စင်ကာပူမှာ ကိုဗစ်ကာကွယ်ဆေးထိုးပြီ

စင်ကာပူမှာ မနေ့က ကိုဗစ်ကာကွယ်ဆေးကို သူနာပြုတစ်ဦးနဲ့ အစပြုထိုးနှံခဲ့ပါတယ်။ National Centre for Infectious Diseases မှ ကျန်းမာရေးလုပ်သား (၄၀) ဖြင့် ဗုဒ္ဓဟူးနေ့ရဲ့ ကာကွယ်ဆေးထိုးနှံမှုကို ဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ်။ သူနာပြုဆရာမကြီး Sarah Lim က ပထမဆုံး ထိုးနှံမှုခံယူခဲ့တာ ဖြစ်ပါတယ်။ စင်ကာပူမှာ ထိုးနှံခဲ့ကြတာက Pfizer / BioNTech ကိုဗစ်ကာကွယ်ဆေး ဖြစ်ပါတယ်။ ဒါကြောင့် ယခုထိုးနှံမှု ခံယူထားသူတွေဟာ ၂၁ရက်အကွာ လာမယ်ဇန်နဝါရီလ၂၀ရက်နေ့မှာလည်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှု ခံယူရဦးမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

Source – စီအန်အေ

Leave a Reply

Your email address will not be published. Required fields are marked *