အမြန်လမ်းမှာ အဆိုတော်သရုပ်ဆောင် ထွန်းထွန်း မော်တော်ယာဉ်မတော်တဆဖြစ်

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်၂၂၆ အနီးမှာ မနေ့ ဇန်နဝါရီ ၉ရက် ည ၁၀ နာရီခွဲခန့်က အဆိုတော်၊ရုပ်ရှင်သရုပ်ဆောင် Example ထွန်းထွန်းနဲ့ အဖော်အဖြစ်လိုက်ပါသူတစ်ဦးတို့ မော်တော်ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့တယ်လို့ မိတ္ထီလာမြို့မျိုးဆက်သစ်မြတ်ပါရမီ လူမှုကယ်ဆယ်ရေးအဖွဲ့မှ မထွေးထွေးငြိမ်းက ပြောပါတယ်။

” အခင်းဖြစ်နေရာမှာ လမ်းပေါ်ကန့်လန့်ဖြစ်နေတဲ့ သစ်တုံးကို‌ ရှောင်ရင်းနဲ့ကားအောက်ပိုင်းနဲ့တိုက် မိတယ်လို့သိရတယ်။ ကားဘီးပေါက်ပြီး ဂီယာအုံ ပျက်သွားပေမယ့် ဆက််မောင်းလာရင်း လုံးဝကိုထိုးရပ်သွားတယ်လို့ သူတို့က ပြောတယ်”လို့ မထွေးထွေးငြိမ်းကပြောပါတယ်။

ထွန်းထွန်းနဲ့ အဖော်တစ်ဦးလိုက်ပါမောင်းနင်လာတဲ့ Alphard အမျိုးအစား အဖြူရောင်ယာဥ်ဟာရန်ကုန်-မန္တလေး အမြန်လမ်းအတိုင်းနေပြည်တော်ကနေ မန္တလေးဘက်ကို မောင်းလာချိန် မိုင်တိုင်၂၂၆ အနီးမှာ အရှည်ခြောက်ပေခန့် အချင်း ခြောက်လက်မခန့်ရှိတဲ့ သစ်လုံးတစ်လုံးကို လမ်းလယ်ခေါင်မှာမြင်တွေ့လိုက်ရတာဖြစ်ပါတယ်။

ကီလိုတစ်ရာနီးပါး မောင်းလာတဲ့ယာဉ်ကို ရုတ်တရက်ရှောင်တိမ်းလိုက်ရပေမယ့်လည်း ယာဉ်အောက်ပိုင်းနဲ့ တိုက်မိရာ ကားဘီးပေါက်ပြီး ဂီယာဘောက်စ်ကွဲကြေခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့သူတွေပြောပြချက်အရ သိရပါတယ်။အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးကို မြို့ချောင်းအပိုင်နယ်မြေတစ်ခုမှာသာ ယာဉ်မတော်တဆမှုသတင်းတစ်ခုသာရောက်ရှိပြီး ရုပ်ရှင်သရုပ်ဆောင် ထွန်းထွန်းတို့ ယာဉ်မတော်တဆမှုဖြစ်စဉ်ကိုတော့ မသိရှိဘူးလို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးကနေသိရပါတယ်။

အမြန်လမ်းမှာ ညဘက်မောင်နင်တဲ့ ကားသမားအချို့ အခုလိုဖြစ်စဥ်တွေ မကြာခဏဖြစ်ပွားတာတွေ ရှိတယ်လို့လည်း သိရပါတယ်။

Photo-မျိုးဆက်သစ်မြတ်ပါရမီအသင်း

Leave a Reply

Your email address will not be published. Required fields are marked *