ပျောက်ဆုံးသွားသော အင်ဒိုနီးရှား ခရီးသည်တင်လေယာဉ်သည် ပင်လယ်တွင်းသို့ပျက်ကျသွားခြင်းသာဖြစ်

အင်ဒိုနီးရှားနိုင်ငံ Sriwijaya လေကြောင်းလိုင်းမှ ခရီးသည်တင် ဘိုးရင်း ၇၃၇ လေယာဉ်တစ်စီးသည် ဇန်နဝါရီလ ၉ ရက်က ဂျာကာတာလေဆိပ်မှပျံတက်ပြီး မကြာမီပင် ရေဒါမှပျောက်ကွယ်သွားခဲ့ကာ ပေ ၁၀,၀၀၀ အမြင့်မှ ပင်လယ်ထဲသို့ ထိုးကျသွားခဲ့ကြောင်း သိရသည်။

ဘိုးရင်း ၇၃၇-၅၀၀ လေယာဉ်မှာ ဂျာကာတာလေဆိပ်မှ အနောက်ကာလီမန်တန်ပြည်နယ်မြို့တော် ပွန်တီယာနတ်မြို့ သို့ ပျံသန်းမှုခရီးစဉ်အမှတ် SJ182 ဖြင့် ပျံသန်းစဉ်ပျက် ကျခဲ့ခြင်း ဖြစ်သည်။ လေ ယာဉ် ပေါ် တွင် ခရီးသည် ၅၀ ဦးကျော်ပါရှိကာ ကလေးငါးဦးနှင့် အနည်းဆုံးလူကြီး ၅၃ ဦးလိုက် ပါလာကြောင်း ခရီးသည်မှတ်တမ်းများတွင် ဖေါ်ပြခဲ့သည်။လေယာဉ်ဝန်ထမ်း မည်မျှပါရှိသည်ကိုမူ တိကျစွာမသိရသေးပေ။

CNBC သတင်းဌာန၏ ပြောကြားချက်များအရ လေယာဉ်မှာ အမြင့်ပေ ၁၀,၀၀၀ သို့ရောက်ရှိခဲ့ပြီး နောက် တစ်မိနစ်အတွင်း၊ ပျံတက်ပြီးနောက် လေးမိနစ်ခန့်မှာပင် ဒေသစံတော်ချိန် မွန်းလွဲ ၂း၄၀ နာရီခန့်၌ ပျက်ကျသွားခြင်းဟုသိရသည်။ လေယာဉ်၏ အပျက်အစီးအပိုင်းအစ အချို့ကို ပင်လယ်အတွင်းမှ ပြန်လည်ဆယ်ယူရရှိထားကြောင်းသိရသည်။

Sriwijaya လေကြောင်းလိုင်းမှာ အင်ဒိုနီးရှားပြည်တွင်းလေကြောင်းလိုင်းတစ်ခုဖြစ်ပြီး တစ်လလျှင် ခရီး သည် ၁,၀၀၀,၀၀၀ ကျော်သယ်ဆောင်ပျံသန်းပေးနေသည့် လေကြောင်းလိုင်းတစ်ခုဖြစ်သည်။

The Mirror

Leave a Reply

Your email address will not be published. Required fields are marked *