အင်းဝမြို့ သမိုင်းမှတ်စု⚜⚜⚜⚜⚜⚜⚜⚜⚜⚜ မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်မြောက်ဘက်တွင်ရှိတဲ့ အင်းဝမြို့ဟာ နှစ်ပေါင်း ၄၀၀ကျော်အောင် သက်တမ်းရှိနေပြီဖြစ်ပါတယ်။ အင်းဝမြို့ကို သက္ကရာဇ်(၇၂၆)ခုနှစ်တွင် သတိုးမင်းဖျား ကစတင်တည်ထောင်ခဲ့ပြီး ကုန်းဘောင်ဆက်ဘကြီးတော် အထိ ထီးနန်းစိုက်ခဲ့ပါတယ်။ အင်းဝဟာ ဧရာဝတီမြစ်နှင့် ဒုဌဝတီမြစ်တို့ဆုံရာတွင်တည်ရှိပြီး အရှေ့ဘက် တရုတ်ပြည်၊ယူနန်နှင့် အနောက်ဘက် အိန္ဒိယတို့မှ လာသည့်လမ်းကြောင်းများဆုံရာဖြစ်ပါသည်။ အင်းကိုးအင်းကို ဖို့ပြီးတည်ထားသဖြင့် အင်းနဝမှအင်းဝသို့ခေါ်ခဲ့ခြင်းဖြစ်သည်။ အင်းဝ၏အခြားသောအမည်ခွဲများမှာ အင်းနဝ၊ရွှေဝ၊အဝနှင့် ရတနာပူရတို့ဖြစ်ပါတယ်။ ပြီးတော့ အင်းဝဟာ မြန်မာရဲ့မင်းနေပြည်တော်များအနက်မှ သက်တမ်းအရှည်ဆုံးမြို့ဖြစ်ပြီး မင်းဆက်လေးဆက်တိုင်အောင်နန်းစိုက်ခဲ့ပါသည်။ အကယ်၍များ မန္တလေးမြို့ဘက်ရောက်ခဲ့လို့ အင်းဝဘက်ကို ရောက်ခဲ့ရင် ဘယ်ကိုသွားကြမလဲ…? 1.မြို့ရိုး(၃)ခု ၊ကျုံးနှင့် အင်းဝနန်းတော်ရာ အင်းဝမြို့ဟောင်းမှာ မြို့ရိုး(၃)ခုရှိပါသည်။ အတွင်းမြို့ရိုး၊ စည်တိုပုံမြို့ရိုးနှင့် အပြင်မြို့ရိုးတို့ ဖြစ်ပါသည်။ သမိုင်းကိုသဘောကျပြီး ရှေးခေတ်Continue Reading

မြန်မာနိင်ငံသည် အာရှတိုက်၏ အရှေ့တောင်ဖက် ဒေသတွင် တည်ရှိသည်။ ဧရိယာ စတုရန်းမိုင် (၂၆၁၂၂၈) ကျယ်၀န်းပြီးအရှေ့တောင် အာရှဒေသတွင် ၊ ဒုတိယဧရိယာ အကြီးဆုံး နှင့် ၊ ကမ္ဘာပေါ်ရှိနိင်ငံများထဲတွင် ဧရိယာ အကျယ်ဆုံး အဆင့် ၄၀ – မြောက် နိင်ငံဖြစ်သည်။ မြန်မာနိင်ငံ၏ တည်နေရာသည် မြောက်လတ္တီတွဒ် ၉ ဒီဂရီ ၃၂ မိနစ်မှ ၂၈ ဒီဂရီ ၃၁ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁ဝ မိနစ်မှ ၁ဝ၁ ဒီဂရီ ၁၁ မိနစ်ကြားတွင် တည်ရှိသည်။ နိင်ငံဧရိယာ၏ ၉၆.၉၄% မှာ ကုန်းမြေများဖြစ်ပြီး ၊ မြစ်ချောင်းContinue Reading

အထင် အထာနဲ့ မဆုံးဖြတ်ပါနဲ့🕳🕳🕳🕳🕳🕳🕳🕳 ကျွန်တော် ဒီဓါတ်ပုံကို စမြင်တုန်းကသဘောရိုးပဲတွေးမြင်ခဲ့တာပါ။ကြောင်လေးက မြွေဟောက်ရဲ့အမြီးကိုကြွက်လို့ထင်ပြီး ဖမ်းဖို့ပြင်နေတဲ့ ပုံပေါ့။ သေချာလေ့လာကြည့်မှ ဒါဟာ အီတလီပန်းချီဆရာတစ်ယောက်ဖြစ်တဲ့ Mr.Marco Melgrati ရေးဆွဲခဲ့တဲ့ သက်ဝင်ပန်းချီကားတစ်ချပ်ဖြစ်ပါတယ်။ ပန်းချီဆရာဖော်ကျူးချင်တဲ့ အဓိပ္ပာယ်ကဒီလိုပါ။ မင်းကိုယ်မင်း ဟုတ်လှပြီးလို့ တွေးပြီးကစားနေတဲ့လူဟာ ဘယ်လိုလူလည်းဆိုတာမင်းလုံးဝမသိသေးပဲ လွယ့်လင့်တကူ မကစားပါနဲ့.. သူများက မင်းအကြောင်း အကုန်လုံးကိုမြင်ပြီး သိပြီးသားပါ မင်းကို မသတ်ချင်သေးလို့ကြည့်နေတယ် ဆိုတာ မှတ်ပါ။ ဘာလုပ်လုပ် ဘယ်လိုလူစားနဲ့ တွေ့တွေ့လူတိုင်းကိုလေးစားပါ ၊ ရိုးသားပါ ၊ မကစားပါနဲ့ ။မင်းကစားလို့ လက်တစ်လောမင်းနိုင်ချင်နိုင်ပေမဲ့ နောက်လှည့်ရင် သေပွဲဝင်ရမယ်ဆိုတာ အမြဲသတိရပါ။ဒါကြောင့် လူတိုင်းကို လွယ်လွယ်နဲ့ ပေါ့ပေါ့တန်တန်တွေးပြီး မဆက်ဆံပါနဲ့ လေးစားမှုရှိပါ။Continue Reading

၁။ အတင်းမပြောပါနဲ့။ ၂။ အရေးကြီးတဲ့ကိစ္စတွေမှာ ကလေးဆန်စွာမဆုံးဖြတ်ပါနဲ့။ ၃။ သင့်ဘဝကို အပြစ်မတင်ပါနဲ့။ ၄။ အမှန်တရားကို ဖုံးကွယ်မထားပါနဲ့။ ၅။ အသိအမှတ်ပြုသင့်တဲ့အရာတွေကို ဥပက္ခာမပြုပါနဲ့။ ၆။ သူတစ်ပါးရဲ့လျှို့ဝှက်ချက်ကို ထုတ်ဖော်မပြောပါနဲ့။ ၇။ အရေးကြီးကိစ္စတွေကို မက်ဆေ့ဂ်ျပို့ပြီး အကြောင်းမကြားပါနဲ့။ ၈။ လုပ်နိုင်တယ်ဆိုတိုင်း လုပ်သင့်တယ်မထင်ပါနဲ့။ ၉။ မကောင်းတဲ့အမူအကျင့်တွေကို ဆုပ်ကိုင်မထားပါနဲ့။ ၁ဝ။ အခွင့်အရေးကောင်းတွေကို လက်လွှတ်မခံပါနဲ့။ ၁၁။ ဘာကိစ္စပဲဖြစ်ဖြစ် ရေတိုမတွေးပါနဲ့။ ၁၂။ အဆိုးနောက်မှာ အကောင်းရှိတာမမေ့ပါနဲ့။ ၁၃။ အကောင်းဆုံးတွေကို မျှော်လင့်နေချိန်မှာ အဆိုးဆုံးတွေအတွက် ပြင်ဆင်ထားဖို့လည်း မမေ့ပါနဲ့။ ၁၄။ ဘဝထဲက ပထမဆုံးအမှတ်တရတွေကို မမေ့ပါနဲ့။ ၁၅။ ပန်းတိုင်အတွက် စံပြထားဖို့ မမေ့ပါနဲ့။Continue Reading

ဂျပန်နိုင်ငံသားအဖြစ်ခံယူခွင့်ရတာနဲ့ မြန်မာပြည်က Release Letter ရသည်ဖြစ်စေ..မရသည်ဖြစ်စေ ကိစ္စမရှိတော့ဘူးလို့ သူနဲ့နီးစပ်သူတစ်ဦးကပြောလာပါတယ်..နိုင်ငံသားဖြစ်ခွင့်ရတာနဲ့ JFA က ဂျေလိဂ်မှာကစားခွင့် Approve ပေးဖို့လည်း အဆင်သင့်ဖြစ်နေပါပြီတဲ့.. မြန်မာပြည်မှာဖြစ်နေတဲ့ အခြေအနေအရပ်ရပ်ကိုသိတဲ့ ဂျပန်နိုင်ငံက ကလပ်တွေကလည်း ပြည့်လျှံအောင်ကို အပြိုင်အဆိုင်ကမ်းလှမ်းကြပါတယ်..သူကဂိုးသမားတစ်ယောက်ဖြစ်နေတာလည်းပါတာပေါ့လေ..ပြည့်လျှံအောင်ကတော့ ကမ်းလှမ်းလာတဲ့အသင်းတွေအနက်က သူ့နောင်ရေးအတွက်ပါ ထည့်သွင်းစဉ်းစားပေးတဲ့ ယိုကိုဟားမားအခြေစိုက်ကလပ်ကိုရွေးချယ်လိုက်ပါတယ်.. အဲဒီကလပ်က ပြည့်လျှံအောင် ကစားသမားအဖြစ်က အနားယူရင်တောင် အသင်းဂိုးနည်းပြအဖြစ်ဆက်လက်အသက်မွေးနိုင်ဖို့ ထောက်ပံ့မယ်လို့သိရတော့..ပြည့်လျှံအောင်အတွက် ဝမ်းသာမိတယ်.. ကျနော်အမှတ်မမှားဘူးဆိုရင် ပြည့်လျှံအောင်သာ ဂျေလိဂ်မှာကစားခွင့်ရရင် မြန်မာလူမျိုးထဲက ပထမဆုံးကစားခွင့်ရတဲ့သူအဖြစ် မှတ်တမ်းဝင်သွားမှာပါ.. Crd: Kyaw Thu SoeContinue Reading

ချစ်သူအချင်းချင်း mutual respect လိုသလား?လင်မယားအချင်းချင်း mutual respect လိုသလား? ဟုတ်ကဲ့လိုပါတယ်… မတူညီတဲ့လူနှစ်ဦး တူတူသွားရမယ့်ခရီးမို့လို့တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်လေးစားဖို့သိပ်လိုပါတယ် အပြန်အလှန်လေးစားမှုမရှိရင်ရှေ့ဆက်လို့မရပါဘူး… တစ်ဦးကိုတစ်ဦး အထင်မကြီးရင်လက်တွဲလို့မရပါဘူး…. တစ်ယောက်အပေါ်တစ်ယောက်မလေးစားဘဲ အပြစ်သာမြင်နေရင်တူတူသွားလို့မရပါဘူး….. ကျွန်တော်တို့တွေက တစိမ်းတွေပါ..အတိတ်တွေမတူကြပါဘူးအတွေးတွေမတူကြပါဘူးအမြင်တွေကွဲပြားကြပါတယ်… တစ်ယောက်မှာရှိတဲ့အရည်အချင်းကိုမြင်အောင်ကြည့်ရပါမယ်တစ်ယောက်မှာရှိတဲ့စေတနာတွေကို လေးစားရပါမယ်တစ်ယောက်မှာရှိတဲ့အားနည်းချက်တွေကို နားလည်ပေးပြီးတက်နိုင်သလောက်ပြုပြင်ယူရပါမယ်.. ဒါဟာ mutual respect ပါ… ကျွန်တော်တို့ဟာသူတို့တွေရဲ့ အရည်အချင်းကိုအသိအမှတ်မပြုခဲ့ဘူးသူတို့တွေရဲ့ ယုံကြည်ချက်တွေကိုအထင်မကြီးခဲ့မိဘူးသူတို့တွေရဲ့ ဝါသနာတွေကိုပြက်ရယ်ပြုမိခဲ့တယ်သူတို့တွေရဲ့ စေတနာတွေ ကူညီမှုတွေအနစ်နာခံပေးမှုတွေကို တန်ဖိုးမထားမိခဲ့ဘူးသူတို့အတွေးတွေကို နေရာမပေးခဲ့မိဘူး ‘ငါသာလျှင်ကောင်းတယ်’ ‘ငါကပဲမှန်တယ်’ဆိုတဲ့အတ္တတွေကိုဘာမှမဖြစ်လောက်ပါဘူးလေဆိုပြီး ဖော့တွေးရင်းသူတို့အပေါ် မလေးစားခဲ့မိဘူး…ဒါ့ကြောင့်ကျွန်တော်တို့ရဲ့ ဥပေက္ခာတွေအားလုံးစုပေါင်းမိသွားတဲ့တနေ့မှာသူတို့ဟာကျွန်တော်တို့နားက စွန့်ခွာသွားကြပါတယ် ချစ်သူတော်တော်များများဟာဒီအချက်တွေကြောင့်သာ လမ်းခွဲသွားကြတာပါ.. ဒါဟာ ဝမ်းနည်းစရာဖြစ်ရပ်ပါ… ဟုတ်ကဲ့…ချစ်သူပဲဖြစ်ဖြစ် လင်မယားပဲဖြစ်ဖြစ် ချစ်ကြပါ တစ်ဦးနဲ့တစ်ဦးလည်း အပြန်အလှန်လေးစားပေးပါ တစ်ယောက်လုပ်နိုင်တာကို တစ်ယောက်ကလေးလေးနက်နက် အသိအမှတ်ပြုပါContinue Reading

ကမ္ဘာပေါ်မှာ အချမ်းသာဆုံးဖြစ်တဲ့ ဘီလ်ဂိတ်ကို“ကမ္ဘာပေါ်မှာ သင့်ထက် ပိုပြီးချမ်းသာတဲ့သူ ရှိသလား”လို့ လူတစ်ဦးက မေးတယ်။ “ရှိတာပေါ့။ ကျွန်တော့်ထက် ပိုပြီး ချမ်းသာတဲ့ပုဂ္ဂိုလ်တစ်ဦးရှိပါတယ်။” လို့ ဘီလ်ဂိတ်က ပြန်ဖြေပါတယ်။ အဲဒီနောက် ဘီလ်ဂိတ်က သူတွေ့ကြုံခဲ့ရတဲ့ဇာတ်လမ်းတစ်ပုဒ်ကို အခုလို ပြောပြခဲ့ပါတယ်။ ကျွန်တော် အဲဒီအချိန်တုန်းက မချမ်းသာသေးပါဘူး။လူသိလည်း မများသေးပါဘူး။ တစ်နေ့ နယူးယောက်လေဆိပ်မှာ သတင်းစာရောင်းသူ တစ်ဦးနဲ့ ဆုံခဲ့ပါတယ်။ ကျွန်တော် သတင်းစာ တစ်စောင်ကို ဝယ်ချင်ခဲ့တယ်။ဒါပေမယ့် ကျွန်တော့်မှာ ပိုက်ဆံအကြွေမရှိမှန်းငွေပေးခါနီးမှ သိခဲ့ရတယ်။ ဒါနဲ့ ဝယ်ချင်တဲ့ဆန္ဒကိုမျိုသိပ်ပြီး အဲဒီသတင်းစာကို ရောင်းတဲ့သူဆီပြန်ပေးလိုက်တယ်။ ကျွန်တော့်မှ အကြွေမပါကြောင်း သူ့ကို ပြောပြပါတယ်။ဒါနဲ့ “ဒီစာစောင်ကို အလကားပေးပါတယ်၊ ယူပါ” လို့သတင်းစာရောင်းသူက ပြောပါတယ်။သူက မရမကContinue Reading

တပ်မ (၉၉) ပြင်ဦးလွင်သို့ရောက်ရှိ ယနေ့ ဇွန်လ ၁၈ ရက်နေ့မှာ ပြင်ဦးလွင်မြို့ကို မိထ္ထီလာအခြေစိုက် တပ်မ (၉၉) အင်အားအလုံးအရင်းနဲ့ပြန်လည်ဝင်ရောက်လာတာတွေ့မြင်ရပါတယ်…မြို့မစျေးကြီး၊ ဉာဏ်ကွဲလမ်းဆုံ၊ စံပြရှေ့ စတဲ့လူစည်းကားတဲ့နေရာတွေနဲ့ မြို့တွင်းမြို့ပြင်တွေမှာ တင်းတင်းကြပ်ကြပ်စစ်ဆေးမှုတွေပြုလုပ်နေတာဖြစ်ပါတယ်…ကျောင်းတွေ ဆေးရုံတွေ အစိုးရရုံးတွေအားလုံးမှာလည်း လုံခြုံရေးတပ်ဖွဲ့တွေလက်နက်အပြည့်အစုံနဲ့ စေလွှတ်ထားတာတွေ့မြင်ရပါတယ်…ပြင်ဦးလွင်မြို့ခံတပ်တွေအနေနဲ့လည်း ဇွန် လ (၁၉) ရက်နေ့မှာ အင်အားအများအပြားနဲ့ လုံခြုံရေးဆောင်ရွက်မှုတွေလုပ်မယ်လို့သိရပါတယ်…တပ်မ (၉၉) ကတော့ပြင်ဦးလွင်မြို့နဲ့ပါတ်သက်တဲ့ လုံခြုံရေးကိစ္စအားလုံးကို တာဝန်ယူထားပြီး ပြတ်ပြတ်သားသားကိုင်တွယ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်….အဖျက်သမားတွေနဲ့ ဆူပူမှုဆောင်ရွက်ဖို့ကြံစည်နေသူတွေအားလုံးကို သတိပေးချင်တာကတော့ ဘာမှမလုပ်ရင် ဘာမှမဖြစ်ပါဘူး..တစ်ခုခုလုပ်မယ်ဆိုရင်တော့ ကိုယ်ကျိုးနည်းသွားနိုင်တယ်ဆိုတာ သတိချပ်စေချင်ပါတယ်…မြို့ခံပြည်သူတွေအနေနဲ့လည်း ပြင်ဦးလွင်မြို့လေးကို ထိခိုက်စေမယ့် မသင်္ကာမှုတွေတွေ့ရင် တာဝန်ရှိတဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို အမြန်ဆုံး သတင်းပေးဖို့ မေတ္တာရပ်ခံလိုပါတယ်…သင့်ကြောင့် အေးချမ်းပြီးလှပတဲ့ တောင်ပေါ်မြို့လေးကို မညစ်နွမ်းပါစေနဲ့….Continue Reading

} အခတ်အခဲ ဆိုတာတစ်ရက်တည်း ကြုံရမယ်လို့. သတ်မှတ်ထားတာမဟုတ်ဘူး….💪💪💪 } ငါတို့ နေထိုင်ရာ ကမ္ဘာကြီးကိုးကအခတ်အခဲ ဒုက္ခတွေနဲ့ တည်ခင်းထားတဲ့လောကစစ်တလင်းတစ်ခု….💪💪💪 } အကြောင်းအမျိုးမျိုးနဲ့အကောင်း အဆိုးတွေ ရင်ဆိုင်နေရမှာပဲလေ ။ဘာလို့ စိတ်ဓာတ်ကျနေတာလဲ….💪💪💪 } စိတ်ဓာတ် ကျမနေနဲ့ သူငယ်ချင်းလွယ်လွယ်နဲ့ စိတ်ဓာတ်ကျပြီး အရှုံးပေးတတ်တာကလူပျင်း လူညံ့တွေရဲ့ လုပ်ရပ်တစ်ခုပါ….💪💪💪 } အခတ်အခဲတွေကို ရင်ဆိုင် တိုက်ခိုကိပြီးအဆိုးတွေ ကြားထဲက အကောင်းတွေကို ရှာဖွေတတ်တာက လူတော် လူကောင်းရဲ့ဓလေ့ထုံးစံပါ…. 💪💪💪 } ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ အတွက်အခတ်အခဲ ဒုက္ခဆိုတာ ဧကန် မုချကြုံတွေ့ ဖြတ်သန်းရမယ့် တံတားတစ်စင်ပဲ….💪💪💪 } ဘယ်အရာမှ လွယ်လွယ်နဲ့ မရပါဘူးငှက်ပျောသီး စားတာတောင် အခွံခွာရသေးတာပဲမဟုတ်လားContinue Reading