တီးတိန် PDF စခန်းကို ZRA က ဒုတိယအကြိမ်

ဝင်ရောက် ဖျက်ဆီး

တီးတိန် PDF စခန်းတစ်ခုကို ZRA ဇိုမီးတော်လှန်ရေးအဖွဲ့ (အရှေ့ပိုင်းတိုင်း) အဖွဲ့က ဇွန် ၁၆ ရက် နေ့လည်က ဒုတိယအကြိမ် ဝင်‌ရောက် ဖျက်ဆီးကြတယ်လို့ သတင်းရရှိပါတယ်။

အခုလိုဖျက်ဆီးတာကြောင့် PDF စခန်းက မိုးကာတဲအိမ် (18×50) ၃ အိမ်၊ မီးစက် နဲ့ ဓာတ်ဆီ၊ ဆန်၊ဆီ၊ဆား၊
အာလူး လူအယောက်တစ်ရာအတွက် (၄၅ရက်စာ)၊ အားဆေး နဲ့အခြားဆေးများ၊ အခြား ပစ္စည်း အမျိုးမျိုး၊
တူမီးသေနတ်/ တစ်လုံးပြူး (၅)လက် သိန်း(၆၀)ဝန်းကျင် ပစ္စည်းတန်ဖိုး အားလုံးပေါင်း သိန်း ၁၅၂ ဝန်းကျင်ခန့် ဆုံးရှူံးသွားတယ်လို့ သိရပါတယ်။

မေ ၂၂ရက်တုန်းက ZRA အဖွဲ့က PDF စခန်းကို
ပထမအကြိမ်ဖျက်ဆီးခဲ့ပါတယ်။

ZRA (အရှေ့ပိုင်းတိုင်း) အဖွဲ့က မိမိတို့ လှုပ်ရှားနယ်မြေအတွင်း သီးခြား လက်နက်ကိုင်တပ်ဖွဲ့ ထူထောင်ခြင်းကို
လုံးဝလက်ခံမှာမဟုတ်ကြောင်း တာဝန်ရှိသူများထံ အကြိမ်ကြိမ် သတိပေးထားပြီလို့ ဇွန်လ ၁၇ ရက်တွင်
ထုတ်ပြန်ထားပါတယ်။

Sai Pai Han

Leave a Reply

Your email address will not be published.