တေဇာထဲသို့လိုက်ခါ်သည်ကိုပုန်ကန်သည်ဟုထင်ပြီး ထွက်ပြေးသဖြင့် ဇင်းမယ်ရှမ်းလူမျိုးဖြစ်သူဦးအောင်လှမှ ဗြညားဓိရာဇာဘွဲ့ခံပြီးညီတော်ကိုအိမ်ရှေ့အရာထားကာ ဟံသာဝတီကိုမင်းပြုလေသည်။၁၇၅၁-တွင်မွန်ဘုရင်ဗညားဒလသည် အင်းဝကိုတိုက်ခိုက်သိမ်းပိုက်ကာ ဘုရင်မဟာဓမ္မရာဇာဓိပတိကိုမိဖုရား၊သား၊သမီး၊ဆွေမျိုးတို့နှင့်တကွ ဟံသာဝတီသို့ဖမ်းဆီးခေါ်ဆောင်သွားသဖြင့် အင်းဝထီးနန်းပျက်လေသည်။မွန်စစ်သူကြီး တလပန်းကိုစစ်သည်လေးသောင်းဖြင့် အင်းဝတွင်အစောင့်ထားခဲ့ကာ မြန်မာပြည်အောက်ပိုင်းကိုထိပါးလာသော ယိုးဒယားတို့ကိုရင်ဆိုင်တိုက်ခိုက်ရန်အတွက် ဗညားဒလ ဟံသာဝတီသို့ပြန်လေသည်။နောက်ပိုင်းတွင် ဟံသာဝတီရှိဗမာတို့က ကယ်တင်မည်ကိုးစိုးရိမ်သလို၊ဗေဒင်ဝါသနာရှင် မဟာဓမ္မရာဇာဓိပတိ၏ ခေါင်းပိုင်းပုပ်ပြီးသေနေသောငါး၏အမြှီးပိုင်းတဖြတ်ဖြတ်လှုပ်ခတ်ခြင်းကိုဘမြင်တွေ့ပြီးနမိတ်ဖတ်သော စကားတို့ကိုမကြိုက်သဖြင့်အစ်ကိုတော်မင်းမြတ် နတ်ပြည်သို့သွား၍မင်းပြုလေတော့ဟု ဆိုကာ၊မင်း၊မိဖုရားနှင့်သားသမီးဆွေမျိုးအပေါင်းအပါတို့ကို ရေချကွပ်မျက်သဖြင့် အင်းဝမင်းဆက်ပျက်လေသည်။အောက်အရပ်မှ ယိုးဒယားတို့နှင့်ရင်ဆိုင်တိုက်ခိုက်နေရသော မွန်ဘုရင်သည် ထိုင်းနှင့်ဖြစ်သောစစ်အတွက် အင်းဝတွင်ထားသောစစ်သူကြီးတလပန်းကို ဟံသာဝတီသို့ပြန်ခေါ်ခဲ့သဖြင့် မုဆိုးဖိုရွာသူကြီး ဦးအောင်ဇေယျအနေဖြင့် အလွန့်အလွန်အဖိုးထိုက်တန်သော လူသူ၊လက်နက်ရိက္ခာနှင့်ပတ်ဝန်းကျင်မြို့ရွာများကိုစုစည်းစည်းရုံးပြီး၊စစ်အင်အားကြီးမားလာအောင် အချိန်ယူပြီးပြင်ဆင်နိုင်ခွင့်ရရှိခဲ့ပြီး တကယ်တမ်းလည်းအကျိုးရှိအောင်လူသူလက်နက်ရိက္ခာပြည့်စုံအောင်စည်းရုံးနိုင်ခဲ့သောကြောင့် အချိန်လွန်မှအင်အားအလုံးအရင်းနှင့် လာတိုက်ခဲ့သောမွန်တို့ကို အထက်မြန်မာပြည်တွင်တွန်းလှန်နိုင်ခဲ့ပြီး၊အင်အားကောင်းသထက်ကောင်းလာကာ နောက်ဆုံးတွင် ဟံသာဝတီနေ့ပည်တော်ပဲခူးမြို့ကိုပါ ၁၇၅၇ တွင်သိမ်းပိုက်ဖျက်ဆီးခဲ့ပြီး တတိယမြန်မာနိုင်ငံတော်ကြီးကိုကုန်းဘောင်မင်းဆက်တည်ထောင်သူအလောင်းဘုရားမှ ဦးဆောင်စုစည်းနိုင်ခဲ့ခြင်းဖြစ်ပါသည်။ မွန်ဘုရင်ဗညားဒလအနေဖြင့် အချိန်တစ်နှစ်ခန့်ကို အကျိုးရှိရှိသုံးပြီး၊အင်းဝတွင်စစ်အင်အားအလုံးအရင်းဖြင့်ရှိနေသော မွန်စစ်သူကြီတလပန်းကိုသာ မုဆိုးဖိုရွာကိုတိုက်ခိုက်နှိမ်နင်းပြီး အင်အားကိုချိုးနှိမ်ထားနိုင်ပါက တတိယမြန်မာနိုင်ငံ၏သမိုင်းကြောင်းမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပါသည်။

တတိယအင်းဝ

ညောင်ရမ်းမင်းဆက်ကျဆုံးပြီးနောက် အလောင်းဘုရားက မွန်တို့ကို တွန်းလှန်ကာ မြန်မာတို့ကိုသာမက အယုဒ္ဒယထိပါ တိုက်ခိုက်ခဲ့သည်။ ထိုအချိန်များအတွင် အင်းဝမှာ နန်းမြို့အဖြစ်မှ လျှောကျနေခဲ့ရသည်။ဆင်ဖြူရှင်လက်ထက်အရောက်တွင် အင်းဝကို နန်းမြို့အဖြစ် ပြန်လည်အသုံးပြုသည်။ သို့သော်ဘိုးတော်ဘုရား လက်ထက်တွင်မူ အမရပူရသို့ပြောင်းရွှေ့နန်းစံပြီး ဘကြီးတော်မင်း ၁၈၂၃တွင် အင်းဝသို့ ပြောင်းရွှေ့စံမြန်းပြန်သည်။ နောက်ဆုံး ၁၈၃၉တွင် အလွန်ပြင်းထန်ပြီး အပျက်အစီးများလှသော၊ လူပေါင်းများစွာ သေကြေခဲ့ရသော အင်းဝငလျင်ကြီး လှုပ်ခတ်ပြီးနောက်တွင် သာယာဝတီမင်းသည် မြို့တော်ကို အမရပူရသို့ ပြန်လည်ရွှေ့ပြောင်းလိုက်ရပြီး အင်းဝမှာလည်း ပျက်စီးမှုကြီးလှသောကြောင့် မင်းနေပြည်တော်အဖြစ်သို့ ပြန်လည်မရောက်ရှိနိုင်တော့ပေ။

ကြောင်လိန်း ဝင်္ကပါ ဘုရား

ဗားကရာကျောင်းကနေ ညာဘက်ချိုးလိုက်ပြီး လှည်းလမ်းလေးအတိုင်း ဝင်သွားရတာပါ။ အုတ်ကျောင်းကြီးတွေနှင့် ဘုရားတွေ တွေ့ရတဲ့ ဘုရားအစုဖြစ်ပြီး သမိုင်းကြောင်းနှင့် ဘုရားအမည်တွေကိုတောင် သေချာမသိခဲ့ရတဲ့ ဘုရားအစုပါ။ ဘုရားနာမည်တွေက လမ်းညွှန်ဆိုက်းဘုတ်မှာ တွေ့ခဲ့ရလို့ သိပေမယ့် အဲနားရောက်သွားတော့ ဘယ်အဆောက်အအုံက ဘယ်ဘုရားလို့ မသိခဲ့ရလို့ပါ ကပ်ရက်မှာတော့ မြင်းမိုရ်တောင်ဘုရား ဆိုတာလည်း ရှိပါတယ်။

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝမြို့ဟောင်းမြို့ရိုး နေရာများမှာ စန္ဒာပူရီနှင့် ကျိုင်းရုံး မြို့တံခါးကြား၊ အာသံနှင့် ဇင်းမယ်တံခါးကြား၊ အင်းဝမြို့ဟောင်း အပြင်ဘက်မြို့ရိုးများ ဖြစ်သည်။

.မြို့ရိုး(၃)ခု ၊ကျုံးနှင့် အင်းဝနန်းတော်ရာ အင်းဝမြို့ဟောင်းမှာ မြို့ရိုး(၃)ခုရှိပါသည်။ အတွင်းမြို့ရိုး၊ စည်တိုပုံမြို့ရိုးနှင့် အပြင်မြို့ရိုးတို့ ဖြစ်ပါသည်။

သမိုင်းကိုသဘောကျပြီး ရှေးခေတ် မြို့ရိုးတည်ဆောက်ပုံလေ့လာချင်သူများအတွက်သွားရောက်သင့်ပါသည်။

အင်းဝမြို့ဟောင်းရှိ နန်းတော်အပါအဝင် အခြားအဆောက်အအုံအများစုသည် စစ်ဘေးဒဏ်၊ မီးဘေးဒဏ်၊ ရာသီဥတုဒဏ်၊ လူနှင့် တိရစ္ဆာန်ဒဏ်တို့ကြောင့် ခေတ်အဆက်ဆက်တည်ဆောက်ခဲ့သော နန်းတော်ပုံစံကိုပင်အတိအကျမမြင်ရတော့ပါ။

သို့ပေမယ့် ၎င်းနန်းတော်ရာကိုရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနကထိန်းသိမ်းထားပါသည်။

အင်းဝရဲ့ရွှေစည်းခုံစေတီ

အင်းဝမြို့ရဲ့လည်ပတ်စရာက တစ်နေရာနဲ့တစ်နေရာ နီးကပ်နေတာ အားသာချက်ပါ။အချိန်သိပ်မပေးရပဲ လေ့လာစရာတွေကို မြင်ရတာမို့ပါ။ ဒီရွှေစည်းခုံစေတီတော်က စည်တိုပံမြို့ရိုးရဲ့ အနောက်တောင်ထောင့်မှာတည်ထားတာပါ။ ပထမအင်းဝခေတ်ရဲ့မင်းကြီးစွာစော်ကဲက ဘုန်းကြီးလို၊အသက်ရှည်လိုသော်ဆုတောင်းဖြင့် အေဒီ ၁၃၇၀ခုနှစ်မှာ တည်ထားခဲ့ခြင်းဖြစ်ပါတယ်။ စေတီတော်ကြီး၏ပုံစံမှာ ညောင်ဦးရွှေစည်းခုံစေတီတော်နှင့် ပုံစံတူပင်ဖြစ်သည်။

..နန်းမြင့်မျှော်စင်

နန်းမြင့်မျှော်စင်သည်လည်း စည်တိုပုံမြို့ရိုး၏အတွင်းဘက် နန်းတော်မေရာ၏ အရှေ့မြောက်ထောင့်တွင်တည်ရှိပါသည်။ ဘကြီးတော်မင်းလက်ထပ် အေဒီ ၁၈၂၂ ခုနှစ်တွင်တည်ဆောက်ခဲ့ပြီး အလျား(၃၀)ပေ၊ အနံ (၃၀)ပေ၊အမြင့် (၆၀) ပေရှိ၍ အင်္ဂတေနှင့် သစ်သားပေါင်းစပ်တည်ဆောက်ထားပါသည်။ ငလျင်ဒဏ်ကိုခံခဲ့ရသော်လည်း မျှော်စင်၏အဓိကကိုယ်ထည်သာမြောက်ဘက်သို့အနည်းငယ်တိမ်းစောင်းခြင်းသာရှိပြီး ယခုတိုင်အောင် ခိုင်ခန့်ကြံခိုင်နေပါသည်။

ဗားကရာကျောင်း

ရှေးဟောင်းမြန်မာ့ဗိသုကာနှင့် ပန်းပုလက်ရာအနုပညာအမွေအနှစ်အများအပြားတွေ့ရှိနိုင်တဲ့ကျောင်းပါ။ မြန်မာသက္ကရာဇ် ၁၁၉၆ ခုနစ် ဘကြီးတော်မင်းလက်ထက်မှာ ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ကျွန်းတိုင်ပေါင်း ၂၆၇ လုံးရှိတဲ့ သစ်သားကျောင်းတော်ကြီးပါ။

လောကသရဖူဘုရား

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့၏ မြောက်ဘက် ၄ မိုင်ခန့်အကွာ အင်းဝမြို့ဟောင်း ဆင်ကျုံးကျေးရွာ ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသည့် မဟာလောကသရဖူဘုရားကြီးသည် ရှေးဟောင်းတန်ခိုးကြီးဘုရားတစ်ဆူဖြစ်ပါသည်။

အင်းဝမြို့ ညောင်ရမ်းမင်းဆက်ဖြစ်သော ဆင်ဖြူရှင် တနင်္ဂနွေမင်းကြီးသည် သက္ကရာဇ် ၁၀၉၂ ခုနှစ်တွင် စတင်တည်ထားရာ မပြီးစီးမီ နတ်ရွာစံ၍ သားတော်ဓမ္မရာဇာဓိပတိ ကြာသပတေးမင်း (ဟံသာဝတီရောက်မင်း)က ၁၀၉၅ ခုနှစ်တွင် အပြီးတည်ထားကိုးကွယ်ခဲ့ပါသည်။

၁၀၉၈ ခုနှစ်တွင် အနောက်မြောက်လေနီကြမ်းတိုက်ခတ်၍ စေတီတော်ပြိုကျပျက်စီးခဲ့ပါသည်။ ၁၁၄၀ ပြည့်နှစ်တွင် စဉ့်ကူးမင်းက ပြန်လည်ပြုပြင်တည်ထားခဲ့ပါသည်။

၁၂၀၀ ပြည့်နှစ်တွင် ငလျင်ဒဏ်ကြောင့် စေတီတော်ပြိုကျပျက်စီးခဲ့ရပြန်သည်။ ၁၃၄၂ ခုနှစ်တွင် ဒီပါအေးဆရာတော်ဘုရားကြီး ဦးနန္ဒာသီရိက ဦးဆောင်၍ပြုပြင်ခဲ့ပါသည်။

ဒီပါအေးဆရာတော်ကြီး ဦးနန္ဒာသီရိတင်လှူခဲ့သော ထီးတော်သည် ခေတ်ကာလကြာမြင့်လာသည်နှင့်အမျှ ထီးတော်အသစ်တင်လှူရန်လိုအပ်သဖြင့် ၁၃၇၃ ခုနှစ်တွင် ခုနှစ်ရက်သားသမီးအလှူရှင်များစုပေါင်း၍ ရွှေထီးတော်အသစ် တင်လှူပူဇော်ခဲ့ပါသည်။

စေတီတော်သည် ဉာဏ်တော်အမြင့် ၁၆၂ ပေရှိပြီး ဘုံ၁၁ ဆင့်ရှိ ထီးတော်အမြင့် ၄၂ ပေ၊ ထီးတော်အချင်းထိပ်ဝ ၁၅ ပေကျယ်ပါသည်။

စေတီတော်ရှိ ဂန္ဓကုဋီတိုက်အတွင်းမှ ရုပ်ပွားတော်မြတ်ကြီးသည် တစ်တုံးတည်းသော စကျင်ကျောက်ကို မြေကြီးအောက်တစ်ဝက် မြေကြီးပေါ်တစ်ဝက်စိုက်ထူ၍ ထုဆစ်ပူဇော်ထားပြီး ရုပ်ပွားတော်ကြီးသည် ဉာဏ်တော်အမြင့် ၁၈ တောင် ၁ မိုက်ရှိပြီး အလေးချိန်အားဖြင့် ၄၉၀.၃၆ တန်ရှိပါသည်။

မဟာလောကသရဖူဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါသည်။

ရတနာ ဆီမီးဘုရားစု

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝမြို့ အင်းဝနန်းတော်ရာ အနောက်ဘက် အပြင်စံရာကျေးရွာအနီးတွင် တည်ရှိသည့် ရှေးဟောင်းဘုရားစေတီများဖြစ်ပါသည်။ ရတနာ ဆီမီးဘုရားစုတွင် စေတီခြောက်ဆူ၊ အုတ်ပြာဿာဒ် တစ်ဆူနှင့် ဂန္ဓကုဋိတိုက် ၃ တိုက် တည်ရှိပြီး လက်ရာမျိုးစုံကို လေ့လာနိုင်ပါသည်။

ရတနာဆီမီးဘုရားစုအတွင်းတွင် အဆောက်အအုံအမှတ် (၃၇၂)မှ (၃၈၁)အထိ အမှတ်စဉ်အလိုက် ဗိသုကာလက်ရာ ၁၀ ခုကို တစ်နေရာတည်းတွင် ပင်လေ့လာနိုင်ပါသည်။ ဗိသုကာလက်ရာပုံစံများမှာ အမရပူရခေတ်လက်ရာ အုတ်ပြာသာဒ်၊ ရတနာပုံခေတ်လက်ရာ ဆင်းတုတော်နှင့် ကုန်းဘောင်ခေတ်ဦး လက်ရာများကို လေ့လာတွေ့ရှိနိုင်ပါသည်။

ရတနာဆီမီးဘုရားစုတွင် လက်ပံပင်များ၊ ထန်းပင်များဝန်းရံကာ အစုလိုက်တည်ရှိနေပြီး ပြည်တွင်းဘုရားဖူးဧည့်သည်များ၊ နိုင်ငံတကာခရီးသွားဧည့်သည်များ လာရောက်လေ့လာခြင်း၊ မှတ်တမ်းရိုက်ကူးခြင်းများကို အများဆုံးပြုလုပ်ကြကြောင်း သိရပါသည်။

လေးထပ်ကျောင်းတော်

လေးထပ်ကြီးကျောင်း သည် မန္တလေးတိုင်းဒေသကြီး၊ အင်းဝမြို့ဟောင်းတွင် တည်ရှိသည်။ လေးထပ်ကြီးကျောင်းသည် မန္တလေးမြို့တွင် သီတင်းသုံးတော်မူနေသော သကျမုနိ(ခေါ်) စကြာသီဟ ဘုရားကြီး မူလသီတင်းသုံးခဲ့ရာ နေရာဟောင်းဖြစ်သည်။ မူလလေးထပ်ကျောင်းဆောင်ကြီးကို ခရစ်နှစ် ၁၆၀၁-ခုနှစ်တွင် ဒုတိယအင်းဝခေတ် စတည်ထောင်သူ ညောင်ရမ်းမင်းတရားကြီးက တည်ဆောက်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ သို့သော် ပင်းတလဲမင်းလက်ထက် ခရစ်နှစ် ၁၆၅၈-ခုနှစ်တွင် ညောင်ရမ်းမှုကောင်းမှု မူလလေးထပ်ကျောင်းဆောင်ကြီးသည် မီးလောင်ပျက်စီးခဲ့ရသည်။

မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
ကိုဩဒိနိတ်
21°50′24″N 95°58′38″E
ဘာသာရေး နှီးနွယ်မှု ထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံ အင်းဝ၊ မန္တလေးတိုင်းဒေသကြီး
ကုန်းဘောင်ခေတ် ဘကြီးတော်ဘုရားလက်ထက် သက္ကရာဇ် ၁၁၈၈-ခု (ခရစ်နှစ် ၁၈၂၇ခု)တွင် မဟာသကျမုနိဘုရားကြီးကို သွန်းလုပ်ခဲ့သည်။ သကျမုနိရုပ်ပွားတော်ကြီးသည် ရွှေစင်၊ ငွေစင်၊ ကြေးစင်၊ သံ၊ သလွဲများနှင့် ရောစပ်သွန်းလုပ်ထားကာ ၁၆၁၁၀ ပိဿာ အလေးချိန်ရှိသော ပဉ္စလောဟာရုပ်ပွားတော်ကြီးဖြစ်သည်။ ဘကြီးတော်သည် ရုပ်ပွားတော်ကြီး သီတင်းသုံးဖို့ရာ အုတ်ပြသာဒ်ကြီးကို ယခင်လေးထပ်ကျောင်းကြီးနေရာဟောင်းမှာပင် တည်ဆောက် လှူဒါန်းခဲ့သည်။ လေးထပ်ကျောင်းကြီးဟု အမည်တွင်သည်။ ခရစ်နှစ် ၁၈၃၅-ခုနှစ်တွင် အစစပြီးစီး၍ ရေစက်ချလှူဒါန်းတော်မူခဲ့သည်။ ရုပ်ပွားတော်ကြီး၏ သက်တမ်းသည် နှစ်ပေါင်း ၁၈၀ကျော်ခဲ့ပြီဖြစ်သလို လေးထပ်ကျောင်းကြီး၏ သက်တမ်းသည်လည်း အလားတူ အနှစ် ၁၈၀ ကျော်နေပြီဖြစ်သည်။
သက္ကရာဇ် ၁၂၀၀-ပြည့် (ခရစ်နှစ်-၁၈၃၈ခု) တွင် ငလျင်ဒဏ်ကြောင့် ကျောင်းဆောင်ကြီး ယိုယွင်းပျက်စီးခဲ့ရသည့်အတွက် ပုဂံမင်းလက်ထက် ခရစ်နှစ် ၁၈၄၇ ခုတွင် အမရပူရနေပြည်တော် တောင်သမန်ကန်အနီး ပုထိုးတော်ကြီး တောင်ဘက်ရှိ မဟာဝေယန်ဘုံသာပြသာဒ်ကြီးသို့ ပြောင်းရွှေ့ပူဇော်ခဲ့သည်။ သီပေါမင်း လက်ထက် ၁၈၅၅-ခုနှစ်ရောက်သောအခါ ခမည်းတော်မင်းတုန်းမင်း၏ အိမ်တော်ရာဟောင်းဖြစ်ခဲ့သော အခုလက်ရှိ ဆင်းတုတော်ကြီးသီတင်းစံပါယ်တော်မူရာနေရာသို့ ထပ်မံပြောင်းရွှေ့ပူဇော်ခဲ့သည်။ ငလျင်ဒဏ်ကြောင့် လဲပြိုခဲ့ရသော အင်းဝမြို့ဟောင်းမှ လေးထပ်ကျောင်းကြီးမှာ ယနေ့တိုင်ကျန်ရှိနေဆဲပင်ဖြစ်သည်။

မဟာအောင်မြေဘုံစံကျောင်းတော်ကြီး(မယ်နုအုတ်ကျောင်း)

အင်း၀ကို မန္တလေးမြို့မှ ကားလမ်းအတိုင်း တောက်လျှောက်သွားနိုင်သလို၊ ဇက်ကူးပြီး မြင်းလှည်းဖြင့်(နိုင်ငံခြားသားအများစု)လည်း သွားလာလည်ပတ်ကြသည်ကိုတွေ့မြင်ရပါသည်။

၁၈၂၂-ခုနှစ်တွင် နန်းမတော်မယ်နု တည်ဆောက်ခဲ့ခြင်းကို အစွဲပြုပြီး မယ်နုအုတ်ကျောင်း(မဟာအောင်မြေ
ဘုံစံကျောင်းတော်ကြီး) ဟုထင်ရှားသည်။

လက်ရာမြောက်သော ကုန်းဘောင်ခေတ်နှောင်းမြန်မာ့ဗိသုကာ ပန်းရံ နှင့် ပန်းတမော့ အနုလက်ရာများလည်း လေ့လာနိုင်ပါတယ်။

ဆင်ကျုံးခံတပ်

ဆင်ကျုံးခံတပ်သည် အင်းဝမြို့ ဆင်ကျုံးကျေးရွာ၏ အနောက်ဖျား၊ ဧရာဝတီမြစ် တောင်ဘက်တွင် တည်ရှိသည်။ ဆင်ကျုံးခံတပ်ကို ခရစ်နှစ် ၁၈၇၄-ခုနှစ်တွင် မင်းတုန်းမင်းက မူလဆင်ကျုံးနေရာကို ခံတပ်အဖြစ် အသုံးပြုခဲ့သဖြင့် ဆင်ကျုံးခံတပ်ဟု အမည်တွင်ခြင်း ဖြစ်သည်။ မင်းတုန်းမင်းသည် အမြော်အမြင်ကြီးမားသည့် မှူးမတ်ပညာရှိများနှင့် ညှိနှိုင်းတိုင်ပင်၍ နိုင်ငံတော်ကာကွယ်ရေးအတွက် ဆောင်ရွက်ခဲ့သည်။

ဧရာဝတီမြစ်ရိုး တစ်လျောက်၌ စစ်မဟာဗျူဟာအရ အချက်အချကျသည့် နေရာ၊ အကာအကွယ် ကောင်းမွန်သည့်နေရာများတွင် ခံစစ်အတွက် ခံတပ်များ တည်ဆောက်ခဲ့သည်။ ခဲတပ်များ တည်ဆောက်မှုကို အီတလီ၊ ပြင်သစ်ပညာရှင်များ ဖြစ်သည့် ကိုမိုတို (Commotto)၊ မိုလီနာရီ (Molinari) နှင့် နိုင်ငံခြားပညာတော်သင်ပြန် မြန်မာလူငယ်များ ပူးပေါင်းတည်ဆောက်ခဲ့သည်။ ကုန်းဘောင်ခေတ်နှောင်း တည်ဆောက်ခဲ့သည့် ခံတပ်များ ဖြစ်သော မင်းလှခံတပ်၊ ဂွေးချောင်းခံတပ်၊ ဆင်ကျုံးခံတပ်၊ သပြေတန်းခံတပ် နှင့် အစေခံခံတပ်တို့သည် ကင်းဝန်မင်းကြီးနှင့်အဖွဲ့ အနောက်နိုင်ငံများသို့ သွားရောက်လေ့လာခဲ့ပြီး ရရှိသည့် အတွေ့အကြုံများကို အခြေခံ၍ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

အထူးသဖြင့် အင်္ဂလန်ကျွန်းများ အကြားရှိ ပင်လယ်အထွက် ရေလက်ကြားများတွင် ဆောက်လုပ်ထားသော ပေါစမောက် (Potsmout) မြို့ရှိ ခံတပ်များ တည်ဆောက်ထားပုံကို မှတ်သား၍ အထက်မြန်မာပြည်တွင် အင်းဝ-ဆင်ကျုံးခံတပ်၊ စစ်ကိုင်း-အစေခံခံတပ်နှင့် အမရပူရ- သပြေတန်းခံတပ်တို့ကို ဖြစ်သည်။

အင်းဝ ဆင်ကျုံးခံတပ် ကျောက်စာများ

ဆင်ကျုံးခံတပ်သည် စတုရန်းပုံဖြစ်ပြီး အုတ်တံတိုင်းသုံးထပ်ပါရှိသည်။ အပြင်တံတိုင်းမှာ ၃၅၅-ပေ ပတ်လည်ရှိပြီး၊ ၃၆-ပေ အရှည်ရှိသော ထောင့်ဖြေဖြင့် တည်ဆောက်ထားသည်။

အလည်တံတိုင်းမှာ ၂၉၃-ပေ ပတ်လည်ရှိသည်။ တံတိုင်းနှစ်ခုအကြားတွင် ၃၀-ပေကျယ်သော ကျုံးရှိသည်။ အတွင်းတံတိုင်းမှာ ၂၀၀-ပေ ပတ်လည်ရှိပြီး ခံတပ်အရှေ့ဘက်တွင် ကျုံးကူးတံတား တစ်စင်းပါရှိသည်။ ယခုအခါ ခံတပ်ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ နှစ်စဉ်ထိန်းသိမ်း စောင့်ရှောက်ထားသည်။

အင်းဝရှေးဟောင်းသုတေသနပြတိုက် သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်ရှိ အင်းဝရှေးဟောင်းမြို့အတွင်း စည်တိုပုံမြို့ရိုးအနီးတွင် တည်ရှိသော ယဉ်ကျေးမှုပြတိုက်တစ်ခု ဖြစ်သည်။

အင်းဝရှေးဟောင်းသုတေသနပြတိုက်

တည်ထောင်ခြင်း ၁၉၉၁
တည်နေရာ အင်းဝမြို့ဟောင်း၊ မန္တလေးတိုင်းဒေသကြီး
အင်းဝရှေးဟောင်းသုတေသနပြတိုက်တွင် အင်းဝတည်ထောင်ခဲ့သော ခေတ်အဆက်ဆက်ပစ္စည်းများဖြင့် ခင်းကျင်းပြသထားသည်။[၁] ပြတိုက်ကို တနင်္လာနေ့နှင့် နေ့ကြီးရက်ကြီးများမှအပ နေ့စဉ်ဖွင့်လှစ်ပြသထားသည်။

သမိုင်းကြောင်း

အင်းဝရှေးဟောင်းသုတေသနပြတိုက်ကို ၁၉၉၁ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် မြို့နယ်အဆင့်ပြတိုက် “ရတနာပူရအင်းဝပြတိုက်”အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။

၁၉၉၄ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ပြတိုက်အဆောက်အအုံသစ်ကို ဆောက်လုပ်ခဲ့ပြီး ၂၀၀၃ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် “အင်းဝ” ရှေးဟောင်းသုတေသနပြတိုက်” အဖြစ် တိုးချဲ့ ဖွင့်လှစ်ခဲ့သည်။

နှစ်ပေါင်း ၆၀၀ ကျော် အင်းဝမြို့ဟောင်းသို့ တစ်ခေါက်

တကယ်တော့ အင်းဝမြို့ဟောင်းဟာ မန္တလေးမြို့နဲ့ မနီးမဝေးလေးမှာ တည်ရှိပါတယ်။

မန္တလေးမြို့ကနေ ဆိုင်ကယ်နဲ့ပဲ ဖြစ်ဖြစ်၊ ကားနဲ့ပဲ ဖြစ်ဖြစ် သွားရင် ၄၅ မိနစ်အတွင်း
ရောက်နိုင်ပါတယ်။ အင်းဝမြို့ဟောင်းလို့ ပြောလိုက်ရင် ရောက်ဖူးတဲ့သူတိုင်းက မယ်နုအုတ်ကျောင်းကို အရင်မြင်ယောင်ကြမှာပါ။

အင်းဝမြို့ကို သတိုးမင်းဖျားက မြန်မာသက္ကရာဇ် ရ၂၆ ခုနှစ် (အေဒီ ၁၃၆၄ ခုနှစ်) မှာစတင်တည်ထောင်ခဲ့ပြီး ကုန်းဘောင်မင်းဆက် လက်ထက်မှာ ဘကြီးတော်(စစ်ကိုင်းမင်း) ကအေဒီ ၁၈၁၉ ကနေ ၁၈၃၇ အထိ ထီးနန်းဆိုက် စိုးစံခဲ့ပါတယ်။

အခုဆိုရင် အင်းဝမြို့ဟောင်းတည်ရှိခဲ့တာ နှစ်ပေါင်း ၆၅၀ ကျော်ခဲ့ပါပြီ။ အင်းဝမြို့ဟောင်းကို သွားရင် စစ်ကိုင်း မန္တလေးလမ်းကနေ သွားပြီး တံတားဦးမြို့ကို သွားတဲ့ လမ်းကို တက်သွားရပါတယ်။

ဒုဋ္ဌဝတီမြစ်ကူးတံတား အကျော်မှာ အင်းဝမြို့ဟောင်း သို့လို့ ရေးထားတဲ့ လမ်းထဲကို ၀င်သွားရင် အင်းဝ မြို့ကို စပြီးရောက်
ပါပြီ။

အင်းဝမြို့ထဲ ၀င်တာနဲ့ အင်းဝမြို့ရဲ့ အမှတ်အသားတွေ ဖြစ်တဲ့ သံသပိတ်ထုသံတွေ၊ ရက်ကန်းရက်သံတွေက ဆီးကြိုနေမှာပါ။

မန္တလေးဘက်ကနေ ဒုဋ္ဌဝတီမြစ်အတိုင်း စက်ရေယာဉ်စီးပြီးတော့လည်း သွားလို့ရပါတယ်။

စက်ရေယာဉ်ခရီးတစ်လျှောက်မှာတော့ ဒုဋ္ဌဝတီမြစ်ရဲ့ အလှအပတွေကို တွေ့မြင်ရမှာ ဖြစ်ပြီးဒုဋ္ဌဝတီမြစ်နဲ့ ဧရာဝတီမြစ်ပေါင်းဆုံတဲ့ အလှကိုလည်း တွေ့မြင်နိုင်ပါတယ်။

အင်းဝမြို့ ဟောင်းဟာသဘာဝရှုခင်းတွေနဲ့ လှပနေတဲ့ မြို့ဟောင်းလေးဖြစ်ပြီးတော့ ရှေးဟောင်း ဘုရားတွေ၊ စေတီတွေ
အပြင် သဘာဝအလှတရားများဖြစ်တဲ့ စိုက်ခင်းတွေကိုလည်း တွေ့မြင်ရမှာပါ။

ပြီးတော့တံတားညီနောင်လို့ တင်စားရတဲ့ ဧရာဝတီမြစ်ပေါ်ကို ဖြတ်သန်းဆောက်လုပ် ထားတဲ့ စစ်ကိုင်းတံတားနဲ့ ရတနာပုံ တံတား နှစ်စီးရဲ့ အလှကလည်း မယ်နုအုတ်ကျောင်း ကနေလှမ်းကြည့်ရင် လွမ်းမောဖွယ်ရသကို ဖြစ်စေပါတယ်။

အင်းဝမြို့ဟောင်းကို အလည်အပတ်ရောက်သွားခဲ့ရင် စွဲဆောင်မှု တစ်ခုကတော့ မြင်းလှည်းစီးပြီးတော့ မြို့ဟောင်းထဲ လည်ပတ် ရတဲ့
အရသာပါပဲ။

နိုင်ငံခြားခရီးသွား အများစု ကတော့ မြင်းလှည်းတွေစီးကြတာ များပါတယ်။
အင်းဝမြို့ဟောင်းထဲမှာ ပထမဆုံး လည် ပတ်ရတဲ့ နေရာကတော့ မယ်နုအုတ်ကျောင်းပါပဲ။

မယ်နုအုတ်ကျောင်းကို ဘကြီးတော်မင်း ရဲ့ မိဖုရားခေါင်ကြီးဖြစ်သူ နန်းမတော် မယ်နုကညောင်ကန်ဆရာတော်ဦးပိုကို လှူဒါန်းခဲ့ပြီး ဆရာတော် ဦးပိုပျံလွန်တော်မူပြီးတဲ့ နောက်မှာတော့ဆရာတော်ဦးဗုတ်ကို ဆက်လက်လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

မယ်နုအုတ်ကျောင်းဟာ ပြည်တွင်းပြည်ပမှ ခရီးသွားတွေ နေ့စဉ်လာရောက်လည်ပတ် နေတဲ့ ရှေးဟောင်း
အဆောက်အအုံတစ်ခု လည်း ဖြစ်ပါတယ်။

အုတ်ကျောင်းကို အလင်း ခုနစ်ခန်း၊ အမှောင်ခုနစ်ခန်းနဲ့ ဖွဲ့စည်းထားပါတယ်။ ကုန်းဘောင်ခေတ်ရဲ့ အထူးခြားဆုံး လက်ရာတစ်ခုလို့လည်းပြောလို့ရပါတယ်။

အုတ်ကျောင်းရဲ့ မြောက်ဘက်အပေါ်ကနေ တံတားနှစ်စင်းရဲ့ အလှကိုလည်း
ကြည့်ရှုနိုင် ပါတယ်။

မယ်နုအုတ်ကျောင်းနဲ့ တစ်ဆက်တည်းမှာပဲ ကျန်စစ်သားမင်းကြီး တည်ထားခဲ့တဲ့ ထီးလှိုင်ရှင်စေတီကိုလည်း ဖူးမြော်နိုင်ပါသေး တယ်။

ထီးလှိုင်ရှင်စေတီဟာ ကျန်စစ်သားက အနော်ရထာမင်းရဲ့ အမျက်ဘေးကတိမ်းရှောင်စဉ် ပုန်းအောင်းနေခဲ့တဲ့နေရာ ဖြစ်တဲ့အတွက် အောင်မြေအဖြစ် သတ်မှတ်ပြီး ကျန်စစ်သားဘုရင်ဖြစ်တဲ့အခါ အဲဒီ ကုန်းမြေ မှာ ထီးလှိုင်ဘွဲ့အမည်နဲ့ စေတီတည်ထားတာ ဖြစ်ပါတယ်။

ထီးလှိုင်ရှင်စေတီကို ဖူးမြော်ပြီးတဲ့
နောက် မှာတော့ အင်းဝမြို့ဟောင်းရဲ့ အထင်ကရ တစ်ခုဖြစ်တဲ့ နန်းမြင့်မျှော်စင်ဘက်ကိုလည်ပတ်နိုင်ပါတယ်။

နန်းမြင့်မျှော်စင်ပေါ်ကိုတော့ တက်လို့မရပါဘူး။ နန်းမြင့်မျှော်စင်ဟာငလျင် ဒဏ်ကြောင့် ပြိုကျပျက်စီးမှုတွေ၊ အဓိက မျှော်စင်ကိုယ်ထည် အုတ်အဆောက်အအုံဟာမြောက်ဘက်ကို တိမ်းစောင်းနေတာ ရှိသော် လည်း ယနေ့တိုင် ကြံ့ခိုင်လျက် ရှိနေပါသေးတယ်။

နန်းမြင့်မျှော်စင်ကနေ အနောက်ဘက်ကို ထပ်ပြီးသွားရင် အင်းဝမြို့ဟောင်းရဲ့ အနောက်ဘက်အပေါက်နားမှာ တည်ရှိတဲ့ ရွှေစည်းခုံ စေတီကို ဖူးမြော်နိုင်ပါတယ်။

ရွှေစည်းခုံစေတီကိုပထမအင်းဝခေတ်၊ မင်းကြီးစွာစော်ကဲက မြန်မာသက္ကရာဇ် ရ၃၂ ခုနှစ်မှာ တည်ထားကိုးကွယ်
ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ခေတ်အဆက်ဆက်မင်းတွေက ပြုပြင်မွမ်းမံမှု တွေကိုတော့ ပြုလုပ်ထားပါတယ်။

ရွှေစည်းခုံစေတီကို ဖူးမြော်ပြီးတော့ အနောက် ဘက်အပေါက်ကနေ ဗားကရာကျောင်းတိုက်ကို
သွားရောက် လေ့လာနိုင်ပါတယ်။

ဗားကရာ ကျောင်းကိုတော့ ဘကြီးတော်ဘုရား လက်ထက်မှာ ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

မှန်နန်းရာဇဝင်အရ ဗားကရာကျောင်းကို မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ် (အေဒီ ၁၈၂၃ ခုနှစ်) မှာဆောက်လုပ်ခဲ့ပြီး အလျား ၁၈၈ ပေ၊ အနံ ၁၀၃ ပေ ကျယ်ဝန်းကာ ကျွန်းတိုင်ပေါင်း ၂၆၇ လုံးနဲ့
တည်ဆောက်ထားပါတယ်။

အကြီး ဆုံး ကျွန်းတိုင်ရဲ့ လုံးပတ်ကတော့ ကိုးပေ လောက် ရှိပါတယ်။ ကျောင်းတိုက်ကြီးမှာ ရှေးဟောင်းဗိသုကာ လက်ရာများကိုလည်း မြင်တွေ့နိုင်ပါတယ်။

နိုင်ငံခြားသား ခရီးသွား တွေ အများဆုံး စိတ်ဝင်တစားနဲ့ လာရောက် လေ့လာတဲ့ ကျောင်းလည်းဖြစ်ပါတယ်။

ဗားကရာကျောင်းတိုက် အဝင်ဝကနေ အနောက်ဘက်ကို ၁၅ မိနစ်လောက် သွားလိုက်ရင် ညောင်ရမ်းခေတ် ဘုရားများဖြစ်တဲ့ ၀င်္ကပါဘုရား၊ မြင်းမိုရ်တောင်ဘုရား၊ မာရ် အောင်ဘုရား၊ကြောင်လိန်ဘုရားတို့ကို ဖူးမြော်နိုင်ပါတယ်။

ညောင်ရမ်းခေတ်ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းလက်ရာတွေ ပဲ ဖြစ်ပါတယ်။ အဆိုပါဘုရားများကိုတော့ လူငယ်တွေ အများဆုံး လာရောက်ကြပါတယ်။

ပြီးတော့ အပေါ်ထပ်ကိုလည်းတက်ရောက်နိုင်တဲ့ အတွက် အင်းဝမြို့ဟောင်းရဲ့ သဘာဝ အလှအပတွေကို အပေါ်စီးကနေကြည့်ရှုခံစားလို့ ရတဲ့ နေရာလေးဖြစ်တဲ့အတွက် မသွားမဖြစ် သွားသင့်ပါတယ်။

အဲဒီကနေ ပြန်ထွက်လာရင်တော့ ဆင်ကျုံးခံတပ်ကို သွားတဲ့ လမ်းပေါ် မှာ လောကသရဖူရုပ်ပွားတော်ကြီးကို ၀င် ရောက် ဖူးမြော်နိုင်ပါတယ်။

လောကသရဖူ ဘုရားကိုတော့ တနင်္ဂနွေမင်းက အေဒီ ၁၇၃၀ ပြည့်နှစ်မှာ စတင် ထုလုပ်ခဲ့သော်လည်း ပြီးစီး ခြင်းမရှိတဲ့အတွက် သားတော်ဓမ္မရာဇာဓိပတိ မင်းက အေဒီ ၁၇၃၃ ခုနှစ်မှာ ဆက်လက်ထုလုပ်ခဲ့ပြီးတော့ လောကသရဖူလို့ ကမ္ပည်း တပ်ခဲ့ပါတယ်။

လောကသရဖူ ဆင်းတုတော်ကို စကျင် ကျောက်နဲ့ ထုလုပ်ထားပြီးဉာဏ်တော် ၂၈ ပေ ခန့်၊ အလေးချိန် ၄၉၀ ဒသမ ၃၆ တန်ခန့် ရှိပါ တယ်။

လောကသရဖူ ဘုရားကိုလည်း ခေတ် အဆက်ဆက် မင်းတွေက ပြုပြင် တည်ဆောက် ကိုးကွယ်ခဲ့ပါတယ်။

အင်းဝမြို့ဟောင်း ရောက်ရင် မသွားမဖြစ်တဲ့ နေရာလေးတစ်ခုလည်း ရှိပါသေးတယ်။

အဲဒီနေရာကတော့ ဆင်ကျုံးခံတပ်ပဲ ဖြစ်ပါ တယ်။ ဆင်ကျုံးခံတပ်ကနေ ဧရာဝတီမြစ်ကြီးတငြိမ့်ငြိမ့် စီးဆင်းလာတဲ့အလှကို ခံစားနိုင်ပါ တယ်။

ဆင်ကျုံးခံတပ်ကို လာရောက်သူ အများ အပြားကတော့ ဧရာဝတီမြစ်ကြီး နောက်ခံ ထားပြီး အမှတ်တရဓာတ်ပုံတွေ ရိုက်ကြလေ့ရှိပါတယ်။

ဆင်ကျုံးခံတပ်ကို အေဒီ ၁၈၇၄ ခုနှစ်မှာ မင်းတုန်းမင်းက တည်ဆောက်ခဲ့ပါတယ်။
ဆင်ကျုံးခံတပ်ကို အုတ်တံတိုင်းသုံးထပ်နဲ့ ဆောက်လုပ်ထားပါတယ်။

ခံတပ်ကိုတော့ အီတလီပညာရှင်၊ ပြင်သစ်ပညာရှင်တွေနဲ့ နိုင်ငံခြားမှာ ပညာသင်ပြီးပြန်လာတဲ့ မြန်မာလူငယ်တွေနဲ့
တည်ဆောက်ထားခဲ့ပါတယ်။

ဆင်ကျုံးခံတပ်ကနေ ပြန်လာရင်တော့ အင်းဝ ရှေးဟောင်းသုတေသနပြတိုက်ကို ၀င်ရောက်လေ့လာနိုင်ပါတယ်။

ပြတိုက်ထဲမှာ ပစ္စည်းပေါင်း ၄၂၄ မျိုးကို စုဆောင်း ပြသထား ပါတယ်။

အဲဒီပစ္စည်းတွေကို ပထမအင်းဝ ခေတ်၊ ဒုတိယအင်းဝခေတ်၊ တတိယအင်းဝ ခေတ်၊ စတုတ္ထအင်းဝခေတ်ကာလများဆိုပြီး ခွဲခြားပြသထားပါတယ်။

နိုင်ငံခြားဧည့်သည်တွေကတော့ အင်းဝ မြို့ရဲ့ လက်မှုပညာတွေဖြစ်တဲ့ သံသပိတ်လုပ်ငန်းတွေ၊သင်ဖြူးဖျာလုပ်ငန်းတွေ၊ ရက်ကန်း လုပ်ငန်းတွေကိုလည်း စိတ်ဝင်တစား လေ့လာ ကြလေ့ရှိပါတယ်။

အင်းဝမြို့ဟောင်းကနေ လည်ပတ်ပြီး ပြန်လာရင်တော့ တွေးတောစရာတွေ၊ ဆွတ်ပျံ့ လွမ်းမောစရာတွေက
စိတ်အစဉ်မှာ စီးမျော နေမှာ ဖြစ်ပါတယ်။

ရှေးခေတ်မြန်မာမှု လက်ရာ တွေနဲ့ ရှေးဟောင်းမြို့လေးကို လည်ပတ်ရချိန်ဟာဘဝအမောတွေကို ဖြေလျှော့နိုင်မယ့် အခိုက်အတန့်လေးလည်း ဖြစ်ပါတယ်။

အင်းဝတံတား

အင်းဝတံတား (သို့) စစ်ကိုင်းတံတားသည် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ နှစ်ခုအကြားတွင် တည်ရှိကာ စစ်ကိုင်းမြို့နှင့် အင်းဝမြို့ဟောင်းတို့ကို ဆက်သွယ်ပေးထားသည်။ ၁၉၃၄ ခုနှစ်တွင် ဗြိတိသျှတို့ တည်ဆောက်ခဲ့သော တံတားဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်အဝင် အင်္ဂလိပ်အပြေးတွင် ဗြိတိသျှတပ်များက တံတားကြီးကို ဖောက်ခွဲဖျက်ဆီးခဲ့သည်။ မြန်မာပြည်လွတ်လပ်ရေးရပြီး ၁၉၅၄ ခုနှစ်တွင် တံတားကြီးကို ပြန်လည်ပြင်ဆင် တည်ဆောက်ခဲ့သည်။ ၁၉၉၀ ခုနှစ်မတိုင်မီအထိ တစ်ခုတည်းသော ဧရာဝတီမြစ်ကူးတံတားကြီး ဖြစ်ခဲ့သည်။ သက်တမ်းကြာမြင့်လာမှုကြောင့် ၁၉၉၂ ခုနှစ်မှစ၍ ၁၅ တန်အောက် ကားများသာ ဖြတ်သန်းသွားလာခွင့်ပြုခဲ့သည်။ ယခုအခါ အင်းဝတံတားအနီးတွင် ဧရာဝတီတံတား (ရတနာပုံ) ကို တည်ဆောက်ဖွင့်လှစ်ထားပြီး ဖြစ်သည်။
အင်းဝတံတား

ကိုဩဒိနိတ်
21°52′16″N 95°59′33″E
သယ်ဆောင်မှု ရထားလမ်းတစ်လမ်း၊ ကားလမ်းနှစ်လမ်း၊ နှစ်ဖက်လူသွားလမ်း
ဖြတ်သန်းမှု ဧရာဝတီမြစ်
တည်နေရာ စစ်ကိုင်းမြို့ နှင့် အင်းဝမြို့ဟောင်း
အမည် အင်းဝတံတား
အခြားအမည်များ စစ်ကိုင်းတံတား
အချက်အလက်များ
တံတားဒီဇိုင်း သံဘောင်ပေါင်းကူးတံတား
စုစုပေါင်းအရှည် ၃၉၄၈ ပေ
အမြင့် ၁၀၂ ပေ
သမိုင်းကြောင်း
စတင်ဆောက်လုပ်ချိန် ၁၉၂၇ ခုနှစ်
လုပ်ငန်းပြီးဆုံးချိန် ၁၉၃၄ ခုနှစ်
သမိုင်းကြောင်း
စစ်ကိုင်းမြို့အနီး ဧရာဝတီမြစ်တစ်ဆစ်ချိုး နေရာတွင် တံတားကြီးတည်ဆောက်ရန် ၁၉၂၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးဘုရင်ခံ ဆာ ဟာကုတ် ဘတ်တလာက အုတ်မြစ်ချခဲ့သည်။ တံတားမှာ သံပေါင်ပေါင်းကူးတံတားဖြစ်ပြီး ရက်မကြီးကိုးခု၊ ရက်မလတ်တစ်ခု၊ ရက်မငယ် ခြောက်ခုရှိသည်။ ရက်မကြီးတစ်ခုလျှင် အလျားပေ ၃၅၀ အရှည်ရှိပြီး ရက်မလတ် မှာ ပေ ၂၅၀ ရှည်သည်။ အပိုင်းဆက်ရက်မတိုမှာ ပေ ၆၀ စီရှည်ပြီး သံတန်ချိန်ပေါင်း ၁၁,၁၄၅ တန် အသုံးပြုခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးသွားသော အင်းဝတံတားကြီးကြောင့် ၇၂၄ မိုင်ရှည် ရန်ကုန်-မြစ်ကြီးနား မီးရထားလမ်းသည် မန္တလေးမှတစ်ဆင့် အကြားအလတ်မရှိ တောက်လျှောက်ဆက်သွယ်နိုင်ခဲ့၏။ ၁၉၃၄ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်တွင် ဘုရင်ခံ ဆာ ဟျူးစတီဗင်ဆင် Sir.Huge Stevenson က တံတားကို ဖွင့်လှစ်ခဲ့သည်။[၁]
၁၉၄၂ ခုနှစ်၊ ဧပြီ ၃ ရက်၌ မန္တလေးကို ဂျပန်လေတပ်က အကြီးအကျယ်ဗုံးကြဲပြီး နောက် အင်္ဂလိပ်စစ်တပ် မှ ဗိုလ်ချုပ် ဂျင်နရယ် ဝီလျံစတင်းသည် ၁၉၄၂ ခုနှစ်၊ ဧပြီလ ၃ ရက် ည ၁၂ နာရီထိုးရန် တစ်မိနစ်အလို၌ စစ်ကိုင်းတံတားကြီးကို မိုင်းခွဲဖျက်ဆီးကာ မြစ်ကြီးနားလမ်းအတိုင်း ဆုတ်သွားခဲ့သည်။ ထို့ကြောင့် တံတားကုန်း အမှတ်(၇)နှင့် (၈)မှာ မြစ်အတွင်း ကျိုးကျ ပျက်စီးခဲ့သည်။ လွတ်လပ်ရေးရသော်လည်း ပျက်စီးပြတ်တောက်နေသော အင်းဝတံတားကို ပြင်ဆင်နိုင်ခြင်း မရှိခဲ့ချေ။ စစ်ကိုင်းဆိပ်ကမ်းနှင့် မန္တလေးဘက်မှ အမရပူရ စံရွေးဆိပ်ကမ်းကို ကူးတို့ဖြင့် ကူးကြရသည်။ မီးရထားတွဲများလည်း ကူးတို့ဖြင့်ကူးကြရ၏။[၁]

၁၉၅၃ ခုနှစ်၊ မေလ၌ ထိုစဉ်က ဝန်ကြီးချုပ် ဦးနု ကိုယ်တိုင် အင်းဝတံတားကြီး ပြင်ဆင်နိုင်ရေးအတွက် ကိုယ်တိုင်ကိုယ်ကျ ကြပ်မတ်ကာ မီးရထားဌာန၏ စီမံမှုတွင် မြန်မာအမျိုးသား အလုပ်သမားများ၏ လုံ့လ ဝီရိယ ဖြင့် အားကြိုးမာန်တက် ပြင်ဆင်မှုကြောင့် ၁၉၅၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်၌ ထိုအချိန်က နိုင်ငံတော်သမ္မတကြီး ဒေါက်တာ ဘဦးကိုယ်တိုင် ဖွင့်လှစ်နိုင်ခဲ့သည်။ ကုန်ကျ ငွေ ၅၇ သိန်းကျော်သည်ဟု ဆိုသည်။

CRD

Ref. Wikipedia

Leave a Reply

Your email address will not be published.