ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် အမှတ် ၆ ရပ်ကွက် ရွှေညာမောင်ဈေးအနီး ယမန်နေ့ ညဦးပိုင်းက ရပ်ထားသည့် ဆိုင်ကယ်တစ်စီးမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ယင်းရပ်ကွက်နေထိုင်သူများထံမှ သိရသည်။ ဖြစ်စဉ်မှာ အမည်မသိ လူတစ်ဦးမှ ဆိုင်ကယ်ကို လမ်းပေါ်တွင်ရပ်ထားခဲ့ကြောင်း၊ ရပ်ထားခဲ့ပြီး ခဏအကြာ တွင် ဆိုင်ကယ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ ဆိုင်ကယ်ပိုင်ရှင်မှာ ထွက်ပြေးသွားပြီး၊ ပေါက်ကွဲမှုကြောင့် လမ်းသွားလမ်းလာတစ်ချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ အဆိုပါ ဆိုင်ကယ်ပေါက်ကွဲမှုမှာ ချိန်ကိုက်ဗုံးဟု ယူဆ ရကြောင်း သိရသည်။ ယင်းနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးခဲ့ကြောင်း၊ အမှတ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အနီးတွင် ဗုံးပေါက်ကွဲမှုများရှိခဲ့ကြောင်း ယင်းရပ်ကွက်နေထိုင်သူများထံမှ သိရသည်။ CrdContinue Reading

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ရွှေလှံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေထွန်းအား ယနေ့ နံနက် ၁၁ နာရီကျော် အချိန်က အမည်မသိ လူတစ်ဦးမှ ရုံးအတွင်း ဝင်ရောက်ပစ်ခတ်သွား၍ သေဆုံးသွား ကြောင်း ယင်းရပ်ကွက်နေထိုင်သူများထံမှ သိရသည်။ ဖြစ်စဉ်မှာ ရွှေလှံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေထွန်းသည် ရုံးထိုင်နေစဉ် အမည်မသိ သူတစ်ဦးမှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ကြောင်း ထိုသို့ ပစ်ခတ်ခဲ့သည့်အတွက် ဦးအောင်ဆွေထွန်းမှာ နောက်စေ့ဖောက် ဝင်ဒဏ်ရာဖြင့် နေရာ၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။ လက်ရှိမှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်များ လာရောက် စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။Continue Reading

(ဖတ်ပါ။ မြန်မာပြည်မှာ မြင်နေရတာ ဒီအတိုင်းတစ်ပုံစံထဲပါ) ကိုဗစ်ဟာ မူလဗီဇကနေ Alpha & Beta & Delta & Kappa ဆိုတဲ့ ဗီဇပြောင်းပိုးတွေ တဆင့်ပြီးတဆင့် ထပ်ဖြစ်လာပါတယ်။ ဗီဇပြောင်းပိုးဖြစ်တဲ့ Alpha ကိုတော့ အင်္ဂလန်မှာတွေ့ခဲ့ရပြီး Beta ကိုတော့ အာဖရိက နဲ့ Delta & Kappa တွေကိုတော့ အိန္ဒိယမှာ တွေ့ခဲ့ကြတာပါ။ အခု ကျနော်တို့ဆီမှာတော့ ဒီဗီဇပြောင်းပိုး ၃ မျိုးစလုံးတွေ့နေရတယ်လို့ အချို့စာတွေမှာ ဖတ်ရသလို၊ ဒီအထဲမှာမှ Covid-Delta မျိုးစိတ်အသစ်လက္ခဏာက အတော်ထူးခြားတယ်လို့ပြောတယ်။ ဒီဗီဇပြောင်းCovid-Delta ဟာ အခြားပိုးတွေနဲ့ သိသာစွာ ကွဲပြားခြားနားပြီး အသက်အန္တရာယ်ရှိသလို၊ သူ့မှာ စမ်းသပ်လို့မရနိုင်တဲ့Continue Reading

မန္တလေးမြို့ အာကာမင်းလက်ဖက်ရည်ဆိုင်အတွင်း အကြမ်းဖက် လူသတ်စစ်ကောင်စီတပ်မှ PDF များအား ဖမ်းမိနေတဲ့ပုံစံ (လိမ်ဆင်) ဗီဒီယို ရုပ်ရှင်ရိုက်နေ ၂၆ ၊ ၆ ၊ ၂၀၂၁ ။ ယနေ့ ဇွန်လ (၂၆) ရက် နေ့လည်ပိုင်းအချိန်ခန့် မန္တလေးမြို့ အာကာမင်းလက်ဖက်ရည်ဆိုင်အတွင်း အကြမ်းဖက် လူသတ်စစ်ကောင်စီတပ်မှ PDF များအား ဖမ်းမိနေတဲ့ပုံစံ (လိမ်ဆင်) ဗီဒီယို ရုပ်ရှင်ရိုက်နေကြောင်း ဒေသခံများမှ NBung Dat Kasa – Kachin Multimedia သို့ ပြောသည်။ ၎င်းရိုက်ကူးနေတဲ့ (လိမ်ဆင်) ဗီဒီယို ရုပ်ရှင်အား ယနေ့ည (၈) နာရီသတင်းတွင် ထုတ်လွှင့်ပြသဖို့ အလောတကြီး မြန်မြန်ရိုက်ကူးသွားကြကြောင်းလည်းContinue Reading

ဂျပန်နိုင်ငံသားအဖြစ်ခံယူခွင့်ရတာနဲ့ မြန်မာပြည်က Release Letter ရသည်ဖြစ်စေ..မရသည်ဖြစ်စေ ကိစ္စမရှိတော့ဘူးလို့ သူနဲ့နီးစပ်သူတစ်ဦးကပြောလာပါတယ်..နိုင်ငံသားဖြစ်ခွင့်ရတာနဲ့ JFA က ဂျေလိဂ်မှာကစားခွင့် Approve ပေးဖို့လည်း အဆင်သင့်ဖြစ်နေပါပြီတဲ့.. မြန်မာပြည်မှာဖြစ်နေတဲ့ အခြေအနေအရပ်ရပ်ကိုသိတဲ့ ဂျပန်နိုင်ငံက ကလပ်တွေကလည်း ပြည့်လျှံအောင်ကို အပြိုင်အဆိုင်ကမ်းလှမ်းကြပါတယ်..သူကဂိုးသမားတစ်ယောက်ဖြစ်နေတာလည်းပါတာပေါ့လေ..ပြည့်လျှံအောင်ကတော့ ကမ်းလှမ်းလာတဲ့အသင်းတွေအနက်က သူ့နောင်ရေးအတွက်ပါ ထည့်သွင်းစဉ်းစားပေးတဲ့ ယိုကိုဟားမားအခြေစိုက်ကလပ်ကိုရွေးချယ်လိုက်ပါတယ်.. အဲဒီကလပ်က ပြည့်လျှံအောင် ကစားသမားအဖြစ်က အနားယူရင်တောင် အသင်းဂိုးနည်းပြအဖြစ်ဆက်လက်အသက်မွေးနိုင်ဖို့ ထောက်ပံ့မယ်လို့သိရတော့..ပြည့်လျှံအောင်အတွက် ဝမ်းသာမိတယ်.. ကျနော်အမှတ်မမှားဘူးဆိုရင် ပြည့်လျှံအောင်သာ ဂျေလိဂ်မှာကစားခွင့်ရရင် မြန်မာလူမျိုးထဲက ပထမဆုံးကစားခွင့်ရတဲ့သူအဖြစ် မှတ်တမ်းဝင်သွားမှာပါ.. Crd: Kyaw Thu SoeContinue Reading

မဲင်းကျေးရွာ – မင်းတပ်မြို့နယ် စစ်ဘေးရှောင်ကလေး ၇ လသားအရွယ်သေဆုံး (18/June/2021)အမည် – ခွီရှိန်းဘူနိန်အသက် – ၇ လသေဆုံးခြင်း အကြောင်းအရင်း – စစ်ဘေးရှောင်ပြေးရင်း အအေးမိ ဖျားနာပီး သေဆုံးခြင်း ( ကုသရန် ဆေးဝါး မရရှိနိုင်၍ သေဆုံးရခြင်း)😢Continue Reading

‼️18.6.2021‼️ တာမွေ ဗုံး 2 နေရာပေါက်‼️ သီတာမှတ်တိုင်နား ၁၄၇ လမ်းထိပ် ဖွတ်ရုံးနားမှာ စစ်ကားပေါက်ပါတယ်တဲ့( 3:22 pm) သေနတ်သံပါကြားတယ် အတွဲလိုက်ပစ်တာ‼️( 3:25pm) 147 ထိပ်က စခကားပေါ် ရှိတဲ့ စခ 2 ကောင် ပြာကျတယ် သေချာအောက်မှာရပ်နေတဲ့ 1 ကောင်လဲ ထိ ‼️ကြံ့ဖွတ်ရုံးရှေ့ ကောင်တွေ နဲ့ ဂီတာဆိုင်ရှေ့ကောင်တွေ ကျန်‼️ Ambulance 2 စီးတော့တွေ့ခဲ့တယ် သီတာထိပ်မှာစခကား 3စီး သီတာလမ်းဘက်မှာ ပိတ်ရပ်ထား‼️(4:00 pm) တာမွေ‌ဗလီထိပ်ကနေမင်္ဂလာစျေးထိ လမ်းပိတ်ထားလိုက်ပါပြီ‼️( 4:08 pm) ကားပေါ်မှာ ဗုံးထောင်ခဲ့တာပါတက်စီသမားလက်တဖက်ပြတ်ထွက်သွားပါတယ်တဲ့‼️ခရီးသည်လဲ ထိထားပါတယ်ဆန့်ငင်ဆန့်ငင်နဲ့သွေးအိုင်ထဲလဲနေပါတယ်တဲ့‼️Continue Reading

ရန်ကုန်မြို့ လှည်းတန်းနား နေ့ခင်းကြောင်တောင်ကြီး ဓါးပြတိုက်ခံလိုက်ရတယ့် ကိုယိတွေ အဖြစ် 😅😅 ဖြစ်တယ့်နေရာက ရန်ကုန် တက္ကသိုလ် နား (လူပြတ်တယ် အခုတလော) ၊ကိုယ်ဘာသာ တယောက်ထဲလှည်းတန်းမှတ်တိုင်ကနေ စိုက်ပျိုးရေး မှတ်တိုင်ကို လမ်းလျှောက်နေတာ ၊ လှည်းတန်း စင်တာ ရှေ့(ဟိုဘက်ခြမ်း) တံတားဘေး ၊ ရန်ကုန် တက္ကသိုလ် ဘက်ခြမ်း နားရောက်တော့ –လူ၂ ယောက်က “ညီလေး ဒီနားမှာ ခန ထိုင်အုန်းဆိုပီး ထိုင်ခိုင်းတယ် ။ ကိုယ်က ဘာလဲပေါ့ဆိုပီး ဆက်လမ်းလျှောက်ရော သူတို့ ၂ ယောကိထဲက ၁ယောက်က လက်ထဲက ပုလင်းကွဲကို ထုတ်လိုက်ရော ကိုယ်က သိလိုက်ပီ “ငါတော့သွားပီဆိုပီး” သူတို့ပြောတယ့်Continue Reading