အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ ဟာမစ်ကာဇိုင်းလေဆိပ်တွင်အကြမ်းဖက်ဖေါက်ခွဲမှုများ ကြာသပတေးနေ့က ဖြစ်ပွားခဲ့ပြီးနောက်ဂျာမနီနိုင်ငံအပါအဝင် ဥရောပသမဂ္ဂနိုင်ငံအချို့သည် အာဖဂန်နစ္စတန်မှ ဒုက္ခသည်များအား ကယ်ဆယ်ခြင်းကို အဆုံးသတ်လိုက်ကြပြီဖြစ်ကြောင်းသိရသည်။ ဂွာမနီနိုငငြံလတပြေ၏ နောကဆြုံး ကယဆြယရြေးလယောဉသြညလြညြး ကဘူးလလြဆေိပမြှ ယမနနြေ့ကတညြးကပငလြွှငြ ထှကခြှာခဲ့ပှီဖှဈကှောငြး တာဝနရြှိသူတို့ကပှောသညြ။ပှငသြဈနိုငငြံကလညြး ကယဆြယရြေးလုပငြနြးမွားကို သောကှာနေ့ မှနးလှဲပိုငြးက ရပဆြိုငြးလိုကသြလို ပိုလနြ၊ ဘယလြဂြွီယံ၊ ဒိနြးမတနြှင့ြ နယသြာလနတြို့ကလညြး ရပဆြိုငြးလိုကကြှပှီသလို ဟနဂြရေီနိုငငြံကလညြး သူ့နိုငငြံသားအားလုံးကို ကယထြုတပြှီးဖှဈကှောငြးဆိုသညြ။ဗှိတိနကြလညြး အမရေိကနတြပမြတောြ၏ ကယဆြယရြေးလုပငြနြးအဆုံးမသတမြီတှငြ မိမိတို့၏ လုပငြနြးမွားကို အဆုံးသတရြနြ စီစဉထြားကှောငြးသိရသညြ။ အမေရိကန်တို့က မိမိတို့တပ်မတော်သားများနှင့် အရပ်ဖက်ဝန်ထမ်းများကယ်ဆယ်ရေးကို သြဂုတ် ၃၁ ရက် နောက်ဆုံးထားဆောင်ရွက်မည်ဟု ကြေညာထားသည်။အမေရိကန်တပ်ဖွဲ့များက ထိန်းချုပ်ထားသော ကဘူးလ်လေဆိပ်တွင် ပေါက်ကွဲမှုများ ကြာသပတေးနေ့က ၂ကြိမ်ခန့်ဖြစ်ပွားခဲ့ရာ အမေရိကန်တပ်ဖွဲ့ဝင်စစ်သည် ၁၃Continue Reading

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် အမှတ် ၆ ရပ်ကွက် ရွှေညာမောင်ဈေးအနီး ယမန်နေ့ ညဦးပိုင်းက ရပ်ထားသည့် ဆိုင်ကယ်တစ်စီးမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ယင်းရပ်ကွက်နေထိုင်သူများထံမှ သိရသည်။ ဖြစ်စဉ်မှာ အမည်မသိ လူတစ်ဦးမှ ဆိုင်ကယ်ကို လမ်းပေါ်တွင်ရပ်ထားခဲ့ကြောင်း၊ ရပ်ထားခဲ့ပြီး ခဏအကြာ တွင် ဆိုင်ကယ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ ဆိုင်ကယ်ပိုင်ရှင်မှာ ထွက်ပြေးသွားပြီး၊ ပေါက်ကွဲမှုကြောင့် လမ်းသွားလမ်းလာတစ်ချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ အဆိုပါ ဆိုင်ကယ်ပေါက်ကွဲမှုမှာ ချိန်ကိုက်ဗုံးဟု ယူဆ ရကြောင်း သိရသည်။ ယင်းနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးခဲ့ကြောင်း၊ အမှတ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အနီးတွင် ဗုံးပေါက်ကွဲမှုများရှိခဲ့ကြောင်း ယင်းရပ်ကွက်နေထိုင်သူများထံမှ သိရသည်။ CrdContinue Reading

တာလီဘန်တွေအနေနဲ့ သူတို့မြေပေါ်မှာ နိုင်ငံခြားသားတိုက်ခိုက်ရေးသမားတွေ အခြေစိုက်ပြီး အကြမ်းဖက်မှုပြန့်ပွားရေး လုပ်ဆောင်မယ့်အသုံးချခံအခြေအနေမျိုးမဖြစ်စေရပါဘူးလို့ အာမခံကြောင်း တာလီဘန်ပြောခွင့်ရသူက ပြောကြားပါတယ်။ “အမေရိကန်အပါအဝင် တကမ္ဘာလုံးကိုကျွန်တော်တို့ပြောချင်တာက အာဖဂန်မြေဟာ အိမ်နီးချင်းတွေအပါအဝင်ဘယ်တိုင်းပြည်ကိုမှ ခြိမ်းခြောက်တာ မျိုးမဖြစ်စေလိုပါဘူး။ အားလုံးကိုသေချာပေါက်ပြောလိုတာက အိမ်နိးချင်းနိုင်ငံတွေ၊ ဒါမှမဟုတ် တခြားနိုင်ငံတွေကို ဆန့်ကျင်ဖို့ အာဖဂန်နစ္စတန်မြေမှာလာလုပ်မှာကို လက်ခံမှာမဟုတ်ပါဘူး။ ဒါကြောင့် ကမ္ဘာ့နိုင်ငံအားလုံးက အစ္စလာမ်တိုင်းပြည်တစ်ခုအပေါ်ယုံကြည်ကျေနပ်မှုရှိသင့်ပါတယ်” လို့တာလီဘန်ပြောခွင့်ရဇာဘီ ဟူလာမူဂျာဟစ်က မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ ကာဘူးလ်မြို့မှာတော့ တာလီဘန်တွေက သူတို့တိုက်ခိုက်ရေးသမားတွေကို လူနေအိမ်တွေထဲဝင်ရောက်တာ၊ သံရုံးဝန်ထမ်းတွေကိုအနှောင့်အယှက်ပေးတာတွေ မလုပ်ဖို့ဆော်သြထားပြီး အစိုးရဝန်ထမ်းတွေအနေနဲ့အလုပ်ခွင်ပြန်ဝင်ကြဖို့တိုက်တွန်းနေပါတယ်။ အာဖဂန်နစ္စတန်မှာ တာလီဘန်တွေအနေနဲ့လူ့အခွင့်အရေးကိုလေးစားလိုက်နာပါတယ်ဆိုတဲ့ ကတိပေးထုတ်ပြန်ချက်ကို အမေရိကန်အစိုးရကလည်းမျှော်လင့်နေပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ “တကယ်လို့တာလီဘန်တွေက သူတို့နိုင်ငံသားတွေရဲ့အခွင့်အရေးကို လေးစားလိုက်နာမယ်လို့ ပြောရင် ကျွန်တော်တို့ကလည်း အဲ့ဒီပြောဆိုချက်အတိုင်းContinue Reading

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ရွှေလှံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေထွန်းအား ယနေ့ နံနက် ၁၁ နာရီကျော် အချိန်က အမည်မသိ လူတစ်ဦးမှ ရုံးအတွင်း ဝင်ရောက်ပစ်ခတ်သွား၍ သေဆုံးသွား ကြောင်း ယင်းရပ်ကွက်နေထိုင်သူများထံမှ သိရသည်။ ဖြစ်စဉ်မှာ ရွှေလှံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေထွန်းသည် ရုံးထိုင်နေစဉ် အမည်မသိ သူတစ်ဦးမှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ကြောင်း ထိုသို့ ပစ်ခတ်ခဲ့သည့်အတွက် ဦးအောင်ဆွေထွန်းမှာ နောက်စေ့ဖောက် ဝင်ဒဏ်ရာဖြင့် နေရာ၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။ လက်ရှိမှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်များ လာရောက် စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။Continue Reading

နေပြည်တော်ကောင်စီနယ်မြေကို လျှပ်စစ်ဘက်(စ်)ကားလမ်းများနှင့် မြေအောက်ရထားလမ်းများ တည်ဆောက်နိုင်ရေးအတွက်ပါ ကြိုတင်စီမံဆောင်ရွက်ရန်လိုကြောင်း စစ်ကောင်စီဥက္ကဋ္ဌက မှာကြားခဲ့သည်ဟု သတင်းရရှိသည်။ နေပြည်တော်ကောင်စီနယ်မြေရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၂၁၊ သြဂုတ်(၁၇)ညပိုင်း၌ ကိုဗစ်-၁၉ နေပြည်တော်မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးသို့ တက်ရောက်စဉ်အထက်ပါအတိုင်း မှာကြားခဲ့ခြင်း ဖြစ်သည်။ နေပြည်တော်ကောင်စီနယ်မြေကို လူဦးရေသန်း ၂၀ အထိနေထိုင်ရန်ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်၍ မြို့ပတ်ရထားလမ်းများ၊ ဘက်(စ်)ကားလမ်းများ၊ လျှပ်စစ်ဘက်(စ်)ကားလမ်းများနှင့် မြေအောက်လျှပ်စစ်ရထားလမ်းများတည်ဆောက်နိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်သွားရန်လိုကြောင်း ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ နေပြည်တော်ကောင်စီနယ်မြေ၌ လူဦးရေ (၁) သန်းကျော်(၁,၁၆၀,၂၄၂) ဦးရေ ရှိကြောင်း သိရသည်။Continue Reading

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်တပ်ဖွဲ့ဝင်များသည် ကဘူးလ်မြို့တော်သို့ ဝင်ရောက်လာပြီး သမ္မတနန်းတော်ကို သိမ်းလိုက်လိုက်ပြီဖြစ်ကြောင်း Al-Jazeera သတင်းဌာန၏ ရုပ်သံမှတ်တမ်းအရ သိရသည်။ တာလီဘန်တပ်ဖွဲ့ဝင်များသည် အာဖဂန်နစ္စတန်နိုင်ငံရှိ ပြည်နယ် ၃၄ ခုကို ၉ ရက်အတွင်းသိမ်းပိုက်ခဲ့ပြီးနောက် ဩဂုတ်လ ၁၅ ရက် နံနက်ပိုင်းတွင် ကဘူးလ်မြို့တော်သို့ ဝင်ရောက်လာခြင်းဖြစ်သည်။ တာလီဘန်တပ်ဖွဲ့ဝင်များ မရောက်မီမှာပင် အာဖဂန်သမ္မတ Ashraf Ghani က ၎င်းနှင့် ဒုသမ္မတ အပါအဝင် တခြား ထိပ်တန်းအရာရှိကြီးတွေ အားလုံး အာဖဂန်နစ္စတန်နိုင်ငံတွင်း သွေးမြေကျမှုကို ကာကွယ်သည့်အနေနှင့် တိုင်းပြည်မှ ထွက်ခွာသွားပြီဖြစ် ကြောင်း ကြေညာသည်။အာဖဂနစ္စတန်နိုင်ငံရှိ အမေရိကန်သံရုံးတွင်လည်း အမေရိကန်အလံ လွှင့်တင်ထားခြင်း မရှိဘဲ သံရုံး ဝန်ထမ်းများအားလုံးကို မြို့တော်ရှိ အပြည်ပြည်ဆိုင်ရာContinue Reading

အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ ဩဂုတ် ၁၅ ရက်တွင် စတင်ရောင်းချသည့် “နွေဦးထီ” သည်နာရီပိုင်းအတွင်း တစ်ရက်တာ ရောင်းချရန်သတ်မှတ်သည့် ပမာဏပြည့်သွားခဲ့သည်။NUG ၏ “အောင်လံလွှင့်ချီ နွေဦးထီ” ကိုယနေ့ ညနေ ၄ နာရီမှာ စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး ညနေ ၅ နာရီခွဲခန့်တွင် ရောင်းချရန်သတ်မှတ်ထားသည့် ပမာဏပြည့်သွားခဲ့ခြင်းဖြစ်သည်။တစ်နာရီခွဲအတွင်း “ ယနေ့အဖို့ ရောင်းချရန် သတ်မှတ်ထားတဲ့ ထီအရေအတွက်ပြည့်ပါပြီ။ နောက်ရက်တွေမှာ ဝယ်ယူအားပေးနိုင်ပါတယ် “ ဆိုသည့် အကြောင်းကြားစာအား ထီရောင်းချသည့် website တွင်ဖော်ပြထားသည်။ ” ဒီကနေ့က ပိုင်းလော့ပရောဂျက်ရဲ့ အစပထမနေ့ဖြစ်တော့ ကျနော်တို့အနေနဲ့ အစောင်ရေ ငါးသောင်းပဲ ရောင်းချဖို့ သတ်မှတ်ပြင်ဆင်ထားတာပါ။ တစ်စောင် နှစ်ထောင်ဆိုတော့ သိန်းတစ်ထောင်ဖိုးပေါ့။ နောက်ရက်တွေမှာContinue Reading

ဇူလိုင် ၂၅ ရက် ၁၉၈၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို သေနတ်ဖြင့်ပစ်မယ် ဆိုပြီး ချိန်ရွယ်ခဲ့ဖူးသူ ဗိုလ်ကြီးဟောင်းတစ်ဦးသည် COVID-19 ရောဂါစွဲကပ်သောအခါ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသခွင့်ရရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ဘဲ ကွယ်လွန်သွားခဲ့သည်။ ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် အကြိုမဲဆွယ်စည်းရုံးရေးကာလတွင် ယခုအခါ ဖမ်းဆီးခံနေရသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဧရာဝတီတိုင်း မော်ကျွန်းမြို့ခရီးစဉ်တွင် ထိုစဉ်က ဓနုဖြူမြို့နယ်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့အတွင်းရေးမှူးဖြစ်သူ ဗိုလ်ကြီးမြင့်ဦးက သေနတ်ဖြင့်ချိန်ရွယ်ခဲ့သည်။ သူ့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ဖျားနာလာရာက တပ်မတော် ကုတင် ၁၀၀၀ ဆေးရုံသို့ တက်ရောက်ကုသရန်ဆက်သွယ်ခဲ့သော်လည်း ဆေးကုသခွင့် မရရှိခဲ့ကြောင်းကို ဗိုလ်ကြီးဟောင်းမြင့်ဦးက သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သေးသည်။ တသက်လုံးစိမ်းလာပြီး ကြွေခါနီးမှတော့ မနီချင်ဘူးဟု အစပျိုးကာ ဗိုလ်ကြီးဟောင်းမြင့်ဦးကContinue Reading

မန္တလေးမြို့ အာကာမင်းလက်ဖက်ရည်ဆိုင်အတွင်း အကြမ်းဖက် လူသတ်စစ်ကောင်စီတပ်မှ PDF များအား ဖမ်းမိနေတဲ့ပုံစံ (လိမ်ဆင်) ဗီဒီယို ရုပ်ရှင်ရိုက်နေ ၂၆ ၊ ၆ ၊ ၂၀၂၁ ။ ယနေ့ ဇွန်လ (၂၆) ရက် နေ့လည်ပိုင်းအချိန်ခန့် မန္တလေးမြို့ အာကာမင်းလက်ဖက်ရည်ဆိုင်အတွင်း အကြမ်းဖက် လူသတ်စစ်ကောင်စီတပ်မှ PDF များအား ဖမ်းမိနေတဲ့ပုံစံ (လိမ်ဆင်) ဗီဒီယို ရုပ်ရှင်ရိုက်နေကြောင်း ဒေသခံများမှ NBung Dat Kasa – Kachin Multimedia သို့ ပြောသည်။ ၎င်းရိုက်ကူးနေတဲ့ (လိမ်ဆင်) ဗီဒီယို ရုပ်ရှင်အား ယနေ့ည (၈) နာရီသတင်းတွင် ထုတ်လွှင့်ပြသဖို့ အလောတကြီး မြန်မြန်ရိုက်ကူးသွားကြကြောင်းလည်းContinue Reading