မြန်မာရာဇဝင်ထဲက အင်း၀…
အင်းဝမြို့ သမိုင်းမှတ်စု⚜⚜⚜⚜⚜⚜⚜⚜⚜⚜ မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်မြောက်ဘက်တွင်ရှိတဲ့ အင်းဝမြို့ဟာ နှစ်ပေါင်း ၄၀၀ကျော်အောင် သက်တမ်းရှိနေပြီဖြစ်ပါတယ်။ အင်းဝမြို့ကို သက္ကရာဇ်(၇၂၆)ခုနှစ်တွင် သတိုးမင်းဖျား ကစတင်တည်ထောင်ခဲ့ပြီး ကုန်းဘောင်ဆက်ဘကြီးတော် အထိ ထီးနန်းစိုက်ခဲ့ပါတယ်။ အင်းဝဟာ ဧရာဝတီမြစ်နှင့် ဒုဌဝတီမြစ်တို့ဆုံရာတွင်တည်ရှိပြီး အရှေ့ဘက် တရုတ်ပြည်၊ယူနန်နှင့် အနောက်ဘက် အိန္ဒိယတို့မှ လာသည့်လမ်းကြောင်းများဆုံရာဖြစ်ပါသည်။ အင်းကိုးအင်းကို ဖို့ပြီးတည်ထားသဖြင့် အင်းနဝမှအင်းဝသို့ခေါ်ခဲ့ခြင်းဖြစ်သည်။ အင်းဝ၏အခြားသောအမည်ခွဲများမှာ အင်းနဝ၊ရွှေဝ၊အဝနှင့် ရတနာပူရတို့ဖြစ်ပါတယ်။ ပြီးတော့ အင်းဝဟာ မြန်မာရဲ့မင်းနေပြည်တော်များအနက်မှ သက်တမ်းအရှည်ဆုံးမြို့ဖြစ်ပြီး မင်းဆက်လေးဆက်တိုင်အောင်နန်းစိုက်ခဲ့ပါသည်။ အကယ်၍များ မန္တလေးမြို့ဘက်ရောက်ခဲ့လို့ အင်းဝဘက်ကို ရောက်ခဲ့ရင် ဘယ်ကိုသွားကြမလဲ…? 1.မြို့ရိုး(၃)ခု ၊ကျုံးနှင့် အင်းဝနန်းတော်ရာ အင်းဝမြို့ဟောင်းမှာ မြို့ရိုး(၃)ခုရှိပါသည်။ အတွင်းမြို့ရိုး၊ စည်တိုပုံမြို့ရိုးနှင့် အပြင်မြို့ရိုးတို့ ဖြစ်ပါသည်။ သမိုင်းကိုသဘောကျပြီး ရှေးခေတ်Continue Reading