မန္တလေးမြို့တွင် အချိုရည်အတုနှင့် ကော်ဖီမစ်အတုများတွေ့ရှိ

မန္တလေးမြို့ အောင်မြေသာစံနှင့် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ နေအိမ်နှစ်အိမ်၌ အားဖြည့်အချိုရည်နှင့် ကော်ဖီမစ်များ ထုတ်လုပ်ကာ အတုအပပြုလုပ်ရောင်းချလျှက်ရှိသည့် စက်ရုံနှင့် အလုပ်နေရာ နှစ်ခုကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဇန်နဝါရီ(၁၄)ရက် ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်းရဲတပ်ဖွဲ့မှ သတင်းရရှိပါတယ်။

ပုသိမ်ကြီးမြို့နယ် ကုန်းတန်းကျေးရွာရှိ နေအိမ်တစ်အိမ်တွင် အမ်-၁၅၀ အားဖြည့်အချိုရည်နှင့် ဘာဒီ ကော်ဖီမစ်ထုပ် အတုပြုလုပ်နေသည်များကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖ.မ်းမိခဲ့ပြီး အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်၊ ၆၂ လမ်း၊ ၁၆ လမ်းနှင့် ၁၇ လမ်းကြားရှိ နေအိမ်၌လည်း အမ်-၁၅၀ အားဖြည့်အချိုရည်များ အတုပြုလုပ်နေသည်ကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ “ဟိုဘက်မှာက (ပုသိမ်ကြီးမြို့နယ် ကုန်းတန်းရွာဘက်) ကော်ဖီမစ်ထုတ်တဲ့စက်ရုံ မိတာ။

ဒီဘက်မှာက အိမ်မှာ အချိုရည်လုပ်နေတာပေါ့။ ပိုင်ရှင်က တစ်ယောက်ထဲ နှစ်မျိုးခွဲလုပ်တာ” မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဖကျာ်ဇံမြင့်က ပြောပါတယ်။ ထိုသို့ အချိုရည်များ အတုအပပြုလုပ်နေကြောင်း သတင်းအရ သက်ဆိုင်ရာဌာနများဖြင့် နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးရာမှ အချိုရည်ပုလင်းများ၊ အချိုရည်အတုပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

“အချိုရည်အတုတွေ ထုတ်နေတာ တော်ဝော်ကြာပြီလို့ ယူဆရတယ်” ဟု ၎င်းက ပြောပြီး အဆိုပါ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ အမှုဖွင့်အရေးယူနိုင်ရန် ဆောင်ရွက်နေတယ်လို့သိရပါတယ်။ အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်၊ ၆၂လမ်း၊ ၁၆လမ်းနှင့် ၁ရလမ်းကြားရှိ ဦးပီကူးမား၏နေအိမ်မှ အားဖြည့်အချိုရည်ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဘွိုင်လာအိုး၊ ဖျော်စပ်ရာတွင်အသုံးပြုသည့်လှောင်ကန်အပါအဝင် ဆက်စပ်ပစ္စည်းများ ဖ.မ်းမိခဲ့ပြီး ပုသိမ်ကြီးမြို့နယ်၊ ကုန်းတန်းကျေးရွာရှိ နေအိမ်တစ်အိမ်မှလည်း အမ်-၁၅၀ အချိုရည်ပုလင်းများ၊ ကော်ဖီမစ် ပြုလုပ်ရာတွင် အသုံးပြုသည့် စက်နှင့်စက်ပစ္စည်းများ ဖ.မ်းမိခဲ့ကြောင်း သတင်းရရှိပါတယ်။

အမှုနဲ့ ပတ်သက်၍အသေးစိတ် အချက်အလက်များကို မသိရသေးဘဲ အမှုဖွင့်ရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သတင်းရရှိပါတယ်။ အချိန်ပေးဖတ်ရှုပေးကြတဲ့ စာဖတ်ပရိသတ်အပေါင်းအား ကျေးဇူးအထူးတင်ရှိပါတယ်။ သာယာချမ်းမြေ့ကြပါစေ။

Crd

Leave a Reply

Your email address will not be published. Required fields are marked *