ခြိမ့်ကေကိုနှင့် မွေးနေ့ဦးဆောင်ကျင်းပသူတို့ထွက်ပြေးတိမ်းရှောင်နေ
ရန်ကုန် ၊ ဒီဇင်ဘာ ၅ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မနဲ့ တရားစွဲခံထားရတဲ့ Facebook ဆယ်လီ ခြိမ့်ကေကို နှင့် မွေးနေ့ပွဲ ကိုလူစုလူဝေနဲ့ဦးဆောင်ကျင်းပတဲ့ ဦးဇော်မင်းထိုက်တို့နှစ်ဦးဟာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ရဲစခန်းက စုံစမ်းသိရှိရပါတယ်။ ဒီနေ့ရစ်ကန် ရဲတပ်ဖွဲ့က မြစ်သာမြို့နယ် အတွင်းက သူတို့နှစ်ဦးနေအိမ်ကို ဝင်ရောက်ဖမ်းဆီးခဲ့ပေမဲ့ ဦးဇော်မင်းထိုက် နဲ့ Facebook ဆယ်လီ ခြိမ့်ကေကို တို့နှစ်ဦးကို မတွေ့ရှိခဲ့ဘူးလို့သိရပါတယ်။ရဲလုပ်ငန်းစဉ်တွေအရ ချိတ်ဆက်ဖမ်းဆီးမှုတွေ ဆက်လုပ်ပြုလုပ်နေတယ်လို့ ရဲတပ်ဖွဲ့ဆီကသိရပါတယ်။ ” ဖမ်းတော့မိမှာပါ ဒီကာလကြီး နယ်ကျော်ပြီး ဝေးဝေး ထွက်ပြေးနိုင်မှာ မဟုတ်ဘူးလို့” ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ရက်နေ့က မန္တလေးတိုင်းဒေသကြီးContinue Reading