COVID-19 ကြောင့် သေဆုံးမှုနှုန်းမှာ ၂.၂ ရာခိုင်နှုန်းဝန်းကျင် ပုံမှန်ဆက်ရှိနေကြောင်းဆို
ယနေ့ ဇန်နဝါရီ ၂၃ ရက်တွင် COVID-19 အတည်ပြုလူနာသစ် ၅၀၇ ဦးရှိပြီး သေဆုံးလူနာ ၁၄ ဦး ရှိကြောင်း ၊ COVID-19 ကြောင့် သေဆုံးမှုနှုန်းမှာ ၂.၂ ရာခိုင်နှုန်းဝန်းကျင်ပုံမှန်ဆက်ရှိနေကြောင်း၊ သို့သော် သေဆုံးသူဦးရေ သည် ၂၀ ကျော်၊ ၂၀ ဝန်းကျင်မှ ၁၀ ကျော်ကျော် ဖြစ်လာကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဆင်ဟွာသို့ ပြောကြားသည်။ “အထူးကြပ်မတ်ကုသဆောင် (ICU) တွေမှာလည်း ဒီနေ့အထိ ကုသမှုခံယူနေသူ အရေအတွက်က ၉၀ ဝန်းကျင်လောက်ပဲ ရှိတော့တယ်။ အရင်Continue Reading