ဝန်းသို့ စော်ဘွားကြီး ဦးအောင်မြတ်သည် မြန်မာ သက္ကရာဇ် ၁၂၂၃ ခုနှစ်၊ တပိုတွဲလဆန်း ၁၁ ရက်၊ (ခရစ်နှစ် ၁၈၆၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်) တနင်္ဂနွေနေ့ မွန်းတည့်အချိန်တွင် ဝန်းသိုမြို့၌ ဖွားမြင်သည်။ အဘ အမည်မှာ မင်းလှ သမန္တရန်ဆောင်ဘွဲ့ခံ ဝန်းသို စစ်ကဲ ဦးရွှေသာ ဖြစ်ပြီး၊ မိခင်မှာ သုဝဏ္ဏ ကာယ ဒေဝီဘွဲ့ခံ ဒေါ်ဒွေးဖြူ ဖြစ်သည်။ မွေးချင်း ညီအစ်ကို မောင်နှမ ခုနစ်ဦး ရှိရာ မောင်အောင်မြတ်၊ မသူဇာ (သောင်သွတ် စော်ဘွားကတော်)၊ မောင်ရွှေသိုက်၊ မယ်မူ၊ မယ်ဖန်၊ ခွန်ကျယ်၊ ခွန်ဆိုင်တို့ ဖြစ်ကြသည်။ မောင်အောင်မြတ်အားContinue Reading

စဉ့်ကူးမင်းခေါင်းလောင်းအား အလောင်းမင်းတရားကြီး၏ ဒုတိယမြောက်သားတော် ဆင်ဖြူရှင်မင်းက ပန်းတည်းဝန် ပညာဒေ၀ကို သွန်းလုပ်ရန် တာဝန်ပေးခဲ့ပါတယ်။ သွန်းလုပ်နေဆဲအချိန်မှာပင် ဆင်ဖြူရှင်မင်း နတ်ရွာစံခဲ့ပါတယ်။ ဆင်ဖြူရှင်မင်း၏အရိုက်အရာအား သားတော် စဉ့်ကူးမင်းက ဆက်ခံခဲ့ပြီး ခေါင်းလောင်းကြီးအား ဆက်လက်သွန်းလုပ်စေခဲ့ပါတယ်။ စဉ့်ကူးမင်းသည် ရွှေတိဂုံစေတီကို အလှူအမျိုးမျိုးပြုခဲ့ရာတွင် ခေါင်းလောင်းကြီးလည်းပါဝင်ခဲ့ပါတယ်။ မဟာဃဏ္ဍဘွဲ့ပေးကာ ရွှေတိဂုံစေတီ၏ အနောက်မြောက်ဖက်တွင် တန်ဆောင်းနှင့် တကွ လှူဒါန်းခဲ့ပါတယ်။ စဉ့်ကူးမင်းခေါင်းလောင်း၏ အလေးချိန်မှာ ၁၅၅၅၅ ပိဿရှိပြီး တန်ချိန်အားဖြင့် ၂၄ တန်လေးပါတယ်။ အရှည် ၁၁ပေခွဲရှိပြီး ခေါင်းလောင်းအဝအကျယ်မှာ ၆ပေ ၈လက်မကျယ်ပြီး ထုမှာ ၁ပေ ရှိပါတယ်။ ၁၇၇၈ခုနှစ်မှာ သွန်းလုပ်ပြီးစီးခဲ့ပါတယ်။ ၁၈၂၄ခုနှစ် အင်္ဂလိပ် မြန်မာ ဒုတိယစစ်ပွဲမှာ ရန်ကုန်အသိမ်းခံရပြီးနောက် ခေါင်းလောင်းကြီအားContinue Reading

(၁) ဘုရင့်နောင်ပုဂံသက္ကရာဇ် ၉၀၁ ခုနှစ်တွင် တပင်ရွှေထီးသည် ဟံသာဝတီကို ပြုပြင်ချဲ့ထွင်၍ ဟံသာဝတီ၌ စံလေသည်။ ၉၀၃ ခုနှစ်တွင် ယိုးဒယားကို နိုင်သည်။ ယိုးဒယားကအပြန် သင်္ဘောသား ပေါ်တူဂီဘုရင်ဂျီကို အထင်ကြီး မြှောက်စားမိရာမှ ထိုသူဆက်သသော အရက်ကိုသောက်မိရာ မောင်ကျန်တစ်တို့နှင့် အရက်စွဲကာ ယစ်ထုပ်ကြီးဘဝရောက်ရရှာသည်။ သစ္စာကြီးသောဘုရင့်နောင်က ဖျောင်းဖျနားချပါသော်လည်း မရတော့၊ အရက်ကို သူမဖြတ်နိုင်တော့ပြီ။ ပေါရိသာဒသည်လူသားကို မစွန့်နိုင်သဖြင့် တိုင်းပြည်ကိုစွန့်သလို တပင်ရွှေထီးလည်း အရက်ကို မစွန့်နိုင်သဖြင့် တိုင်းပြည်ကို စွန့်လေသည်။ နောင်တော်ကျွန်ုပ်ကို ဘယ်လိုမှ နားချမနေနဲ့တော့၊ ကျွန်ုပ်ပျော်သလို ကျွန်ုပ်နေတော့မယ်၊ နောင်တော်သာ တိုင်းပြည်ကို ကြိုက်သလို စီမံပါတော့ ဟု မျက်တောင်မှေးမှေး၊ လျှာလေးအာလေးနှင့် မိန့်တော့သည်။ အရက်ဟူသည်Continue Reading

ခရစ္စတိုဖာ ကိုလံဘတ်စ် (Christopher Columbus)(၁၄၅၁-၁၅၀၆) သည် အီတလီလူမျိုး ပင်လယ်ရေကြောင်း ကျွမ်းကျင်သူ၊ နယ်မြေသစ်စူးစမ်းရှာဖွေသူဖြစ်သည်။ ၎င်းသည် အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်ပြီး အမေရိက နယ်မြေသစ်ကိုသွားရောက်ခဲ့ပြီး အနောက်ကမ္ဘာခြမ်းမှ ကိုလိုနီများအား ရှေ့ဆောင်လမ်းပြပေးနိုင်ခဲ့သည်။ ၎င်းသည် အိန္ဒိယသို့ ကုန်သွယ်ကူးသန်း နိုင်သော ရေလမ်းကြောင်းအသစ်ကို ရှာဖွေရင်း မြောက်အမေရိကတိုက်ကို မတော်တဆ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၁၄၉၂ နှင့် ၁၅၀၄ ခုနှစ်အတွင်းတွင် ကာရေဘီယန်ဒေသ၊ တောင်အမေရိကတို့ကို စုစုပေါင်းလေးကြိမ် သွားရောက်ခဲ့သည်။ ကမ္ဘာ့အကြီးကျယ်ဆုံးသော အလွဲဖြစ်သည့် ကမ္ဘာသစ်အား တွေ့ရှိခြင်းဟူသည့် အလွဲအား ဆောင်ရွက်ခဲ့သူအဖြစ် ခရစ္စတိုဖာ ကိုလံဘတ်စ်အား သမိုင်းတွင် မှတ်တမ်းတင်ကြသည်။ ကိုလံဘတ်စ်အား ၁၄၅၁ ၊ အောက်တိုဘာ (၃၁)ကContinue Reading

သူ၏ ငယ်နာမည်မှာ ငတွန် ဖြစ်သည်။ သူ့ကို အလောင်းဘုရားက အင်းဝမြို့ပြင် ဇရပ်တစ်ခုတွင် တွေ့ရှိလာသည်ဟု ဆိုကြသည်။ ဘုန်းလက်ရုံး ထွန်းတောက်မည့်သူမှန်းသိ၍ ထိုအချိန်မှစ အလောင်းဘုရားနောက် လိုက်ခဲ့သည်။ မျက်စိကို အဝတ်စည်း၍ လှံဆီ ပြေးဝင်ရသော မြင်းရည်တက်သူရဲကောင်း ၆ ကျိပ် ၈ ယောက်အနက် အထင်ရှားဆုံးသူလည်း ဖြစ်သည်။ သီရိရွှေတောင်၊ မင်းလှရွှေတောင်၊ မင်းလှမင်းခေါင်၊ မင်းခေါင်နော်ရထာဘွဲ့များ တစ်ခုပြီးတစ်ခု ရသည်။ အလောင်းမင်းတရား၏ အားအထားရဆုံး ဘယ်လက်ရုံးကြီးလည်း ဖြစ်သည်။ ညာလက်ရုံးမှာမူ မဟာသေနာပတိ သေနတ်ဝန် ဦးကောင်း ဖြစ်သည်။ ငတွန်သည် လက်ရုံးအရာတွင် ပြိုင်စံရှား၍ သူ့ခေတ် သူ့အခါ၌ သူ့ကို ယှဉ်နိုင်သူ အလွန်ရှားခဲ့သည်။ သူ့ကိုContinue Reading

ဂေါတမမြတ်စွာဘုရားက ” လောက၌ သက်ရှိ၊ သက်မဲ့၊ ဒြပ်ရှိ၊ ဒြပ်မဲ့ အရာအားလုံး ဟူသမျှ တို့သည် ပထဝီ (မြေဓါတ်)၊ တေဇော (မီးဓါတ်)၊ အာပေါ (ရေဓါတ်) နှင့် ဝါယော (လေဓါတ်) စတဲ့ အခြေခံဓာတ်ကြီး (၄) ပါးဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး စကြာဝဠာ အနန္တများစွာ ရှိကြသည်” ဟု လွန်ခဲ့သော နှစ်ပေါင်း (၂၅၀၀) ကျော်ကတည်းက ဟောကြားခဲ့ပါတယ်။ ယနေ့ခေတ် သိပ္ပံပညာရှင်တို့သည် ဂေါတမဗုဒ္ဓ၏ မိန့်ဆိုချက်ကို ယခုမှသာ စမ်းသပ်တွေ့ရှိမှုများအရ လက်ခံလာကြတာ ဖြစ်ပါတယ်။ ဗုဒ္ဓဟောသည့် စကြ၀ဠာ (၃) မျိုး ဂေါတမမြတ်စွာဘုရားက စကြ၀ဠာ (၃) မျိုး ရှိကြောင်းကိုContinue Reading

မိမိလူမျိုး အမည်မှန်ပင် မသိဘဲ မိမိလူမျိုးတို့၏ အတိတ်သမိုင်းကို အမှားများ ရောထွေးမှတ်သားကာ ဂုဏ်ယူနေရသော ဘဝသည် ဆိုးဝါးလှပါဘိ။ မြန်မာလူမျိုးအမည်ကို စတင်တွေ့ရှိရသည်မှာ ပုဂံခေတ်ကျောက်စာများတွင် ဖြစ်သည်။ မွန်၊ မြန်မာ၊ ပျူ ဟူသော လူမျိုးအမည်များနှင့် ယှဉ်တွဲရေးထိုးထားသည်။ မြန်မာလူမျိုးဟု တရားဝင်သုံးစွဲသည်မှာ ရှေးမြန်မာဘုရင်များ လက်ထက်မှစ၍ အင်္ဂလိပ်အစိုးရ၊ လွတ်လပ်ပြီးခေတ် ဖဆပလအစိုးရအထိ ဖြစ်သည်။ ၁၉၄၈ နိုင်ငံသားဥပဒေ ပုဒ်မ ၃(၁) တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မြန်မာ စသည်ဖြင့် လူမျိုးတမျိုးအဖြစ် ဖော်ပြထားသည်။ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်တွင် ရေးထိုးထားသော ဝန်ကြီးချုပ် ဦးနု၏ ၁၉၄၈ ဇန်နဝါရီ ၄Continue Reading

လယ်တီ ဆရာတော်ဘုရားကြီး နွားမေတ္တာစာ တစ်နိုင်ငံလုံးအနှံ့ လိုက်လံဟောပြောစဥ်က .. အမဲလိုင်စင်သမားက လူငှါးပြီး လယ်တီဆရာတော်ကို အသတ်(လုပ်ကြံ) ခိုင်းပါတယ်။ လယ်တီဆရာတော်က တရားပွဲတစ်ခုမှာ ပလ္လင်ပေါ်မှာ ထိုင်ပြီး တရားဟောနေပါတယ်။ အဲဒီအချိန်မှာ ..ငှါးရမ်းခံထားရတဲ့လူက လယ်တီဆရာတော်ကို တရားဟောတဲ့ပလ္လင်နားလာပြီး ချိန်ရွယ်ကာ သေနတ်နဲ့ ပစ်ပါတယ်။ သေနတ်သံက ဒိုင်းကနဲ ထွက်သွားပြီး ပစ်တဲ့လူက နောက်ကို ပက်လက်လန် လဲကျသွားပါတယ်။ ကျည်ဆံက အပေါ်ထောင်ပြီး ထွက်သွားတဲ့အတွက် လယ်တီဆရာတော်ကို ထိမှန်ခဲ့ခြင်း မရှိပါဘူး။ တရားနာပရိတ်သတ်တွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားချိန်မှာ လယ်တီဆရာတော်က သေနတ်သမားကို .. ” ငါ့ပစ်တာ မဟုတ်ဘူး၊ ဟုတ်တယ်မလား။ ဒီလာ ! ငါ့ရှင်။ ”Continue Reading

ဘူမိဗေဒပညာရှင်များ၏ သင်ကြားချက်အရဆိုလျှင် ရှမ်းကုန်းမြေမြင့် ဒေသသည် (Lime stone) ခေါ် ထုံးကျောက်များ ပေါကြွယ်ရာဒေသဖြစ်သည်။ မိုးများအဆက်မပြတ်ရွာသွန်းရာတွင် ထုံးကျောက်များ အရည်ပျော်ရာမှ ဖြစ်ပေါ်လာသော ပျော်၀င်ကန် (solution lake) ဖြစ်သည်ဟု ဆိုကြ၏။ တစ်ချို့သော ဘူမိဗေဒပညာရှင်များကလည်း အင်းလေးကန်သည် ထုံးကျောက်များကို ရေတိုက်စားခြင်းဖြင့် ရေတိုက်စားခံရသော နေရာများတွင် ချိုင့်ဝှမ်း ဖြစ်ပေါ်လာသောထုံးကျောက်အိုင်ဟူ၍ ဆိုကြ၏။ တဖန် တစ်ချို့သောပညာရှင်များက အင်းလေးကန်၏ တဖက်တချက်ရှိ အက်ကြောင်းကြီးနှစ်ခု၏ အလယ်ထုအောက်သို့ လျှောကျမှုကြောင့် (ထုပြတ်ရွေ့ Block Faulting) ဖြစ်ပေါ်လာသောရေအိုင်ဟူ၍လည်း ဆိုကြ၏။ မည်သို့ပင်ဆိုစေကာမူ အင်းလေးကန်ကြီးသည်လွန်ခဲ့သောနှစ် ၁၀သန်းခွဲလောက်ကပင် ရှိနေပြီဖြစ်သည်။ ထိုအချိန်ကာလ၏ ကန်ရေပြင်သည် ယခုမြေမျက်နှာပြင်ထက် ပေပေါင်း၃၀၀ ခန့်မြင့်သည်ဟု ဆိုသည်။Continue Reading

●ပထမတကောင်းမင်းဆက်၊●ဒုတိယတကောင်းမင်းဆက်၊●သရေခေတ္တရာပထမမင်းဆက်၊●သရေခေတ္တရာဒုတိယမင်းဆက်၊●ပုဂံမင်းဆက်၊●ပင်းယမင်းဆက်၊●စစ်ကိုင်းမင်းဆက်၊●မဂဒူး မင်းဆက်၊●အင်း၀မင်းဆက်၊●တောင်ငူမင်းဆက်၊●မွန်မင်းဆက်၊●ရခိုင်မင်းဆက်၊●ညောင်ရမ်းမင်းဆက်၊●ကုန်းဘောင် မင်းဆက် ပထမ-တကောင်းမင်းဆက် ဂေါတမဗုဒ္ဓ မြတ်စွာဘုရားသည် အိန္ဒိယမြောက်ပိုင်း နယ်စပ် နီပေါတစ်နေရာတွင် ဖွားမြင်ခဲ့သည့် သာကီ၀င်မင်းသားတစ်ပါး ဖြစ်သည်။ ထိုမင်းသား၏ အဘိုးသည် သာကီ၀င်မျိုးတူစုအတွင်း မကျေမနပ်ခိုက်ရန်ဖြစ်ပွား၍ ဇာတိရပ်ရွာကို စွန့်ပြီး မြန်မာနိုင်ငံ၊ ဧရာဝတီမြစ်ညာအရပ် တကောင်းတွင် လာနေကြသည်။ ထိုမင်းကို အဘိရာဇာဟုခေါ်သည်။ သူကို ကြီးမြတ်သော မင်းဖြစ်သည်ဟု ခေါ်ကြသည်။ (အဘိရာဇာ၊ မဟာရာဇာ၊ မင်းကြီးစွာ၊ တ္ဒဗံ့) အားလုံးမှာ ကြီးမြတ်သော မင်းကြီးဟု အဓိပ္ပါယ်ရသည်။ အဘိရာဇာ နတ်ရွာစံသောအခါ အမွေခံ သားတော်နှစ်ပါး (ကံရာဇာကြီး၊ ကံရာဇာငယ်) က နန်းလုကြသည်။ အငယ်က အထက်အညာကို အနိုင်ရသည်။ အကြီးက တောင်ဘက်သို့ ထွက်ခွာခဲ့ပြီးContinue Reading