သင့်အတွက် သင် ဒါတွေသိဖို့လိုတယ်

▪ဖြစ်ချင်စိတ်သာရှိပြီး
ဖြစ်အောင်လုပ်မယ်ဆိုတဲ့
ဇွဲမရှိရင် ဘယ်လောက်ထိ
စိတ်ပြင်းပြနေပါစေ
သင်…တိုးတက်မှာ မဟုတ်ဘူး…

▪လူကသာ အောင်မြင်ချင်တာ
စိတ်ဓါတ်က ခဏခဏကျနေရင်
သင့်…အတွက် ပန်းတိုင်မရှိဘူး…

▪လူရယ်လို့ဖြစ်လာရင်
ခံယူချက်၊ဦးတည်ချက်၊ရည်မှန်းချက် ရှိရတယ်…
လေထဲတိုက်အိမ်ဆောက်နေသရွေ့
ဘဝက လေဘောလုံးလိုပဲ
တရွေ့ရွေ့ လေနှင်ရာမျောနေမှာပါပဲ…

▪ဘဝမှာ အရာရာကိုကိုယ်ဖြစ်ချင်တာ
လုပ်ပိုင်ခွင့်ရှိတယ် ဒါပေမဲ့
အောင်မြင်ဖို့အတွက် ကတော့…..

➀…ဖြစ်သင့်တာကို ဦးစားပေးတတ်ရတယ်။

➁…စိတ်ဓာတ်ခွန်အား ထက်သန်မှုရှိရတယ်။

➂…ကိုယ်ရဲ့လုပ်ရပ်တိုင်းကို လက်ခံနိူင်ရတယ်။

➃…အမှားတွေ့တိုင်း မတွေဝေပဲ
သင်ခန်းစာယူတတ်ရတယ်။

➄….အရှုံးကို လက်ခံနိူင်ရတယ်။

➅….ဝေဖန်မှုတိုင်းကို အမှားအမှန်ခွဲခြားပြီး
လက်ခံသင့်တာကို သင်ယူပြီး
လက်မခံသင့်တာကို အတွေးထဲက
ချက်ချင်းထုတ်ပြစ်ပါ။

➆….သင်ယူပါ လေ့လာပါ
ပညာဆိုတာ သင်ယူလို့ကုန်သွားတယ်
မရှိပါဘူး ဘယ်နေရာ၊ဘယ်သူဖြစ်ဖြစ်
သင်ယူသင့်တာသင်ယူပြီး ၊လေ့လာသင့်တာ
လေ့လာပါ။

➇….စိတ်ဓါတ်မကျပါနဲ့
ငွေတစ်ထောင်ကျရင်တောင် ပြန်ကောက်သေးတာပဲ သင့်စိတ်ဓါတ်က
ငွေတစ်ထောင်ထက် ပိုတန်ဖိုးရှိမှာပါ။

➈….စိတ်ကောင်းထားပါ
စိတ်ကောင်းထားရင် ကံကောင်းပါတယ်
စေတနာက လူတိုင်းနဲ့မတန်ရင်နေပါစေ
ကိုယ်ထားတဲ့ စေတနာနဲ့တန်တဲ့အကျိုးကိုတော့
ကိုယ်တိုင်ခံစားရမှာပါ။

➉…..စာများများဖတ်ပါ
စာမဖတ်တဲ့သူက မျက်မမြင်တစ်ယောက်နဲ့
အတူတူပါပဲ
မှောင်နေတဲ့ ဘဝ
အားငယ်နေတဲ့စိတ်
ပျောက်ကွယ်နေတဲ့ အသိညဏ်တွေ
ပျော်ရွှင်မှု၊ငြိမ်းချမ်းမှု၊အေးချမ်းမှုစတဲ့
ခွန်အားတွေကို အလင်းပေးနိူင်တာ
စာအုပ်၊စာပေတွေပါပဲ။
စာဖတ်တဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါလို့
နှုတ်ခွန်းဆက်ပါတယ်
Credit;

Leave a Reply

Your email address will not be published.