စခများ ပြင်ဦးလွင်သို့ဝင်ရောက်

တပ်မ (၉၉) ပြင်ဦးလွင်သို့ရောက်ရှိ

ယနေ့ ဇွန်လ ၁၈ ရက်နေ့မှာ ပြင်ဦးလွင်မြို့ကို မိထ္ထီလာအခြေစိုက် တပ်မ (၉၉) အင်အားအလုံးအရင်းနဲ့ပြန်လည်ဝင်ရောက်လာတာတွေ့မြင်ရပါတယ်…
မြို့မစျေးကြီး၊ ဉာဏ်ကွဲလမ်းဆုံ၊ စံပြရှေ့ စတဲ့လူစည်းကားတဲ့နေရာတွေနဲ့ မြို့တွင်းမြို့ပြင်တွေမှာ တင်းတင်းကြပ်ကြပ်စစ်ဆေးမှုတွေပြုလုပ်နေတာဖြစ်ပါတယ်…
ကျောင်းတွေ ဆေးရုံတွေ အစိုးရရုံးတွေအားလုံးမှာလည်း လုံခြုံရေးတပ်ဖွဲ့တွေလက်နက်အပြည့်အစုံနဲ့ စေလွှတ်ထားတာတွေ့မြင်ရပါတယ်…
ပြင်ဦးလွင်မြို့ခံတပ်တွေအနေနဲ့လည်း ဇွန် လ (၁၉) ရက်နေ့မှာ အင်အားအများအပြားနဲ့ လုံခြုံရေးဆောင်ရွက်မှုတွေလုပ်မယ်လို့သိရပါတယ်…
တပ်မ (၉၉) ကတော့ပြင်ဦးလွင်မြို့နဲ့ပါတ်သက်တဲ့ လုံခြုံရေးကိစ္စအားလုံးကို တာဝန်ယူထားပြီး ပြတ်ပြတ်သားသားကိုင်တွယ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်….
အဖျက်သမားတွေနဲ့ ဆူပူမှုဆောင်ရွက်ဖို့ကြံစည်နေသူတွေအားလုံးကို သတိပေးချင်တာကတော့ ဘာမှမလုပ်ရင် ဘာမှမဖြစ်ပါဘူး..
တစ်ခုခုလုပ်မယ်ဆိုရင်တော့ ကိုယ်ကျိုးနည်းသွားနိုင်တယ်ဆိုတာ သတိချပ်စေချင်ပါတယ်…
မြို့ခံပြည်သူတွေအနေနဲ့လည်း ပြင်ဦးလွင်မြို့လေးကို ထိခိုက်စေမယ့် မသင်္ကာမှုတွေတွေ့ရင် တာဝန်ရှိတဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို အမြန်ဆုံး သတင်းပေးဖို့ မေတ္တာရပ်ခံလိုပါတယ်…
သင့်ကြောင့် အေးချမ်းပြီးလှပတဲ့ တောင်ပေါ်မြို့လေးကို မညစ်နွမ်းပါစေနဲ့….

Credit

Leave a Reply

Your email address will not be published.