ရဲရဲ ကြီး သာ မိန်းမ ယူပစ်လိုက်ပါ မိန်းမယူတယ်ဆိုတာ ဘာဖြစ်ဖြစ်ကောင်းတယ်မယားကောင်းရရင် ခင်ဗျားပျော်ရွှင်ရလိမ့်မယ်မယားဆိုးရရင်တော့ ခင်ဗျားဟာအတွေးအခေါ်ပညာရှင် ဖြစ်လာလိမ့်မယ် ။ (ဆိုကရေးတီး) မိန်းမယူပါဘာပဲဖြစ်ဖြစ် ယူစရာရှိတာ ယူပါချစ်တဲ့သူရှိရင် မြန်မြန်ယူပါချစ်သူမရှိရင် အဆင်ပြေတဲ့ နီးစပ်ရာကို ယူပါဘာပဲဖြစ်ဖြစ် မိန်းမယူတာ ကောင်းတယ် ဘာကောင်းတာလည်း မသိရင် မိန်းမအရင်ယူပါအနည်းဆုံးတော့ အဖတ်တင်တယ်တခါတလေမှာ တယောက်တည်း ငတ်နေတာထက်နှစ်ယောက်ပေါင်း ငတ်နေရတာ ရယ်နိူင်ပါသေးတယ်။ချစ်ရသူနဲ့ တယောက်မျက်နှာ တယောက်ငေး… အမလေးးးးးး ငတ်တာတောင် ဘယ်လောက် Romantic ဆန်လဲ။ပြဿနာတွေကို တယောက်တည်းရင်ဆိုင်ရတာထက်ချစ်ရသူ လက်ကိုဆွဲ ခပ်ရဲရဲ ရင်ဆိုင်ပစ်လိုက်စမ်းပါ။ နှစ်ယောက်အတူတူဆိုတာရောက်သမျှ ဒုက္ခကိုတောင်ချိုမြိန်ဒုက္ခလို့ ကမ္ဗည်းမော်ကွန်းရှိခဲ့တယ်မဟုတ်လား။ ခင်ဗျားစီးပွားရေးအဆင်ပြေနေလားမိန်းမယူလိုက်ပါ ..ကိုယ်ရှာဖွေထားတဲ့ငွေကြေးတွေ၊အောင်မြင်မှုတွေကိုတယောက်တည်း အထီးကျန်စွာသုံးနေတာ၊ မိတ်ဆွေအတုတွေနဲ့ သုံးနေတာထက်စာရင်ကိုယ်ချစ်တဲ့ မိန်းမ နဲ့အတူContinue Reading