အင်းဝမြို့ သမိုင်းမှတ်စု⚜⚜⚜⚜⚜⚜⚜⚜⚜⚜ မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်မြောက်ဘက်တွင်ရှိတဲ့ အင်းဝမြို့ဟာ နှစ်ပေါင်း ၄၀၀ကျော်အောင် သက်တမ်းရှိနေပြီဖြစ်ပါတယ်။ အင်းဝမြို့ကို သက္ကရာဇ်(၇၂၆)ခုနှစ်တွင် သတိုးမင်းဖျား ကစတင်တည်ထောင်ခဲ့ပြီး ကုန်းဘောင်ဆက်ဘကြီးတော် အထိ ထီးနန်းစိုက်ခဲ့ပါတယ်။ အင်းဝဟာ ဧရာဝတီမြစ်နှင့် ဒုဌဝတီမြစ်တို့ဆုံရာတွင်တည်ရှိပြီး အရှေ့ဘက် တရုတ်ပြည်၊ယူနန်နှင့် အနောက်ဘက် အိန္ဒိယတို့မှ လာသည့်လမ်းကြောင်းများဆုံရာဖြစ်ပါသည်။ အင်းကိုးအင်းကို ဖို့ပြီးတည်ထားသဖြင့် အင်းနဝမှအင်းဝသို့ခေါ်ခဲ့ခြင်းဖြစ်သည်။ အင်းဝ၏အခြားသောအမည်ခွဲများမှာ အင်းနဝ၊ရွှေဝ၊အဝနှင့် ရတနာပူရတို့ဖြစ်ပါတယ်။ ပြီးတော့ အင်းဝဟာ မြန်မာရဲ့မင်းနေပြည်တော်များအနက်မှ သက်တမ်းအရှည်ဆုံးမြို့ဖြစ်ပြီး မင်းဆက်လေးဆက်တိုင်အောင်နန်းစိုက်ခဲ့ပါသည်။ အကယ်၍များ မန္တလေးမြို့ဘက်ရောက်ခဲ့လို့ အင်းဝဘက်ကို ရောက်ခဲ့ရင် ဘယ်ကိုသွားကြမလဲ…? 1.မြို့ရိုး(၃)ခု ၊ကျုံးနှင့် အင်းဝနန်းတော်ရာ အင်းဝမြို့ဟောင်းမှာ မြို့ရိုး(၃)ခုရှိပါသည်။ အတွင်းမြို့ရိုး၊ စည်တိုပုံမြို့ရိုးနှင့် အပြင်မြို့ရိုးတို့ ဖြစ်ပါသည်။ သမိုင်းကိုသဘောကျပြီး ရှေးခေတ်Continue Reading

မြန်မာနိင်ငံသည် အာရှတိုက်၏ အရှေ့တောင်ဖက် ဒေသတွင် တည်ရှိသည်။ ဧရိယာ စတုရန်းမိုင် (၂၆၁၂၂၈) ကျယ်၀န်းပြီးအရှေ့တောင် အာရှဒေသတွင် ၊ ဒုတိယဧရိယာ အကြီးဆုံး နှင့် ၊ ကမ္ဘာပေါ်ရှိနိင်ငံများထဲတွင် ဧရိယာ အကျယ်ဆုံး အဆင့် ၄၀ – မြောက် နိင်ငံဖြစ်သည်။ မြန်မာနိင်ငံ၏ တည်နေရာသည် မြောက်လတ္တီတွဒ် ၉ ဒီဂရီ ၃၂ မိနစ်မှ ၂၈ ဒီဂရီ ၃၁ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁ဝ မိနစ်မှ ၁ဝ၁ ဒီဂရီ ၁၁ မိနစ်ကြားတွင် တည်ရှိသည်။ နိင်ငံဧရိယာ၏ ၉၆.၉၄% မှာ ကုန်းမြေများဖြစ်ပြီး ၊ မြစ်ချောင်းContinue Reading

အထင် အထာနဲ့ မဆုံးဖြတ်ပါနဲ့🕳🕳🕳🕳🕳🕳🕳🕳 ကျွန်တော် ဒီဓါတ်ပုံကို စမြင်တုန်းကသဘောရိုးပဲတွေးမြင်ခဲ့တာပါ။ကြောင်လေးက မြွေဟောက်ရဲ့အမြီးကိုကြွက်လို့ထင်ပြီး ဖမ်းဖို့ပြင်နေတဲ့ ပုံပေါ့။ သေချာလေ့လာကြည့်မှ ဒါဟာ အီတလီပန်းချီဆရာတစ်ယောက်ဖြစ်တဲ့ Mr.Marco Melgrati ရေးဆွဲခဲ့တဲ့ သက်ဝင်ပန်းချီကားတစ်ချပ်ဖြစ်ပါတယ်။ ပန်းချီဆရာဖော်ကျူးချင်တဲ့ အဓိပ္ပာယ်ကဒီလိုပါ။ မင်းကိုယ်မင်း ဟုတ်လှပြီးလို့ တွေးပြီးကစားနေတဲ့လူဟာ ဘယ်လိုလူလည်းဆိုတာမင်းလုံးဝမသိသေးပဲ လွယ့်လင့်တကူ မကစားပါနဲ့.. သူများက မင်းအကြောင်း အကုန်လုံးကိုမြင်ပြီး သိပြီးသားပါ မင်းကို မသတ်ချင်သေးလို့ကြည့်နေတယ် ဆိုတာ မှတ်ပါ။ ဘာလုပ်လုပ် ဘယ်လိုလူစားနဲ့ တွေ့တွေ့လူတိုင်းကိုလေးစားပါ ၊ ရိုးသားပါ ၊ မကစားပါနဲ့ ။မင်းကစားလို့ လက်တစ်လောမင်းနိုင်ချင်နိုင်ပေမဲ့ နောက်လှည့်ရင် သေပွဲဝင်ရမယ်ဆိုတာ အမြဲသတိရပါ။ဒါကြောင့် လူတိုင်းကို လွယ်လွယ်နဲ့ ပေါ့ပေါ့တန်တန်တွေးပြီး မဆက်ဆံပါနဲ့ လေးစားမှုရှိပါ။Continue Reading

၁။ အတင်းမပြောပါနဲ့။ ၂။ အရေးကြီးတဲ့ကိစ္စတွေမှာ ကလေးဆန်စွာမဆုံးဖြတ်ပါနဲ့။ ၃။ သင့်ဘဝကို အပြစ်မတင်ပါနဲ့။ ၄။ အမှန်တရားကို ဖုံးကွယ်မထားပါနဲ့။ ၅။ အသိအမှတ်ပြုသင့်တဲ့အရာတွေကို ဥပက္ခာမပြုပါနဲ့။ ၆။ သူတစ်ပါးရဲ့လျှို့ဝှက်ချက်ကို ထုတ်ဖော်မပြောပါနဲ့။ ၇။ အရေးကြီးကိစ္စတွေကို မက်ဆေ့ဂ်ျပို့ပြီး အကြောင်းမကြားပါနဲ့။ ၈။ လုပ်နိုင်တယ်ဆိုတိုင်း လုပ်သင့်တယ်မထင်ပါနဲ့။ ၉။ မကောင်းတဲ့အမူအကျင့်တွေကို ဆုပ်ကိုင်မထားပါနဲ့။ ၁ဝ။ အခွင့်အရေးကောင်းတွေကို လက်လွှတ်မခံပါနဲ့။ ၁၁။ ဘာကိစ္စပဲဖြစ်ဖြစ် ရေတိုမတွေးပါနဲ့။ ၁၂။ အဆိုးနောက်မှာ အကောင်းရှိတာမမေ့ပါနဲ့။ ၁၃။ အကောင်းဆုံးတွေကို မျှော်လင့်နေချိန်မှာ အဆိုးဆုံးတွေအတွက် ပြင်ဆင်ထားဖို့လည်း မမေ့ပါနဲ့။ ၁၄။ ဘဝထဲက ပထမဆုံးအမှတ်တရတွေကို မမေ့ပါနဲ့။ ၁၅။ ပန်းတိုင်အတွက် စံပြထားဖို့ မမေ့ပါနဲ့။Continue Reading

} အခတ်အခဲ ဆိုတာတစ်ရက်တည်း ကြုံရမယ်လို့. သတ်မှတ်ထားတာမဟုတ်ဘူး….💪💪💪 } ငါတို့ နေထိုင်ရာ ကမ္ဘာကြီးကိုးကအခတ်အခဲ ဒုက္ခတွေနဲ့ တည်ခင်းထားတဲ့လောကစစ်တလင်းတစ်ခု….💪💪💪 } အကြောင်းအမျိုးမျိုးနဲ့အကောင်း အဆိုးတွေ ရင်ဆိုင်နေရမှာပဲလေ ။ဘာလို့ စိတ်ဓာတ်ကျနေတာလဲ….💪💪💪 } စိတ်ဓာတ် ကျမနေနဲ့ သူငယ်ချင်းလွယ်လွယ်နဲ့ စိတ်ဓာတ်ကျပြီး အရှုံးပေးတတ်တာကလူပျင်း လူညံ့တွေရဲ့ လုပ်ရပ်တစ်ခုပါ….💪💪💪 } အခတ်အခဲတွေကို ရင်ဆိုင် တိုက်ခိုကိပြီးအဆိုးတွေ ကြားထဲက အကောင်းတွေကို ရှာဖွေတတ်တာက လူတော် လူကောင်းရဲ့ဓလေ့ထုံးစံပါ…. 💪💪💪 } ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ အတွက်အခတ်အခဲ ဒုက္ခဆိုတာ ဧကန် မုချကြုံတွေ့ ဖြတ်သန်းရမယ့် တံတားတစ်စင်ပဲ….💪💪💪 } ဘယ်အရာမှ လွယ်လွယ်နဲ့ မရပါဘူးငှက်ပျောသီး စားတာတောင် အခွံခွာရသေးတာပဲမဟုတ်လားContinue Reading

ရဲရဲ ကြီး သာ မိန်းမ ယူပစ်လိုက်ပါ မိန်းမယူတယ်ဆိုတာ ဘာဖြစ်ဖြစ်ကောင်းတယ်မယားကောင်းရရင် ခင်ဗျားပျော်ရွှင်ရလိမ့်မယ်မယားဆိုးရရင်တော့ ခင်ဗျားဟာအတွေးအခေါ်ပညာရှင် ဖြစ်လာလိမ့်မယ် ။ (ဆိုကရေးတီး) မိန်းမယူပါဘာပဲဖြစ်ဖြစ် ယူစရာရှိတာ ယူပါချစ်တဲ့သူရှိရင် မြန်မြန်ယူပါချစ်သူမရှိရင် အဆင်ပြေတဲ့ နီးစပ်ရာကို ယူပါဘာပဲဖြစ်ဖြစ် မိန်းမယူတာ ကောင်းတယ် ဘာကောင်းတာလည်း မသိရင် မိန်းမအရင်ယူပါအနည်းဆုံးတော့ အဖတ်တင်တယ်တခါတလေမှာ တယောက်တည်း ငတ်နေတာထက်နှစ်ယောက်ပေါင်း ငတ်နေရတာ ရယ်နိူင်ပါသေးတယ်။ချစ်ရသူနဲ့ တယောက်မျက်နှာ တယောက်ငေး… အမလေးးးးးး ငတ်တာတောင် ဘယ်လောက် Romantic ဆန်လဲ။ပြဿနာတွေကို တယောက်တည်းရင်ဆိုင်ရတာထက်ချစ်ရသူ လက်ကိုဆွဲ ခပ်ရဲရဲ ရင်ဆိုင်ပစ်လိုက်စမ်းပါ။ နှစ်ယောက်အတူတူဆိုတာရောက်သမျှ ဒုက္ခကိုတောင်ချိုမြိန်ဒုက္ခလို့ ကမ္ဗည်းမော်ကွန်းရှိခဲ့တယ်မဟုတ်လား။ ခင်ဗျားစီးပွားရေးအဆင်ပြေနေလားမိန်းမယူလိုက်ပါ ..ကိုယ်ရှာဖွေထားတဲ့ငွေကြေးတွေ၊အောင်မြင်မှုတွေကိုတယောက်တည်း အထီးကျန်စွာသုံးနေတာ၊ မိတ်ဆွေအတုတွေနဲ့ သုံးနေတာထက်စာရင်ကိုယ်ချစ်တဲ့ မိန်းမ နဲ့အတူContinue Reading

▪ဖြစ်ချင်စိတ်သာရှိပြီးဖြစ်အောင်လုပ်မယ်ဆိုတဲ့ဇွဲမရှိရင် ဘယ်လောက်ထိစိတ်ပြင်းပြနေပါစေသင်…တိုးတက်မှာ မဟုတ်ဘူး… ▪လူကသာ အောင်မြင်ချင်တာစိတ်ဓါတ်က ခဏခဏကျနေရင်သင့်…အတွက် ပန်းတိုင်မရှိဘူး… ▪လူရယ်လို့ဖြစ်လာရင်ခံယူချက်၊ဦးတည်ချက်၊ရည်မှန်းချက် ရှိရတယ်…လေထဲတိုက်အိမ်ဆောက်နေသရွေ့ဘဝက လေဘောလုံးလိုပဲတရွေ့ရွေ့ လေနှင်ရာမျောနေမှာပါပဲ… ▪ဘဝမှာ အရာရာကိုကိုယ်ဖြစ်ချင်တာလုပ်ပိုင်ခွင့်ရှိတယ် ဒါပေမဲ့အောင်မြင်ဖို့အတွက် ကတော့….. ➀…ဖြစ်သင့်တာကို ဦးစားပေးတတ်ရတယ်။ ➁…စိတ်ဓာတ်ခွန်အား ထက်သန်မှုရှိရတယ်။ ➂…ကိုယ်ရဲ့လုပ်ရပ်တိုင်းကို လက်ခံနိူင်ရတယ်။ ➃…အမှားတွေ့တိုင်း မတွေဝေပဲသင်ခန်းစာယူတတ်ရတယ်။ ➄….အရှုံးကို လက်ခံနိူင်ရတယ်။ ➅….ဝေဖန်မှုတိုင်းကို အမှားအမှန်ခွဲခြားပြီးလက်ခံသင့်တာကို သင်ယူပြီးလက်မခံသင့်တာကို အတွေးထဲကချက်ချင်းထုတ်ပြစ်ပါ။ ➆….သင်ယူပါ လေ့လာပါပညာဆိုတာ သင်ယူလို့ကုန်သွားတယ်မရှိပါဘူး ဘယ်နေရာ၊ဘယ်သူဖြစ်ဖြစ်သင်ယူသင့်တာသင်ယူပြီး ၊လေ့လာသင့်တာလေ့လာပါ။ ➇….စိတ်ဓါတ်မကျပါနဲ့ငွေတစ်ထောင်ကျရင်တောင် ပြန်ကောက်သေးတာပဲ သင့်စိတ်ဓါတ်ကငွေတစ်ထောင်ထက် ပိုတန်ဖိုးရှိမှာပါ။ ➈….စိတ်ကောင်းထားပါစိတ်ကောင်းထားရင် ကံကောင်းပါတယ်စေတနာက လူတိုင်းနဲ့မတန်ရင်နေပါစေကိုယ်ထားတဲ့ စေတနာနဲ့တန်တဲ့အကျိုးကိုတော့ကိုယ်တိုင်ခံစားရမှာပါ။ ➉…..စာများများဖတ်ပါစာမဖတ်တဲ့သူက မျက်မမြင်တစ်ယောက်နဲ့အတူတူပါပဲမှောင်နေတဲ့ ဘဝအားငယ်နေတဲ့စိတ်ပျောက်ကွယ်နေတဲ့ အသိညဏ်တွေပျော်ရွှင်မှု၊ငြိမ်းချမ်းမှု၊အေးချမ်းမှုစတဲ့ခွန်အားတွေကို အလင်းပေးနိူင်တာစာအုပ်၊စာပေတွေပါပဲ။စာဖတ်တဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်Credit;Continue Reading

မိန်းမရွေးနည်း..အနုပညာ ..!!🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗 မိန်းမယူတဲ့အခါ ယူမယ့်မိန်းမထက်ယောက္ခမကို အရင်ကြည့်ပါ ။ နှုတ်ခမ်းပြာနေတဲ့မိန်းမကို မယူမိစေနဲ့။မင်းရှာနိုင်တုန်း ကောင်းလိမ့်မယ် ။မရှာနိုင်တဲ့တစ်နေ့ထမင်းအိုးမှောက်ထားတတ်တယ်။ နဖူးကမောက် ၊ ဖင်ကကောက် ၊ဖနောင့်တိုနေတဲ့ မိန်းမများကြတော့ဝေးဝေးကသာရှောင်ပါ ။မင်းစားမယ့် ထမင်းလုပ်တိုင်းသရဏဂုံရွတ်ပြီး စားနေရလိမ့်မယ် ။ နောက်တခါ ညီအမတွေထဲကအလတ်မကို ရှောင်ပါ။မင်းအမေမွေးတုံးက ဆံပင်အမွှေးလေးမပြောင်ချင်ရင်ပေါ့ ။သူကျတော့ မိသားစုထဲမှာမရခဲ့တဲ့ အခွင့်အရေးကိုမင်းနဲ့ကျမှ အပြည့်အဝယူလို့မင်းခံရလိမ့်မယ်။မိသားစုထဲနေတုန်းကအငယ်အတွက် ဦးစားပေးရ ၊အကြီးအတွက် ငဲ့ရနဲ့လေ ၊အဲဒီဟာကို လင်ရမှအတိုးချပြီး ဂျီတော့တာပဲ။ တစ်ဦးတည်းသောသမီးကျတော့လူတိုင်းမဟုတ်ပေမယ့် အများအားဖြင့်ငါ့မိဘအိမ်မှာ ခြေမွှေး မီးမလောင်လက်မွှေး မီးမလောင်နေခဲ့တာဆိုပြီးအခွင့်အရေးလည်းယူတတ်ပါ့။ စကားများတဲ့ မိန်းကလေး ၊၊ရည်းစားဘဝသာစကားများတာလေးကချစ်စရာထင်တာပါ ။ယူပြီးရင် သွားပြီ ။မီးသတ်ကား ရပ်ကွက်ထဲဖြတ်သလိုနေ့စဉ် နားပူပြီသာမှတ်တော့ဟေ့ ။ နောက်တစ်မျိုးကဆိတ်ပါးစပ် မျောက်လက်မိန်းမမျိုးလည်း ရှောင်ဟေ့Continue Reading

အခုမှ ထည်ထည်ဝင်ဝင် သိတယ် ဘာကြောင့် နွားသားကို အမဲသားလို့ခေါ်ကြသလဲ….? အသားစားသတ္တဝါထဲ၌တွင်..သရဲ၊ သဘက်ဘီလူး၊ကျား၊ခြင်္သေ့..နှင့် တခြားသောမကောင်းဆိုးဝါးမိစ္ဆာများမှာ…အသားထဲ၌..နွားသာ ကိုသာ အကြိုက်ဆုံးဖြစ်သည်။ နွားသား၏ အနံ့မှာလည်းအညှီဆုံးဖြစ်သလိုနွားသားစားခြင်းကြောင့်လည်းသွေးသားအားကောင်းခြင်းကို ဖြစ်စေသည်။ ကြက်သေတော့.ကြက်သား.ဝက်သေတော့ဝက်သားလို့ခေါ်ကြသည်မှာအမှန်တိုင်းပင်ဖြစ်သော်လည်း..နွားသေတဲ့အသားကျတော့..အမဲသားဟူ၍.ခေါ်ဝေါ်ခြင်းမှာ.ထူးဆန်းလှသည့်အပြင်.ဘာကြောင့်အဲဒီလိုခေါ်ဝေါ်ခြင်းကိုမသိသူကများပါသည်။ အမဲသားဟုခေါ်ဝေါ်ခြင်းမှာ..မကောင်းသော.အမှောင်လောကသား တို့သာကြိုက်နှစ်သက်ကြသည်.စားကြသည်။မက်မောကြသည်ဖြစ်၍သာမှန်လူသားတို့အနေနဲ့.ဖြူစင်သန့်ရှင်းသောအသားမဟုတ်ကြောင်းကိုဆိုလိုသည်။ မသန့်ရှင်းဟုဆိုသည်မှာ…ရွံစရာကောင်းအောင်ညစ်ပတ်နေသည်ဟုပြောသည်မဟုတ်ပါ။ အကုသိုလ်တွေဖုံးလွှမ်းပေကျံနေသောကြောင့်..မကောင်းဆိုးဝါးများသာ.နှစ်သက်သောကြောင့်..မသန့်ရှင်း ၊ မဖြူစင်ဘူးဟုဆိုပါသည်။ အမှောင်လောကသားတို့ ၊ပရလောကသားတို့..ကုသိုလ် နှင့် အကုသိုလ်ကို မသိနားမလည်မခွဲခြားတတ်သော၊ မလုပ်နိုင်သောသူတို့သာ..စားမက်ဖွယ်ရာဟုသတ်မှတ်ထားသောအသားဖြစ်၍ အမဲသားဟုခေါ်ဝေါ်ကြသည်။ ထို့သို့..အမဲသားကို.ကြိုက်နှစ်သက်သောစားသောက်ကြသော..သာမန်လူသားတို့တွင်..ထိုသူတို့၏ခန္ဓာတွင်လည်းအင်မတန်ညစ်နွမ်းခြင်းအနံ့အသက်အညှီနံများ စွဲနေလေ၏။ မိမိကိုယ်မိမိမသိသော်လည်း..အထက်မှာဖော်ပြထားသည့်..အမဲသားကိုမက်မောနှစ်သက်စွာ.ကြိုက်နှစ်သက်သည့်ပရေလောကသားများ၊ ကျားရဲတိရိစ္ဆာန်များ၊အစိမ်းသေ၊ သရဲ ၊သဘက်၊ ဘီလူးများ မှာထိုအသား၏အနံ့ကို.ယဉ်ပါးနေပြီဖြစ်၍ထိုအသားကိုစားသောက်ထားသည့်သာမန်လူသားများကို အလွယ်တကူသိရှိကြ၏..အလှယျတကူ.အနံ့ရ၏။ ထိုအနံ့ရရှိသောလူသားတို့ကိုလည်းထိုမိစ္ဆာတို့က..အမဲသားကိုကြိုက်နှစ်သက်မက်မောသလို..ထိုအသားစားထားသောလူသားတို့ကိုလည်းမက်မောကြ၏..ကြိုက်နှစ်သက်ကြ၏။ သူတို့၏အကြိုက်ဆုံးအနံ့ ၊ အစားအသောက်သည်မည့်သည့်လူ၊ မည့်သည့်နေရာ၌ရှိသည်ကိုအလွယ်တကူသိကြ၏.။ ထိုအသားကိုစားသုံးသော.လူသားတို့၌လည်းထိုမိစ္ဆာအပေါင်းက မစားတဲ့သူများထက်..လွယ်ကူစွာနှောက်ယှက်နိုင်၏…လွယ်စွာတိုက်ခိုက်ဖြတ်စီးနိုင်၏…ထိုအသားကိုစားသုံးသောသူတို့မှာလဲ..ကံနိမ့်၏..ဥာဏ်နိမ့်၏။ ထိုကြောင့်ပင်..ဤနွားသား.ခေါ်. အမဲသားကို..သူတော်ကောင်းတို့လောကီပညာရှင်တို့တရားအားထုတ်သောအရိယာသူတော်စင်ပုဂ္ဂိုလ်တို့ကရှောင်ကျဉ်၍..မစားကြပေ။ အာဆိပ်.လျှာဆိပ်.ညံ့သည်…ဩဇာအာဏာစက်ညံ့သည်..ပြောဆိုသမျှ ၊ ကြံစည်သမျှ၊ပျက်စီးစေတတ်သည်။လာဒ်ပိတ်တတ်သည်။ ထိုကြောင့်ဖြစ်ပါ၍..သူတော်ကောင်းများအနေဖြင့်..မစားကြပါနဲ့လို့ပြောဆိုအမိန့်ပေးခွင့်၊ပိတ်ပင်တားဆီးခွင့်မရှိပါသောကြောင့်…Continue Reading

အိမ်ခြံမြေရောင်းဝယ်ရာတွင်မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်အတွက်ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ အိမ်အဆောက်အအုံနှင့်ပတ်သက်၍ သိထားသင့်သော ရှောင်ရန်၊ ဆောင်ရန်များ တချို.သည် အိမ်ဝယ်၊ အိမ်ဆောက်၊ အိမ်ဌားရာတွင် အောက်ပါအိမ်များကို ရှောင်ရှားကြသည် ။ နေရမည်ဆိုပါက ဆောင်ရန်နည်းလမ်းများလည်း ရှိသည်….. ၁ ။ လမ်းဦးတိုက်အိမ် ။ ။ လမ်းနှင့်ထိပ်တိုက်တည့်တည့် ကျနေသော အိမ်ဖြစ်သည်။ဆောင်ရန်မှာ မိမိအိမ်ဘက်မှ ဦးတိုက်သည့် လမ်းဘက်သိုကျားရုပ်လုပ်၍ လှည့်ထားရမည်။ အိမ်ရှေ.တွင် အများသုံးသောက်ရေအိုးစင်ဆောက်ပါ ။ သံပန်းများတပ်ဆင်၍ အချွန်ကိုအပြင်ဘက် လှည့်ပေးထားပါ။ ၂ ။ လှည်းဦးတိုက် ။ ။ လှည်းများသွားလာသည် လမ်းကြောင်းနှင့် မလွတ်ကင်းသော နေရာရှိအိမ်။ဆောင်ရန်မှာ ကျားရုပ်ပြုလုပ်ရန်။ ၃ ။ လှေဦးတိုက် ။ ။ ရေလမ်းမှာသွားလာနေသောContinue Reading