အမျိုးသားများ အိမ်ထောင်ဖက်ရွေးချယ်တော့မယ်ဆိုရင် ဒါတွေလိုတယ်

မိန်းမရွေးနည်း..အနုပညာ ..!!
🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗

မိန်းမယူတဲ့အခါ ယူမယ့်မိန်းမထက်
ယောက္ခမကို အရင်ကြည့်ပါ ။

နှုတ်ခမ်းပြာနေတဲ့မိန်းမကို မယူမိစေနဲ့။
မင်းရှာနိုင်တုန်း ကောင်းလိမ့်မယ် ။
မရှာနိုင်တဲ့တစ်နေ့
ထမင်းအိုးမှောက်ထားတတ်တယ်။

နဖူးကမောက် ၊ ဖင်ကကောက် ၊
ဖနောင့်တိုနေတဲ့ မိန်းမများကြတော့
ဝေးဝေးကသာရှောင်ပါ ။
မင်းစားမယ့် ထမင်းလုပ်တိုင်း
သရဏဂုံရွတ်ပြီး စားနေရလိမ့်မယ် ။

နောက်တခါ ညီအမတွေထဲက
အလတ်မကို ရှောင်ပါ။
မင်းအမေမွေးတုံးက ဆံပင်အမွှေးလေး
မပြောင်ချင်ရင်ပေါ့ ။
သူကျတော့ မိသားစုထဲမှာ
မရခဲ့တဲ့ အခွင့်အရေးကို
မင်းနဲ့ကျမှ အပြည့်အဝယူလို့
မင်းခံရလိမ့်မယ်။
မိသားစုထဲနေတုန်းက
အငယ်အတွက် ဦးစားပေးရ ၊
အကြီးအတွက် ငဲ့ရနဲ့လေ ၊
အဲဒီဟာကို လင်ရမှ
အတိုးချပြီး ဂျီတော့တာပဲ။

တစ်ဦးတည်းသောသမီးကျတော့
လူတိုင်းမဟုတ်ပေမယ့် အများအားဖြင့်
ငါ့မိဘအိမ်မှာ ခြေမွှေး မီးမလောင်
လက်မွှေး မီးမလောင်နေခဲ့တာဆိုပြီး
အခွင့်အရေးလည်းယူတတ်ပါ့။

စကားများတဲ့ မိန်းကလေး ၊၊
ရည်းစားဘဝသာ
စကားများတာလေးက
ချစ်စရာထင်တာပါ ။
ယူပြီးရင် သွားပြီ ။
မီးသတ်ကား ရပ်ကွက်ထဲဖြတ်သလို
နေ့စဉ် နားပူပြီသာမှတ်တော့ဟေ့ ။

နောက်တစ်မျိုးက
ဆိတ်ပါးစပ် မျောက်လက်
မိန်းမမျိုးလည်း ရှောင်ဟေ့ ။
ဟိုဟာစားလိုက် ဒီဟာဝယ်လိုက်နဲ့
မောင်ရင်ရှာလို့လောက်မှာမဟုတ်ဘူး ။

နောက်တစ်မျိုးက မိန်းမကပ်ပါး ။
မိန်းမကပ်ပါးကိုလည်း ရှောင်ရမယ် ။
မောင်ရင်သွားလေရာ
ကြက်သားအုပ်မလို
ခါးထစ်ခွင် လက်ဆွဲ
ဗိုက်ထဲမကျန် အကုန်ခေါ်ပြီး
တကောက်ကောက်လိုက်မယ် ။
အမြဲဟိုစစ် ဒီမေးနဲ့
မယုံမကြည်နဲ့လုပ်နေတတ်တယ် ။

ဒါက သဘောလေးပဲ ..
ပြောပြသေးတာပါ။

ဒီလောက်ပဲ ရှောင်ရင်
မောင်ရင်တို့ ကောင်းပါပြီ ။
မိန်းမအယူမှားရင် ..
လေဖြတ်နေရတာထက်
အနေဆိုးတယ်မောင်ရင်ရေ …!

😁😁😁😁😁😁😁😁😁😁

diduknow

credit

Photo..ခွက်ဒစ်
Yi Yi Ti

Leave a Reply

Your email address will not be published.