စာဖတ်ခြင်းမှာ ပုံစံ (၃) မျိုး ရှိနိုင်တယ်လို့အကြမ်းဖျင်း ယူဆမယ်။ ၁။ ခံစားဖို့ အတွက် ဖတ်တာ။၂။ သိဖို့ အတွက် လေ့လာတာ။၃။ ခံစားဖို့ရော၊ သိနားလည်ဖို့ရော ဖတ်ကြတာ။ စာဖတ်သူ သုံးမျိုးလို့လည်း နားလည်နိုင်ပါတယ်။ ဒီအထဲမှာ၊ နံပါတ် (၃) ဖြစ်တဲ့ စာဖတ်သူ အမျိုးအစားဟာ အတော်များများရှိလိမ့်မယ်လို့ ထင်တယ်။ နောက်ထပ် များနိုင်တာကတော့ နံပါတ် (၁) စာဖတ်သူ အမျိုးအစား။ နံပါတ် (၂) အမျိုးအစားကတော့ ရာခိုင်နှုန်းအားဖြင့် နည်းနိုင်ပါတယ်။ သာမန် စာဖတ်သူဆိုတာ လူတော်တော်များများက စာဖတ်တယ်ဆိုရင် စိတ်ကို လွတ်လွတ်လပ်လပ်ထားပြီး ဖတ်ကြပါတယ်။ သာမန် စာဖတ်သူဆိုတာကို အနက်ဖွင့်ချင်ပါတယ်။ ဘာရည်ရွယ်ချက်မှ သီးသီးသန့်သန့်ထားပြီးContinue Reading

သေခြင်းက လူတွေဆီကို လာနေတာ မဟုတ်ဘူး။ လူတွေက သေခြင်းဆီကို သွားနေကြတာ။ ဘယ်သေမင်းကမှ လာပြီးသတ်မှာ မဟုတ်ဘူး။ကိုယ်တိုင် သွားပြီးတော့ကို အသတ်ခံကြရမှာ။ သတ်ဖို့လာနေတာ မဟုတ်ဘူး။သေဖို့ သွားနေကြတာ … ဒီခရီးမှာ သေခြင်းက ဘယ်နားကစောင့်နေလဲ ဆိုတာတော့ ဘယ်သူမှ အသေအချာမသိနိုင်ဘူး။ အသေအချာ သိနိုင်တာကတော့ ဒီခရီးကို အရပ်အနားမရှိ၊ အမြဲသွားနေရတယ် ဆိုတာရယ်၊ တစ်ချိန်ထက်တစ်ချိန် ပိုနီးနီးလာတယ် ဆိုတာရယ်။ဒီ နှစ်ချက်ပါပဲ … ( ၁ ) အချိန်တိုင်း သွားနေတယ်( ၂ ) ပို နီးနီး လာတယ် အချိန်တိုင်းသွားနေတယ်ဆိုတာကို မြတ်စွာဘုရားက တောင်ကျမြစ်တစ်စင်းနှင့် ဥပမာပေးတယ် …“ နဒီပဗ္ဗ တေယျူContinue Reading

လောကမှာ ကဲ့ရဲ့လွတ်သူဆိုတာ မရှိပါဘူး လောကမှာ ကဲ့ရဲ့သူ ဆိုတာကလည်း စကားမပြောတဲ့သူကိုလည်း ကဲ့ရဲ့တတ်တာပါပဲ။ စကားကို နှိုင်းနှိုင်းချိန်ချိန်၊ တိုင်းတိုင်းဆဆနဲ့ပြောတဲ့သူကိုလည်း ကဲ့ရဲ့တတ်တာပါပဲ။ စကားတွေ သိပ်ပြောတဲ့သူကိုလည်း ကဲ့ရဲ့တတ်တာပါပဲ။ တကယ်တော့ လောကမှာ ကဲ့ရဲ့လွတ်သူဆိုတာ မရှိပါဘူး။ ဒီတော့ ကဲ့ရဲ့ခံရမှာကိုချည်း တွေးကြောက်မနေပါနဲ့။ ကိုယ်ကသာ အလုပ် မှန်ကန်နေပါစေ၊ကြောက်စရာ မလိုပါ။ လောက လူသားတွေဆိုတာ ကိုယ်က ဘယ်လိုနေနေ ရှာကြံပြီး ကဲ့ရဲ့တတ်စမြဲပါ။ တကယ်တော့ ❝ လူမိုက်တစ်သောင်းမှ ပြောဆိုကဲ့ရဲ့လည်းလူကောင်းတစ်ယောက် ချီးမွမ်းက ပျောက်၏ ❞ တဲ့။ ဒါကြောင့်မို့ ပြောတာ လူကောင်းတစ်ယောက်ရဲ့ချီးမွမ်းမှု့ကိုသာ အရေးစိုက်ပြီး ဆောင်ရွက်ရန်ကိစ္စရပ်များကို ရဲရဲဝံ့ဝံ့နဲ့ပြီးဆုံးအောင် ဆောင်ရွက်ပါ။ သို့ရာတွင် လူမိုက်တစ်သောင်းမှ ချီးမွမ်းသော်လည်းContinue Reading

လူတိုင်းကတော့ ဒီအချက်တွေအားလုံးနဲ့လွတ်ကင်းဖို့တော့ ခက်ခဲပါတယ်။ ဒါပေမဲ့ ဘဝမှာ အောင်မြင်ကြီးပွါးတိုးတက်ချင်တယ်ဆိုရင် ဒီအချက် (၅) ချက်ကို လိုက်နာဖို့ လိုအပ်ပါတယ်။ မိတ်ဆွေတို့ရော ဒီအချက်တွေအားလုံးနဲ့ လွတ်ကင်းနေပြီလား… ၁။ ပိုက်ဆံကို စနစ်တကျမသုံးစွဲခြင်း မအောင်မြင်ကြတဲ့လူအများစုမှာ သူတို့ရဲ့ပိုက်ဆံတွေကို အသုံးစရိတ်အစီအစဉ်တွေမှာ ကြိုတင်ချမှတ်ထားတတ်ကြပါတယ်။ အဲ့လို လူအများစုက ငွေကိုစနစ်တကျသုံးစွဲဖို့ထက် ၀င်ငွေ လက်ထဲမရောက်ခင်ကတည်းက ကြိုသုံးတတ်ကြသူတွေဖြစ်ပါတယ်။ ငွေကို စုဆောင်းရမယ့်အစား အသိမိတ်ဆွေတွေဆီကနေ ချေးငှားပြီး မလိုအပ်တာတွေ လျှောက်ဝယ် သုံးထားနှင့်တတ်ပါတယ်။ ဒါကြောင့် စာဖတ်မိတ်ဆွေတွေလည်း တတ်နိုင်သလောက် ဒီအချက်ကို ရှောင်ရပါမယ်။ ၂။ တခြားသူတွေရဲ့အကူအညီကိုမျှော်လင့်နေခြင်း မအောင်မြင်ကြတဲ့သူတွေအများစုက သူတို့ရဲ့ ရည်ရွယ်ချက်တွေ၊ အိပ်မက်တွေကို အကောင်ထည်ဖော်နိုင်ဖို့အတွက် အခြားတတ်နိုင်သူတစ်ယောက်ယောက်ဆီက အကူအညီအထောက်အပံ့ရနိုင်ဖို့ မျှော်လင့်တတ်ကြပါတယ်။ သူတို့ကContinue Reading

သူ့ကိုမွေးလာတော့ သူ့အမေက စိတ်ပျက်သွားတယ်။ ဘာကြောင့်လဲဆိုတော့ လက်မထပ်ထားပဲ မွေးလာတဲ့ ကလေးလည်းဖြစ်၊ ယောက်ျားလေးလည်း ဖြစ်နေလို့။သူလိုချင်တာက မိန်းကလေးတဲ့။ ကလေးကိုမွေးစားတဲ့သူရှိရင် ပေးပစ်ဖို့ ဆုံးဖြတ်လိုက်တယ်။ဒါနဲ့ ရှေ့နေတစ်ယောက်ကို အကူအညီတောင်း တယ်။ “ဒီကောင်လေးကို ဘွဲ့ရ ပညာတတ်လင်မယားနှစ်ယောက် လက်ထဲကို မွေးစားရင် ပေးချင်တယ်”တဲ့။ ရှေ့နေကလည်း လိုက်ရှာပါတယ်။ကလေးကို မွေးစားချင်တာက ဘွဲ့လည်းမရ၊ ပညာလည်း မတတ်သူတွေ။ဒါပေမဲ့ သူတို့က ကတိပေးတယ်။ “ကျွန်မတို့ ပညာမတတ်ပေမယ့် သူ့ကို တက္ကသိုလ်ရောက်အောင်ထားမယ်” တဲ့။ နောက်ဆုံးတော့ ကလေးရဲ့အမေက မွေးစားမိခင်ဖခင်တွေလက်ထဲ သူ့သားလေးကို ထည့်လိုက်တယ်။ ဖခင် မိခင်သစ်တွေက သူ့ကိုကောင်းကောင်း စောင့်ရှောက်ပါတယ်။တက္ကသိုလ်လည်း ထားပေးပါတယ်။ဒါပေမဲ့ ဆင်းရဲတော့ သူ ဒုက္ခရောက်ရတယ်။သူက တက္ကသိုလ်တက်ခဲ့ရတဲ့အချိန်က အကြောင်းတွေကိုContinue Reading

ဗုဒ္ဓဘာသာ မြန်မာအများရဲ့ လွဲနေတတ်တဲ့အလွဲတွေအကြောင်းစာတွေရေးပေးနေတာသိတော့ ဒကာတစ်ယောက်က “အရှင်ဘုရား… တပည့်တော်တို့ မြန်မာတွေမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာမှာ အဲဒီလိုပဲသတ်သေပြီး သေရတယ်ဆိုတာ ဟုတ်ပါသလား ဘုရား… ဟုတ်တယ်ဆိုရင် တပည့်တော်ဖတ်ဖူးတဲ့ စာအုပ်ထဲမှာ ရဟန်းတစ်ပါးဟာ ကိုယ့်လည်ပင်းကိုကိုယ် ဓားနဲ့လှီးပြီး သတ်သေသွားပေမယ့် အဲဒီအခိုက်မှာ ရဟန္တာ ဖြစ်သွားတယ်လို့လည်းဖတ်ဖူးပါတယ်… ရဟန္တာဖြစ်သွားရင် နောင်ဘဝမရှိတော့ဘူး မဟုတ်လားဘုရား… ဒါဆိုရင် ဒီအဖန်ငါးရာ ငါးကမ္ဘာခံရတဲ့ကိစ္စ တပည့်တော် ဘယ်လိုနားလည်ရမလဲ ဘုရား” လို့ မေးဖူးပါတယ်။ ဟုတ်ပါတယ်။ ဒီဒကာပြောမှပဲ ဘုန်းဘုန်းအတွေးထဲမှာ ဒီအဖန်ငါးရာငါးကမ္ဘာကိစ္စနဲ့ ပတ်သက်ပြီးလွဲနေတဲ့ မြန်မာတွေရဲ့အလွဲကို တင်ပြပေးဖို့ စိတ်ကူးရခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်းကိုယ့်ကိုယ်ကို သတ်သေခြင်းနဲ့ အဖန်ငါးရာငါးကမ္ဘာအကြောင်းကို လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် အခုလိုContinue Reading

ဘဝဆိုတာ စာနာခြင်းတရားတွေနဲ့ စီးဆင်းရတယ်။ လိုအပ်သူတွေက ပြုံးတဲ့အခါ မလိုအပ်သူတွေက မုန်းကြမယ်။ထိုအခါ ကိုယ်ဟာ အပြုံးမပျက်စေနဲ့။ မုန်းတဲ့သူကလည်း သူ့အကြောင်းနဲ့ သူ၊ပြုံးတဲ့ သူကလည်း သူ့အကြောင်းနဲ့ သူမို့သူတို့ရဲ့အကြောင်းတွေထက် ကိုယ့်ရဲ့အကြောင်းလေး ကောင်းဖို့သာ ပြင်ဆင်လိုက်ပါ။ အကြောင်းကောင်းမှ အကျိုးဆက်ဟာ အဖိုးထက်မှာမို့ မတိုးတတ်စေမယ့် အတွေးဆိုးတွေနဲ့ ဘဝကို ဘေးမထိုးမိပါစေနဲ့။ အပြောတွေ ချိုသာပါ။ ယဉ်ကျေးပါ။စကားတွေမှာ စိတ်ရင်းတွေ ပါတတ်သည်မို့ စကားကြမ်းကြမ်းတွေနဲ့ မဆက်ဆံမိပါစေနဲ့။ စကားကိုလည်း အလွယ်မယုံမိပါစေနဲ့။အလွယ်လည်း မပြောမိပါစေနဲ့။ သူတစ်ပါးရဲ့စကားကြောင့် ကိုယ့်ဘဝ ဒုက္ခရောက်နိုင်သလို၊ကိုယ့်ရဲ့ဖြစ်စလွယ် စကားကြောင့်လည်း တစ်ပါးသူတွေ ဒုက္ခရောက်နိုင်ပါတယ်။ မှန်ကန်သော အပြောဖြင့် သတိထား ဆုံးဖြတ်နိုင်ပါစေ။ မှားသောသူ တွေ့တိုင်းလည်း မပုတ်ခတ်မိပါစေနဲ့။မှန်သောသူ တွေ့တိုင်းလည်း ချီးမွမ်းဖို့Continue Reading

၁။ ကြိုးစား၍ရှုံးရသည်မှာ ရှက်စရာမဟုတ်၊ ရှုံးမည်ကို ကြောက်၍ မကြိုးစားခြင်းကသာ ရှက်စရာဖြစ်တယ်။ ၂။ အချစ်ကိုတော့ နှလုံးသားနဲ့ချစ်၊ ဘ၀ကိုတော့ ဦးနှောက်နဲ့ပါ တွက်။ ၃။ ဒေါသထွက်တဲ့အချိန်ဟာ အမှား အများဆုံး လုပ်မိတဲ့ အချိန်ဘဲ။ ၄။ ပျင်းရိခြင်းနဲ့ ရောင့်ရဲခြင်းဟာ လုံး၀မတူပါဘူး။ ၅။ နှလုံးသားမှာ စည်းမရှိဘူး။ ဒါပေမဲ့ အသိစိတ် တံတိုင်းနဲ့တော့ ကန့်သတ်ထားသင့်တယ်။ ၆။ စိတ်ပျက်ရင် အကုန်ပျက်ပြီ။ ဘ၀သည် စိတ်ဓာတ်နှင့်သာ ရပ်တည်နေပါသည်။ ၇။ မည်မျှဝေးသော ခရီးဖြစ်ပါစေ။ခြေတစ်လှမ်းဖြင့် စတင်လျှောက်ရမည် ဖြစ်သည်။ ၈။ သူတစ်ပါးဂုဏ်သိက္ခာ ကျသွားမှ ကိုယ့်ဂုဏ်သိက္ခာ တက်မှာလား။ ၉။ ရိုးသားရုံနဲ့ မကြီးပွားဘူး။ ကြိုးစားမူ့လည်းContinue Reading

အခုဆိုရင် ကျွန်တော်တို့အနီးနားမှာ mental health support လိုအပ်လာသူတွေ များလာပါပြီ ‼️ လူတိုင်းနီးပါးမှာ စိတ်ဓါတ်ကျတာ၊ ပူဆွေးသောကရောက်တာ၊ စိတ်အတက်အကျတွေ ဖြစ်နေကြပါတယ်။ ဒီနေရာမှာ လူအတော်များ ထင်ထားကြတဲ့ စိတ်ကျန်းမာရေးနဲ့ပတ်သတ်တဲ့ အယူဆအမှားတစ်ခုကတော့ – mental health support လိုအပ်နေသူတွေကိုprofessional တွေကပဲ အကူညီပေးနိုင်တယ်၊ကျွန်တော်တို့အနေနဲ့ ဘာမှ မလုပ်ပေးနိုင်ဘူးလို့ ထင်ကြတာပါပဲ။ တကယ့်အမှန်ကတော့ ကျွန်တော်တို့ ဘေး၀န်းကျင်ကသူတွေဟာလည်း ကူညီပေးနိုင်တယ်ဆိုတာပါပဲ။ Mental break down ဖြစ်နေကြချိန်မှာ လူအများစုဟာ social နဲ့ connect မလုပ်ချင်ကြတော့ပါဘူး။ လူတွေကို ရှောင်လာမယ်။ စကားတွေ မပြောတော့ဘူး။ လူအများနဲ့ activity တွေမှာ မပါ၀င်ချင်ကြတော့ဘဲ တစ်ယောက်တည်းပဲContinue Reading

သူ့စိတ်ဓာတ်ကို ကိုယ်သိရပြီဆိုရင် တိုက်ရိုက်သွားမပြောနဲ့ ။မသိသလို နေပေးပြီးတော့ နောက်ဆို ကိုယ်က ရှောင်နေလိုက်ပါ။ သူ့အကျင့်ကို ရိပ်မိနေပြီမလား?သွားပြီး ပေါက်ကွဲမပြနဲ့ ။မသိသလို နေပေးပြီး နောက်ဆို ကိုယ်က ဆင်ခြင်လိုက်ပါ။ မင်းကဘယ်လို ငါကဘယ်လိုဆိုပြီး စကားလုံးတွေနဲ့ စစ်တိုက်နေဖို့မလိုဘူး။ ရိုးသားချင်ယောင်ဆောင်နေတဲ့ သူ့အကြောင်းကို ကိုယ်က နားလည်နေပြီမလား? ဆက်ပြီး အပေါင်းအသင်းမလုပ်နဲ့။တစ်ဖြည်းဖြည်း ရှောင်နေလိုက်ပါ။ရှေ့ဆက်သွားရင် ကိုယ့်ကိုပါ ထိခိုက်စေနိူင်တာမို့ပါ။ တစ်ခါတစ်လေတော့ ကိုယ်သိတဲ့အရာတစ်ခုဟာကိုယ်စိတ်ထဲမှာ မှတ်သားထားဖို့ပဲ လိုတာပါ။ လုံးဝမပတ်သက် မဆက်ဆံရဘူးလို့ မပြောလိုပါ။မဖြစ်သာလို့ ဆက်ဆံနေရအုံးမယ်ဆိုရင်လဲ ကိုယ်ပေါင်း စိတ်ခွာနဲ့ ပေါင်းသင်းနိူင်ပါတယ်။ ရိုးသားချင်ယောင်ဆောင် သဘောကောင်းသလို ဟန်ပြ။ ကွယ်ရာမှာ နောက်ကောက်ချနင်းကိုယ့်ရဲ့ မကောင်းသတင်းကို အလံတလူလူလို လေလွှင့် ၊ ခွင့်ရရင်Continue Reading