ဥပဒေစိုးမိုးမှု လုံးဝကင်းမဲ့သွားပါပြီ ….သတင်းထောက်တွေကို စရိုက်ပါပြီ …. Voice Of Myanmar ကို သတင်းပေးပို့နေတဲ့ ရန်ကုန်အခြေစိုက် အလွတ်သတင်းထောက် ကိုသူရိန်ကျော်ဟာ ဆူးလေအနီးက ဆန္ဒပြပွဲမှာ အရိုက်ခံရလို့ ရန်ကုန်ဆေးရုံကြီးမှာ ကုသမှုခံနေရပါတယ်။ Ref: VOMContinue Reading

တတိယအကြိမ် လွှတ်တော်များအတွက် ပြည်သူ့လွှတ်တော် စတင်မည့် ယနေ့တွင် နေပြည်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်များ နေထိုင်သည့် စည်ပင် ဧည့်ရိပ်သာကို တပ်မတော်က အဝင်အထွက် ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ နေပြည်တော်တွင် နံနက် ၃ နာရီခန့်တွင် ဖုန်းနှင့် အင်တက်နက်လိုင်းများ စတင် ဖြတ်တောက်ခဲ့သည်။ယခုအခါ နေပြည်တော်ရှိ လွှတ်တော် ကိုယ်စားလှယ်များ နေထိုင်သည့် စည်ပင်ဧည်ရိပ်သာ၏ ခြံစည်းရိုး အပြင်ဘက်တွင် စစ်သားများ စောင့်လျက်ရှိသည်။ တပ်မတော် ရဟတ်ယာဉ်တစီးသည် နေပြည်တော် လွှတ်တော်၊ သမ္မတအိမ်တော် အဆောက်အဦများပေါ်သို့ ယနေ့ နံနက်ပိုင်းတွင် ပျံဝဲနေသည်ကို တွေ့ ရသည်။ သမ္မတအိမ်တော် အဝင်လမ်း၊ လွှတ်တော် အဝင်လမ်းများကို ပိတ်လိုက်ထားပြီး တင့်ကားများ၊ စစ်ဝတ်စုံContinue Reading

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သားအစိုးရခေါင်းဆောင်တွေနဲ့ အရပ်ဘက် လူမှု အဖွဲ့အစည်း ခေါင်းဆောင် တချို့ ကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းတဲ့ အပေါ် စိုးရိမ် သောက ရောက်ကြောင်းနဲ့ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ဒီမိုကရေစီ ထုတ်ဖော် ပြသခဲ့တဲ့ မြန်မာနိုင်ငံသားတွေရဲက ဆန္ဒကို လေးစား လိုက်နာဖို့ နဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ဖို့ တောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။ တပ်မတော် အနေနဲ့ အခုလို ပြုမူ ဆောင်ရွက်နေတာတွေကို ချက်ချင်း နောက်ပြန်ဆုတ်ဖို့လည်း ထုတ်ပြန် ချက် မှာ ပါရှိပါတယ်။ ဘီဘီစီမြန်မာပိုင်းContinue Reading

ပြီးခဲ့တဲ့ ၅ နှစ်အတွင်း သဘာဝဓာတ်ငွေ့နဲ့ ကျောက်စိမ်း တင်ပို့ရောင်းချတာကနေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၀,၀၀၀ ကျော် ရခဲ့ပါတယ်။ ဗဟိုစာရင်းအင်းအဖွဲ့ရဲ့ အချက်အလက်တွေအရ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ သဘာဝဓာတ်ငွေ့ တင်ပို့တာကနေ ဒေါ်လာသန်းပေါင်း ၃,၉၀၀ ကျော်ရခဲ့ပြီး အများဆုံး ဖြစ်ပါတယ်။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာတော့ သန်းပေါင်း ၃,၁၀၀ ကျော်ဖြစ်ပြီး ကျန်တဲ့နှစ်တွေမှာတော့ သန်းပေါင်း ၃,၄၀၀ ကျော်၊ ၃,၅၀၀ ကျော်ရခဲ့ပါတယ်။ အဲဒီ ၅ နှစ်မှာ ပြည်ပကို သဘာဝဓာတ်ငွေ့ ဒေါ်လာသန်းပေါင်း ၁၇,၅၀၆ ကျော်ဖိုး တင်ပို့ရောင်းချခဲ့ပါတယ်။ကျောက်စိမ်းကို ပြည်ပတင်ပို့ရောင်းချတာမှာတော့ ၅ နှစ်အတွင်း ဒေါ်လာသန်းပေါင်း ၂,၄၉၆ ကျော် ရခဲ့ပါတယ်။ ၂၀၁၇-၁၈Continue Reading

မန္တလေးမြို့ အောင်မြေသာစံနှင့် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ နေအိမ်နှစ်အိမ်၌ အားဖြည့်အချိုရည်နှင့် ကော်ဖီမစ်များ ထုတ်လုပ်ကာ အတုအပပြုလုပ်ရောင်းချလျှက်ရှိသည့် စက်ရုံနှင့် အလုပ်နေရာ နှစ်ခုကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဇန်နဝါရီ(၁၄)ရက် ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်းရဲတပ်ဖွဲ့မှ သတင်းရရှိပါတယ်။ ပုသိမ်ကြီးမြို့နယ် ကုန်းတန်းကျေးရွာရှိ နေအိမ်တစ်အိမ်တွင် အမ်-၁၅၀ အားဖြည့်အချိုရည်နှင့် ဘာဒီ ကော်ဖီမစ်ထုပ် အတုပြုလုပ်နေသည်များကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖ.မ်းမိခဲ့ပြီး အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်၊ ၆၂ လမ်း၊ ၁၆ လမ်းနှင့် ၁၇ လမ်းကြားရှိ နေအိမ်၌လည်း အမ်-၁၅၀ အားဖြည့်အချိုရည်များ အတုပြုလုပ်နေသည်ကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ “ဟိုဘက်မှာက (ပုသိမ်ကြီးမြို့နယ် ကုန်းတန်းရွာဘက်) ကော်ဖီမစ်ထုတ်တဲ့စက်ရုံ မိတာ။ ဒီဘက်မှာက အိမ်မှာ အချိုရည်လုပ်နေတာပေါ့။ ပိုင်ရှင်ကContinue Reading

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်၂၂၆ အနီးမှာ မနေ့ ဇန်နဝါရီ ၉ရက် ည ၁၀ နာရီခွဲခန့်က အဆိုတော်၊ရုပ်ရှင်သရုပ်ဆောင် Example ထွန်းထွန်းနဲ့ အဖော်အဖြစ်လိုက်ပါသူတစ်ဦးတို့ မော်တော်ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့တယ်လို့ မိတ္ထီလာမြို့မျိုးဆက်သစ်မြတ်ပါရမီ လူမှုကယ်ဆယ်ရေးအဖွဲ့မှ မထွေးထွေးငြိမ်းက ပြောပါတယ်။ ” အခင်းဖြစ်နေရာမှာ လမ်းပေါ်ကန့်လန့်ဖြစ်နေတဲ့ သစ်တုံးကို‌ ရှောင်ရင်းနဲ့ကားအောက်ပိုင်းနဲ့တိုက် မိတယ်လို့သိရတယ်။ ကားဘီးပေါက်ပြီး ဂီယာအုံ ပျက်သွားပေမယ့် ဆက််မောင်းလာရင်း လုံးဝကိုထိုးရပ်သွားတယ်လို့ သူတို့က ပြောတယ်”လို့ မထွေးထွေးငြိမ်းကပြောပါတယ်။ ထွန်းထွန်းနဲ့ အဖော်တစ်ဦးလိုက်ပါမောင်းနင်လာတဲ့ Alphard အမျိုးအစား အဖြူရောင်ယာဥ်ဟာရန်ကုန်-မန္တလေး အမြန်လမ်းအတိုင်းနေပြည်တော်ကနေ မန္တလေးဘက်ကို မောင်းလာချိန် မိုင်တိုင်၂၂၆ အနီးမှာ အရှည်ခြောက်ပေခန့် အချင်း ခြောက်လက်မခန့်ရှိတဲ့ သစ်လုံးတစ်လုံးကို လမ်းလယ်ခေါင်မှာမြင်တွေ့လိုက်ရတာဖြစ်ပါတယ်။ ကီလိုတစ်ရာနီးပါး မောင်းလာတဲ့ယာဉ်ကိုContinue Reading

ပျောက်ဆုံးနေတဲ့ ခရီးသည်တင် လေယာဉ်ဟာ ပျက်ကျသွားတာ ဖြစ်ကြောင်းနဲ့ လေယာဉ်ပျက်ကျတဲ့ နေရာကို ရှာတွေ့ပြီဖြစ်ကြောင်း အင်ဒိုနီးရှား ရေတပ်က အတည်ပြု ကြေညာခဲ့ပါတယ်။ ဆရီဝီဂျာယာ လေကြောင်းပိုင် Boeing 737 လေယာဉ်ဟာ ဇန်နဝါရီ ၉ ရက်မှာ ဂျကာတာမြို့တော်ကနေ ပျံတက်သွားပြီး မိနစ်ပိုင်း အကြာမှာပဲ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။ လေယာဉ်ရဲ့ ပျံသန်းမှု လမ်းကြောင်းကို လေ့လာ စစ်ဆေးခဲ့တဲ့နောက် အဲဒီလေယာဉ်ဟာ ပင်လယ်ပြင် အထက်မှာ ဖြတ်ပျံနေရင်း တစ်မိနစ် မပြည့်ခင် အချိန်အတွင်း ပေတစ်သောင်းကျော်လောက် အရှိန်နဲ့ ထိုးကျသွားကြောင်း ဖော်ထုတ် တွေ့ရှိထားပါတယ်။ လေယာဉ်ပေါ်မှာတော့ ခရီးသည်နဲ့ အမှုထမ်း စုစုပေါင်း ၆၂ ဦး လိုက်ပါသွားကြပါတယ်။Continue Reading

အီတလီနိုင်ငံ Naples မြို့ရှိ ဆေးရုံအနီးတွင် ရုတ်တရက် မြေကျွံကျပြီး ဧရာမတွင်းပေါက်ကြီးဖြစ်လာကာ ကားများ ထိုထဲပြုတ်ကျကုန်သည်။ ထို့ကြောင့် ဆေးရုံရှိကိုဗစ်လူနာဆောင်မှ လူနာများကို ဘေးလွတ်ရာ ချက်ချင်းရွှေ့ပြောင်းပေးလိုက်ရသည်ဟုဇန်နဝါရီလ ၈ ရက်သတင်းက ဆိုသည်။ ထိုဖြစ်ရပ်တွင် သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူ မရှိသော်လည်း ထိုနေရာသို့မီးသတ်တပ်ဖွဲ့ဝင် အများအပြား ရောက်ရှိနေကြပြီဖြစ်ပြီး ရုတ်တရက်မြေကျွံကျ ရခြင်းအကြောင်းရင်းကို သက်ဆိုင်ရာက စုံစမ်းနေကြပြီဖြစ်သည်။ကားထဲတွင် ပိတ်မိနေသူရှိနေလျှင် သိရှိနိုင်ရန်အတွက် ကယ်ဆယ်ရေးဝန်ထမ်းများက အနံ့ခံခွေးများဖြင့် ရှာဖွေရေးလုပ်နေကြသည်။ ဆေးရုံတွင် အရေးပေါ်အခြေအနေ ချမှတ်ထားဆဲဖြစ်ပြီး မီးစက်ဖြင့် မီးပေးနေရသည်။ သို့သော် ဆေးရုံတွင် ရေပြတ်လပ်သွားပြီး ရေမရသေးပေ။အဆိုပါတွင်းကြီးသည် အကျယ် ၁၆၄ ပေ၊ အနက် ပေ ၆၀ ခန့် ရှိမည်ဟုContinue Reading

အင်ဒိုနီးရှားနိုင်ငံ Sriwijaya လေကြောင်းလိုင်းမှ ခရီးသည်တင် ဘိုးရင်း ၇၃၇ လေယာဉ်တစ်စီးသည် ဇန်နဝါရီလ ၉ ရက်က ဂျာကာတာလေဆိပ်မှပျံတက်ပြီး မကြာမီပင် ရေဒါမှပျောက်ကွယ်သွားခဲ့ကာ ပေ ၁၀,၀၀၀ အမြင့်မှ ပင်လယ်ထဲသို့ ထိုးကျသွားခဲ့ကြောင်း သိရသည်။ ဘိုးရင်း ၇၃၇-၅၀၀ လေယာဉ်မှာ ဂျာကာတာလေဆိပ်မှ အနောက်ကာလီမန်တန်ပြည်နယ်မြို့တော် ပွန်တီယာနတ်မြို့ သို့ ပျံသန်းမှုခရီးစဉ်အမှတ် SJ182 ဖြင့် ပျံသန်းစဉ်ပျက် ကျခဲ့ခြင်း ဖြစ်သည်။ လေ ယာဉ် ပေါ် တွင် ခရီးသည် ၅၀ ဦးကျော်ပါရှိကာ ကလေးငါးဦးနှင့် အနည်းဆုံးလူကြီး ၅၃ ဦးလိုက် ပါလာကြောင်း ခရီးသည်မှတ်တမ်းများတွင် ဖေါ်ပြခဲ့သည်။လေယာဉ်ဝန်ထမ်း မည်မျှပါရှိသည်ကိုမူ တိကျစွာမသိရသေးပေ။ CNBC သတင်းဌာန၏Continue Reading

ယနေ့ဇန်နဝါရီလ ၆ ရက်နံနံက်ကရွှေပြည်သာမြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ ဘုရင့်နောင်လမ်းတွင် မသင်္ကာဖွယ်လူတစ်ဦးကို တွေ့ရှိစစ်ဆေးရာမှ အိမ်တအိမ်တွင် ပုန်းခိုနေသော တရားမဝင်ရောက်ရှိနေသည့်ဘင်္ဂါလီကျား(၂၅)ဦးနှင့် မ(၇၃) ဦးစုစုပေါင်း(၉၈)ဦးကို ဖမ်းဆီးရမိခဲ့သည်။ ဖြစ်စဉ်မှာ ဇန်နဝါရီ ၆ ရက်နံနက်၁၀:၀၀ နာရီက ဘုရင့်နောင်လမ်းပေါ်တွင် မသင်္ကာဖွယ်အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့နှင့်လူဝင်မှုကြီးကြပ်ရေးပူးပေါင်းအဖွဲ့ကမှ စစ်ဆေးခဲ့ရာ ဘင်္ဂါလီလူမျိုး လိုဘီအာလုံ(၁၉နှစ်)ဖြစ်ကြောင်းသိရသည်။ စစ်ဆေးချက်အရအခြားသူများလည်းပါကြောင်းသိရသဖြင့် နေ့လယ် ၁၃:၃၀နာရီတွင်ဆက်လက်ရှာဖွေရာ ရွှေပြည်သာမြို့အမှတ်(၂)ရပ်ကွက်ရှိ အိမ်တအိမ်မှဘင်္ဂါလီကျား(၈)ဦး၊ မ(၁၀) ဦး အမှတ်(၃)ရပ်ကွက်ရှိအိမ်တအိမ်မှ ဘင်္ဂါလီကျား(၁၇)ဦး၊ မ (၆၃) ဦးတို့ကိုဖမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိသည်။ Tomorrow News JournalContinue Reading