ဘယ်သူတွေပိုခိုးလဲ?

Tue, December 1. 2020

ဒီပို့စ်က မခိုးဘူးကွ ဆိုပြီး ယနေ့ထိ ဖင်ပိတ်ငြင်းနေသူများ နှိုင်းယှဉ်နိုင်ဖို့ တင်ပြလိုက်တာပါ ။ အားလုံးဟာ လွှတ်တော်မှာ တရားဝင် ဆွေးနွေးထားခဲ့ပြီး ဖြစ်တဲ့ သတင်းတွေပါပဲ ။ ဒေါ်စုကြည်ရဲ့ page မှာ တင်ထားတဲ့ စာရင်းတွေ နဲ့ ယှဉ်ကြည့်ကြပါမယ် ။

ယခု ပထမဆုံး ရ/သုံးစားရင်းတွေ နှိုင်းယှဉ် ကြည့်ပါမယ် ။

USDP 5 နှစ်ရဝင်ငွေ

အခွန် 22356 ဘီလီယံ
သယံဇာတ 43864 ဘီလီယံ
ဝင်ငွေပေါင်း 66220 ဘီလီယံ

NLD 4 နှစ်ရဝင်ငွေ

အခွန် 73654 ဘီလီယံ
သယံဇာတ 37828 ဘီလီယံ

ဝင်ငွေပေါင်း 111482 ဘီလီယံ
အဲဒါရငွေစာရင်းပါ သုံးငွေကို လေ့လာကြည့်ပါ ။

USDP 5 နှစ်မှာ
အကြွေး 8024 ဘီလီယံ
ရငွေ 66220 ဘီလီယံ
သုံးငွေပေါင်း 74244 ဘီလီယံ

NLD 4 နှစ် မှာ
အကြွေး 20904 ဘီလီယံ
ရငွေ 111482 ဘီလီယံ
သုံးငွေပေါင်း 132396 ဘီလီယံ

USDP 5 နှစ် 74244 ဘီလီယံ သုံးပြီး ဒါတွေ တည်ဆောက်ပေးနိုင်ခဲ့ပါတယ် ။

ပညာရေး
——————-

ကျောင်းအသစ် 4000
ကျောင်းဆောင်အသစ် 11148
ကျောင်းဆောင်
အဟောင်း ပြုပြင် 11705
ဘ က ကျောင်းများအား ထောက်ပံ့ကြေးပေး

ကျန်းမာရေး
————————

ဆေးရုံအသစ် 164
ဆေးရုံ(အဆင့်မြှင့်) 100
ကုသရေးစင်တာ 42
တိုင်းရင်းဆေးရုံ 44

သူနာပြု / သားဖွား 9 ( ကျောင်းအသစ်)
ရန်ကုန်ဆေးရုံ ကုတင် 2000 ဖြစ်လာပါတယ် ။

ရေရရှိမှုလုပ်ငန်း 23353
သောက်ရေ(ကျေးရွာ) 14640

လမ်းပန်းဆက်သွယ်ရေး
—————————–
ကတ္တရာလမ်း 4242 မိုင်
ကွန်ကရစ်လမ်း 374 မိုင်
ကျေးလက်လမ်း 47408 မိုင်
ကျေးလက်တံတား 223395 ပေ

တံတားများ
—————–
တံတားအသေး 1145 တည်ဆောက်နေ၍ 445 စင်း 100 % ပြီးစီး ။

(တံတားအစင်းပေါင်း ဘယ်လောက် ပျောက်ပါတယ်ဆိုပြီး ဖောင်းထုမယ့် မန့်များ အတွက် ကြိုပြောချင်တာက အစိုးရရဲ့ ဘက်ဂျက်နဲ့ လုပ်ဆောင်နေတဲ့ တံတားတွေကို ရာချီဖျောက်ဖို့ မပြောနဲ့ ၁ စင်းတောင် စာရင်းဖျောက်မရပါဘူး ။ ကွာလ်တီလျော့ပြီး ခိုးချင်ခိုးပါ့မယ် ။ အဲဒီ ပြဿနာ ဖွခဲ့သူ ပန်ဆယ်လို ကိုယ်တိုင် သူမှားပါတယ်ဆိုပြီး ဝန်ခံထားပါတယ် )

မြစ်ကူးတံတားများ
———————–
ညောင်တုန်း 10814 ပေ
ပခုက္ကူ 13537 ပေ
ထီးချိုင့် 7730 ပေ
မလွန် 5839 ပေ

ဘုရင့်နောင် ၂ 5690 ပေ
စင်းခန်း 4630 ပေ
ဘိုကလေး 4015 ပေ
မြန်မာ လာအိုချစ်ကြည်ရေး 2269 ပေ

သံလွင်( ဖားဆောင်း) 1260 ပေ

လျှပ်စစ်
————
တာပိန် 2011 240
ရွှေကျင် 2011 75
ကြီးအုံကြီးဝ 2012 74
ကျွန်းချောင်း 2012 60

သောက်ရေခပ် 2014 120
(၂)
နန်ချို 2014 40
ဖြူး 2015 40

UPပေါင်းလောင်း2015 140
——————————————
TOTAL 789
——————————————

2015 – 2019 အတွင်း အိမ်ထောင်စု 1.7 သန်းအား လျှပ်စစ်မီးသွယ်တန်းပေးရန် စီမံချက်ရေးဆွဲပြီး ။

အဲဒါတွေကတော့ ၅ နှစ်အတွင်း 74244 ဘီလီယံ သုံးသွားတဲ့ ကြံ့ ခိုင် ရေး ပါတီရဲ့ လုပ်ဆောင်ခဲ့မှုတွေပါပဲ ။ 2008 ခြေ / ဥ အောက်ကနေ
လုပ်ပြသွားတာပါ ။

ကဲ ဒီကနေ့ ငါတို့ အစိုးရက မခိုးဘူးကွဆိုတဲ့NLD ပါတီဝင်များရဲ့ ကြွေးကြော် ကြုံးဝါးသံကို လေ့လာကြပါစို့ ။ ခိုးတယ်ဆိုတဲ့ နေရာမှာ ငွေကို ပေါ်တင်ကြီး အိတ်ထဲထည့်ယူမှ ခိုးတာ မဟုတ်ဖူးဆိုတာ လောက်တော့ သိကြမှာပါ ။

4 နှစ်ကို 132386 ဘီလီယံ နဲ့ ဦးသိန်းစိန်အစိုးရထက် ပြည်သူ့ဘဏ္ဍာ ၂ ဆ နီးပါး ပိုပြီး သုံးထားတဲ့ NLD အစိုးရဟာ ဘယ်လို လုပ်ငန်းတွေ များ ဘယ်လောက် ပြီးစီးနေပါပြီလဲ ?

ဆေးရုံ အသစ် ? ကျောင်းအသစ် ? လမ်းအသစ် ? တံတားအသစ် ?
ရေအားလျှပ်စစ် မဂ္ဂါဝပ် အသစ် ?
ဘယ်လောက်များ ဖြစ်ထွန်းနေပါပြီလည်း ?

အမှန်အတိုင်းဆိုရင် ဘက်ဂျက် နှစ်ဆဆနီးပါး ပိုမို သုံးစွဲထားတော့ ဦးသိန်းစိန်ထက် နှစ်ဆလောက် ပြီးစီး အောင်မြင်ရမှာပါ ။ မဟုတ်ရင် လွဲမှားနေပါပြီ ။ဘက်ဂျက်တွေ ဘယ်ပျောက်နေပါသလဲ ?
crd ############

Leave a Reply

Your email address will not be published.