ဥပဒေစိုးမိုးမှု လုံးဝကင်းမဲ့သွားပါပြီ ….သတင်းထောက်တွေကို စရိုက်ပါပြီ …. Voice Of Myanmar ကို သတင်းပေးပို့နေတဲ့ ရန်ကုန်အခြေစိုက် အလွတ်သတင်းထောက် ကိုသူရိန်ကျော်ဟာ ဆူးလေအနီးက ဆန္ဒပြပွဲမှာ အရိုက်ခံရလို့ ရန်ကုန်ဆေးရုံကြီးမှာ ကုသမှုခံနေရပါတယ်။ Ref: VOMContinue Reading

တတိယအကြိမ် လွှတ်တော်များအတွက် ပြည်သူ့လွှတ်တော် စတင်မည့် ယနေ့တွင် နေပြည်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်များ နေထိုင်သည့် စည်ပင် ဧည့်ရိပ်သာကို တပ်မတော်က အဝင်အထွက် ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ နေပြည်တော်တွင် နံနက် ၃ နာရီခန့်တွင် ဖုန်းနှင့် အင်တက်နက်လိုင်းများ စတင် ဖြတ်တောက်ခဲ့သည်။ယခုအခါ နေပြည်တော်ရှိ လွှတ်တော် ကိုယ်စားလှယ်များ နေထိုင်သည့် စည်ပင်ဧည်ရိပ်သာ၏ ခြံစည်းရိုး အပြင်ဘက်တွင် စစ်သားများ စောင့်လျက်ရှိသည်။ တပ်မတော် ရဟတ်ယာဉ်တစီးသည် နေပြည်တော် လွှတ်တော်၊ သမ္မတအိမ်တော် အဆောက်အဦများပေါ်သို့ ယနေ့ နံနက်ပိုင်းတွင် ပျံဝဲနေသည်ကို တွေ့ ရသည်။ သမ္မတအိမ်တော် အဝင်လမ်း၊ လွှတ်တော် အဝင်လမ်းများကို ပိတ်လိုက်ထားပြီး တင့်ကားများ၊ စစ်ဝတ်စုံContinue Reading

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သားအစိုးရခေါင်းဆောင်တွေနဲ့ အရပ်ဘက် လူမှု အဖွဲ့အစည်း ခေါင်းဆောင် တချို့ ကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းတဲ့ အပေါ် စိုးရိမ် သောက ရောက်ကြောင်းနဲ့ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ဒီမိုကရေစီ ထုတ်ဖော် ပြသခဲ့တဲ့ မြန်မာနိုင်ငံသားတွေရဲက ဆန္ဒကို လေးစား လိုက်နာဖို့ နဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ဖို့ တောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။ တပ်မတော် အနေနဲ့ အခုလို ပြုမူ ဆောင်ရွက်နေတာတွေကို ချက်ချင်း နောက်ပြန်ဆုတ်ဖို့လည်း ထုတ်ပြန် ချက် မှာ ပါရှိပါတယ်။ ဘီဘီစီမြန်မာပိုင်းContinue Reading