အများပြည်သူပိုင်နေရာများနှင့် ချစ်စရာ ပန်းချီလက်ရာများ

Cal အမည်ရှိတဲ့ပြင်သစ်အနုပညာရှင်တစ်ဦးဟာ အများပြည်သူသုံး ပစ္စည်း၊အဆောက်အဦးစတာတွေကို လက်သရမ်းဖျက်ဆီးတတ်သူပါ။ဒါပေမဲ့သူ့ရဲ့မကောင်းတဲ့အကျင့်တွေက ရိုင်းစိုင်းတာ ဒါမဟုတ် ဖျက်ဆီးလိုတာမျိုးမဟုတ်ဘဲ အဲ့ဒီအစား စမတ်ကျတဲ့ဖန်တီးမှုတွေနဲ့ လူအများအားဝမ်းမြောက်ပျော်ရွှင်စေတဲ့စိတ်ကို ဖြစ်ပေါ်စေခဲ့ပါတယ်။

Lyonမြို့အခြေစိုက် street artist တစ်ဦးဖြစ်တဲ့ Calဟာ သူ့ရဲ့လက်သရမ်းအနုပညာလက်ရာတွေကို မြို့ပြဒေသရဲ့နေရာအနှံ့မှာ ပြန်ကျဲစေခဲ့ပြီး သူ့လုပ်ရပ်က မကောင်းပေမဲ့ သူဆွဲပေးခဲ့တဲ့ပုံလေးတွေက အပြစ်မပြောချင်စရာပါဘဲ။ကျောက်တုံးပေါ်၊ကားရပ်နားရာနေရာ၊ပန်းခြံ၊လမ်းမပေါ်စတဲ့Lyonမြို့ရဲ့အများပိုင်နေရာတွေကတော့ Calရဲ့သဘာဝကျပြီးချစ်စရာကောင်းတဲ့လက်သရမ်းမှုတွေနဲ့ပြည့်နက်နေစေခဲ့ပါတယ်။ဒီတော့ အပြစ်မပြောရက်အောင် ချစ်ဖို့ကောင်းတဲ့Calရဲ့လက်သရမ်းဖျက်ဆီးမှုလေးတွေကို စာဖတ်သူတို့အဖို့ ဝေမျှပေးခဲ့လိုက်ပါတယ်။

Mia (Mckzone Daily)

Leave a Reply

Your email address will not be published. Required fields are marked *